Sunday, June 12, 2016

နိုင်ငံပင်မစီးပွားရေးက စိုက်ပျိုးရေးကိုအခြေခံသော်လည်း မွေးမြူရေးလုပ်ငန်းကဏ္ဍတိုးတက်ရေးကိုပါပူးတွဲလုပ်ဆောင်

 
နိုင်ငံပင်မစီးပွားရေးက စိုက်ပျိုးရေးကိုအခြေခံသော်လည်း မွေးမြူရေး
လုပ်ငန်းကဏ္ဍတိုးတက်ရေးကိုပါ ပူးတွဲလုပ်ဆောင်သွားရ မယ်လို့
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီးဒေါက်တာအောင်သူကပြောဆိုပါတယ်။

မွေးမြူရေးကဏ္ဍပိုမိုတိုးတက်ဖို့ လက်တွေ့လုပ်ကိုင်ဆောင်ရွက်နေတဲ့
ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ အစိုးရ၀န်ကြီးဌာနပူးပေါင်းလုပ် ဆောင်
ရမှာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့မူဝါဒတွေထွက်ပေါ်လာဖို့ကိုလည်း ကြိုးစား
လုပ်ဆောင်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောဆိုသွား
ပါတယ်။
ဝန်ကြီးဌာနအနေနဲ့ မွေးမြူရေးလုပ်ငန်းတိုးတက်ဖို့လုပ်ဆောင်ရာမှာ
လုပ်ငန်းရှင်တွေကြုံတွေ့နေရတဲ့ မူဝါဒအခက်အခဲဖြေလျော့ ရေးကိုလုပ်
ဆောင်သလို့ အခြားလိုအပ်ချက်တွေဖြစ်တဲ့ မြေယာပိုင်ဆိုင်မှု၊ငါး၊ပုဇွန်
မွေးမြူရေးလုပ်ငန်းတွေမှာ ကြုံတွေ့နေရတဲ့ တ ရားဥပဒေစိုးမိုးမှုအားနည်း
ချက်များ၊ အစာဈေးနှုန်းကြီးမြင့်မှုနဲ့ အတိုးနှုန်းသက်သာတဲ့ချေးငွေတွေရရှိဖို့
ကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် မွေးမြူရေးထွက်ကုန်တွေတိုးတက်ဖို့ အအေးခန်းစက်ရုံတွေအခက်
အခဲဖြစ်နေတဲ့ ကုန်ကြမ်းပြဿနာနဲ့ စက်ရုံလည် ပတ်ရာမှာလိုအပ်တဲ့ လျှပ်စစ်
မီးလိုအပ်ချက်တွေကိုလည်း အခြားဆက်စပ်ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်း
ဆောင်ရွက်ပေးသွားမယ်လို့ ၀န်ကြီးကပြောဆိုပါတယ်။
ဝန်ကြီးဌာနဘက်က လုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးဖို
့ဆောင်ရွက်တဲ့နည်းတူ လုပ်ငန်းရှင်တွေဘက်က လည်း သဘာဝသယံဇာ
တမထိခိုက်စေဖို့နဲ့ အင်းအိုင်ငါးသယံဇာတထိန်းသိမ်းခြင်းလုပ်ငန်းတွေကို
ဂရုပြုလုပ်ကိုင်ကြဖို့ တိုက်တွန်း ပြောဆိုသွားပါတယ်။
စီးပွားကူးသန်းဝန်ကြီးဌာနထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၁၅-၁၆
ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရေထွက်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၄၆၉
သန်းကျော်သာရရှိခဲ့ပြီး ၂၀၁၄-၁၅ဘဏ္ဍာနှစ်တင်ပို့မှုထက် ကန်ဒေါ်လာ
၄၈ သန်းပိုမိုတင်ပို့နိုင်ခဲ့သော်လည်း ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တင်ပို့မှုထက်
ကန်ဒေါ်လာသန်း ၂၃၀ လျော့ကျနေတာဖြစ်ပါတယ်။
Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment