Wednesday, June 15, 2016

ရေနံဓာတ်ငွေ့ရည်သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ယာယီလိုင်စင်ခွင့်ပြုထုတ်ပေး

ကရင်ပြည်နယ် ဘားအံမြို့တွင် ရက် ၁ဝဝ စီမံချက်ဖြင့် ရေနံဓာတ်ငွေ့ရည် သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကို ဘေးအန္တရာယ်ကင်းရှင်းစွာလုပ်ကိုင်နိုင်ရန်အတွက် အသိပညာပေးရှင်းလင်းခြင်းနှင့် ယာယီလိုင်စင်ခွင့်ပြုထုတ်ပေးခြင်းကို ယနေ့ နံနက် ၁ဝ နာရီက ပြည်နယ်စိုက်ပျိုးရေးရုံး ရဲသူရခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်လျှပ်စစ်နှင့်စက်မှုဝန်ကြီးဦးစိုးလှိုင်က အဖွင့်အမှာ စကားပြောကြားပြီး မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဒုတိယလက်ထောက်ညွှန်ကြား ရေးမှူး ဦးဌေးလွင်စိုးက ရေနံဓာတ်ငွေ့ရည်ဂုဏ်သတ္တိများ၊ မြန်မာနိုင်ငံ၏ ရေနံဓာတ်ငွေ့ရည်ထုတ်လုပ်ဖြန့်ဖြူးတင်သွင်းမှု အခြေအနေ၊ လုပ်ငန်းလုပ်ကိုင် ခွင့်လိုင်စင်များ၊ မြန်မာနိုင်ငံ၏ရေနံဓာတုဗေဒလုပ်ငန်း ရက် ၁ဝဝ စီမံချက်၊ ရေနံဓာတ်ငွေ့ရည်လက်လီအရောင်းဆိုင်များအတွက် ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းများ၊ ရေနံဓာတ်ငွေ့ရည် ကိုင်တွယ်သုံးစွဲသူများ အထူးဂရုပြု လိုက်နာရမည့်အချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်အတွင်းရှိ ရေနံဓာတ်ငွေ့ရည် လက်လီအရောင်းဆိုင် လုပ်ငန်းရှင်များအား ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးသော်တာငြိမ်းနှင့် မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း (မွန်၊ ကရင်ပြည်နယ်) ရောင်းဝယ်ရေးအရာရှိ ဦးသိန်းထွေးတို့က ယာယီ လိုင်စင်များ ခွင့်ပြုထုတ်ပေးကြသည်။
ဆက်လက်၍ တက်ရောက်လာကြသော ရေနံဓာတ်ငွေ့ရည်လက်လီ အရောင်းဆိုင်လုပ်ငန်းရှင်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ရေနံ ဓာတ်ငွေ့ရည်သိုလှောင်ဖြန့်ဖြူးမှု ယာယီလိုင်စင်ကို မြို့နယ်အလိုက် ခွင့်ပြု ထုတ်ပေးခဲ့သည်။
ယခုထုတ်ပေးသည့် လိုင်စင်သည် ဒီဇင်ဘာ ၃၁ ရက်ထိသာ သက်တမ်း ရှိပြီး ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ဖြည့်တင်းပြီး ယာယီဓာတ်ငွေ့ရည် အိုးများကို သိုလှောင်ရုံနှင့် သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းအတွက် လိုင်စင် (ဃ)၊ ဖြည့်တင်းပြီး ယာယီဓာတ်ငွေ့ရည်အိုးများကို တိုက်ခန်း၊ ဆိုင်ခန်းများဖြင့် သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းအတွက် လိုင်စင်(င)တို့ကို ကွင်းဆင်းစစ်ဆေးပြီး စိစစ်ထုတ်ပေးသွားမည်ဖြစ်ကာ စည်းကမ်းချက်များနှင့် ကိုက်ညီပါက သတ်မှတ် လိုင်စင်ကြေးပေးသွင်းစေပြီး လိုင်စင်ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment