Wednesday, June 15, 2016

ရေနည်းချိန် ဦးပိန်တံတား လာရောက်လည်ပတ်သူများ ငှက်လှေစီးမှုနည်းပါး ဦးပိန်တံတားနောက်ခံနှင့် အမှတ်တရပုံများရိုက်ကူးမှုသာ အားထားလာ


မန္တလေးမြို့သို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များသည် တောင်သမန်အင်းနှင့် ဦးပိန်တံတားသို့ သွားရောက်လေ့ရှိသည်။ ဦးပိန်တံတားသည် နိုင်ငံတကာခရီးသွားဧည့်သည်များသာမက ပြည်တွင်းဧည့်သည်များပါ စိတ်ဝင်စားသောနေရာတစ်ခုပင်ဖြစ်သည်။
လက်ရှိကာလ တောင်သမန်အင်းအတွင်း ရေနည်းချိန်တွင် ဦးပိန်တံတားသို့ လာရောက်သူများမှာ ငှက်လှေစီးမှု နည်းပါးပြီး တံတားနောက်ခံဖြင့်အမှတ်တရပုံများ ရိုက်ကူးမှုကိုသာ အားထားလာသည်။
ယခုအခါကမ္ဘာကျော်သစ်သားတံတားကို ရှေးမူမပျက်ပြင်ဆင်ခြင်းများပြုလုပ်နေသည်ကို ဦးပိန်တံတားသို့ လာရောက်လည်ပတ်သူတိုင်း စိတ်ဝင်တစား လေ့လာကြည့်ရှုကြသည်။



Credit To >>> The Mirror Daily

0 comments:

Post a Comment