Tuesday, June 14, 2016

နိုင်ငံသားအားလုံးလုပ်ပိုင်ခွင့်ရှိသည့် အစိုးရသစ်၏ စီးပွားရေးဆိုင်ရာမူဝါဒ ယခုလအတွင်း ထုတ်ပြန်မည်


တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံ သား အားလုံး လုပ်ပိုင်ခွင့်ရှိသည့် အစိုးရသစ်၏ စီးပွားရေးဆိုင်ရာမူဝါဒကို ယခုလအတွင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဝင်း က ပြောကြား သည်။

ဇွန် ၁၃ ရက်က မြန်မာနိုင်ငံကုန်သည် ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်တွင် ကျင်းပပြုလုပ်သည့် ပြည် တွင်းလုပ်ငန်းရှင် များနှင့် တွေ့ဆုံပွဲတွင် မီဒီယာများအား ပြည်ထောင်စု ၀န်ကြီးက ပြောကြား ခဲ့ခြင်းဖြစ်ပြီး စီးပွားရေးလုပ် ငန်းများအား မိမိတို့၏ကျွမ်းကျင်မှု၊ ငွေ ကြေး အရင်းအနှီးနှင့် စွမ်းဆောင်နိုင်မှုအရ အားလုံးကို ညီမျှစွာလုပ်ကိုင်ခွင့်ပေးရန် အတွက် အစီအစဉ်များချမှတ်ထားသည် ဟုဆိုသည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း က " စီးပွားရေးမူဝါဒက လောလောဆယ် ၀န်ကြီးအနေနဲ့ ပြောလို့မရသေးဘူးဆို တာက အတည်ပြုချက်မရသေးလို့ပါ။ ဒါပေမဲ့ မကြာခင်အချိန်အတွင်းမှာ ကြေညာမှာပါ။ ဒီလအတွင်းတော့ဖြစ် မှာ ပေါ့နော်။ စီးပွားရေးမူဝါဒက နိုင်ငံသား အားလုံးစီးပွားရေးလုပ်ခွင့်ရတဲ့ စီးပွားရေး မူဝါဒဖြစ်လိမ့်မယ်။ ဒါအချုပ်ပဲ" ဟုပြော သည်။
ပြည်တွင်း၌ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုအတွက် လူ့စွမ်းအား ကာ နိုင်ငံသား များလုပ်ကိုင်လို သည့် အရည်အသွေးရှိလုပ်ငန်းများကို လုပ်ကိုင်စေခြင်းဖြင့် တိုင်းပြည် ၏ စီးပွား ရေးတိုးတက်လာစေမည်ဟု ယုံကြည် ထားကြောင်း ပြည်ထောင်စု ၀န်ကြီးက ဆိုသည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း က " မင်းက ဘာလုပ်နိုင်တယ်၊ ငါက ဘာလုပ်နိုင်တယ်။ ကဲ လုပ်ကြစို့ဟေ့ဆိုပြီး တော့လုပ်ကြ ရင် အရှေ့တောင် အာရှမှာ ကျားလည်းဖြစ်တယ်။ ဂေါ်ဇီလာလည်း ဖြစ်တယ်" ဟု ထပ်မံပြော သည်။
ပြည်တွင်း စီးပွားရေးလုပ်ငန်း များအား တစ်ဦးတစ်ယောက်၊ အဖွဲ့ အစည်းတစ်ခုမှ ချုပ်ကိုင်ထားခြင်း မပြုဘဲ လွတ်လပ်မျှတစွာဆောင် ရွက် နိုင်ခြင်းဖြင့် နယ်စပ်ဒေသ၊ ပြည်နယ်/ တိုင်းဒေသကြီးများအနေဖြင့် တန်းတူ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ် ထားကြောင်းသိရသည်။
" မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ မည်သူမဆို နိုင်ငံသားအားလုံး မိမိ တို့လုပ်ချင်တဲ့ဆန္ဒအားလုံး မိမိတို့လုပ် ချင်တဲ့ အလုပ်အားလုံး ကို ဒီကနေ့ လုပ်နိုင်အောင်လို့ကြိုးစားနေပါတယ်။ ဘယ်သူ့ဘယ်သူကိုမှ အခွင့်အလမ်း မပေးပါဘူး။ အခွင့်အရေးပဲရှိပါတယ်။ အခွင့်အလမ်းမပေးပါဘူး။ နိုင်ငံသား အားလုံးဟာ မျှတစွာနဲ့ မြန်မာနိုင်ငံ ကြီးရဲ့အရေးအခင်းကို ကျော် လွှားနိုင် စေရ မယ်။ နိုင်ငံသား အားလုံးဟာ မျှတညီညွတ်စွာ နဲ့ မြန် မာနိုင် ငံကြီး ကို တိုးတက်အောင်လို့ လုပ်ပိုင်ခွင့်ရှိနေ ရပါမယ်" ဟု ပြည်ထောင်စု ၀န်ကြီးက ဆိုသည်။
စီးပွားရေးလုပ်ငန်းရှင် ဦးရဲ မင်းအောင်က " စီးပွားရေးလုပ်ငန်း တိုင်းမှာ ယှဉ်ပြိုင်မှုက စားသုံးသူအ တွက်လည်းအကျိုးရှိ တယ်။ နိုင်ငံအ တွက်လည်းအကျိုးရှိတယ်။ စီးပွားရေး လုပ်ငန်းအတွက်လည်းအကျိုးရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ပြိုင်ဘက်ရှိနေမှ ပိုပြီး တော့တိုးတက်မှာပေါ့နော်။ တစ်နည်း အားဖြင့် ပြိုင်ဘက်ရှိနေရင် Research & Development တွေ ပိုပြီးတော့ လုပ်လာနိုင်တယ်။ ပြိုင်ဘက်ရှိနေရင် Quality ကို ပိုပြီးတော့ ဂရုစိုက် လာ နိုင်တယ်။ ပြိုင်ဘက်ရှိနေရင် ဈေးနှုန်း ကို မှန်ကန် တဲ့ဈေးနှုန်းဖြစ်အောင် လုပ်ရမယ်။ ပြိုင်ဘက်ရှိခြင်းဟာ ကောင်း ပါတယ်။ တစ်ဖက်ကလည်း ပြန်ကြည့် မယ်ဆိုရင် မိုနိုပိုလီလုပ်တဲ့ကိစ္စတွေ ကို အကာအကွယ်ပေးမယ်ဆိုတာ ကတော့ General ပြောတာပေါ့နော် ။ မြန်မာနိုင်ငံ မှာ ကိုယ်မြင် တာကတော့ စီးပွားရေးကဏ္ဍ တော်တော်များများ ဟာ မိုလိုပိုလီမရှိပါဘူး။ လုပ်နေတဲ့ သူတွေလည်း အများကြီးပဲ။ မိုလိုပို လီမရှိသလောက်ပဲ။ ဒါပေမဲ့ စော စောကပြော သလို ယှဉ်ပြိုင်မှုကို စနစ် တကျဖြစ်ဖို့ နိုင်ငံခြားက ပလေယာ တွေ ကို ပြည်တွင်း ကို ရောက်အောင် ခေါ် ဖို့ ပြည်တွင်းမှာရှိနေတဲ့ စီးပွား ရေးရပ်ဝန်းဟာ လုပ်သာကိုင်သာရှိ တဲ့ရပ်ဝန်းဖြစ်ဖို့ ဒါတွေက တစ်ဖက် ကလုပ်ရ မယ့် အနေအထားလို့မြင် တယ်။ မိုလိုပိုလီဆိုတဲ့နေရာ မှာ မြန်မာ နိုင်ငံမှာတော့ Government မိုနိုပို လီပဲရှိတယ်။ ပုဂ္ဂလိကဆက် တာမှာ တော့ မိုလိုပိုလီတော့ မရှိဘူး။ ဘာလို့ လဲဆိုတော့ ဆန်ဆိုရင် ကုမ္ပဏီ ၂၀၀ ကျော် ၃၀၀ ရှိ တယ်။ ပဲလည်း ထိုနည်း လည်းကောင်းပဲ။ တချို့လုပ် ငန်းကြီး တွေ က သူရဲ့ capital ထည့်ဝင်တာ များတဲ့အတွက် လုပ်ငန်းကြီးနေ တာ တစ်ပိုင်း၊ မိုနိုပိုလီဆိုတာ ဈေးကွက် ထဲကိုဝင်လို့ရဘူး။ ဒါပေမဲ့ Government Regulation ကြောင့် ၀င်လို့ မရဘူး။ မိုနိုပိုလီဖြစ်နေ တာပေါ့နော်။ စက်သုံးဆီတို့ဆိုရင် နိုင်ငံခြားကုမ္ပ ဏီတွေဝင်လာချင် တယ်။ မြန်မာနိုင်ငံ မှာမရှိဘူး။ ဘာဖြစ်လို့လဲ။ စွမ်းအင်ဝန် ကြီးဌာနက ပိတ်ထား တယ်။ ပြည်တွင်း မှာ စူပါမားကက်တွေ နိုင်ငံတကာ Brand တွေ၊ သက်ဆိုင်ရာဝန်ကြီးဌာန တွေက ပြည်တွင်းလုပ်ငန်းရှင်တွေကို အကာအကွယ်ပေး တဲ့ အနေနဲ့ ပိတ် ထားတဲ့အတွက်ကြောင့် မိုနိုပို လီတွေ ဖြစ်နေတာ။ မိုနိုပိုလီမဖြစ်နိုင်အောင် အစိုးရကပဲစဉ်းစားရမယ်။ ၀န်ကြီး ဌာနကလုပ်မယ်ဆိုရင်တော့ ကောင်း ပါတယ်" ဟုဆိုသည်။

Credit To >>> Democracy Today

0 comments:

Post a Comment