Sunday, June 12, 2016

ငြိမ်းချမ်းရေးရမှသာ အခြေခံဥပဒေပြင်ဆင်နိုင်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပြောကြား


ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးရရှိပြီးမှသာ အခြေခံ ဥပဒေပြင်ဆင်ရေး ပိုမိုအဆင်ပြေနိုင်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

ယနေ့ကျင်းပသော ဒုတိယအကြိမ် ပထမပုံမှန်အစည်းအဝေးအပြီးတွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍ ၎င်းက ပြောကြားလိုက် ခြင်းဖြစ်သည်။
“ အမျိုးသားသင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်နေတဲ့ အချိန် ဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။
အခြေခံဥပဒေ ပြင်ဆင်ရေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မူအရ တတိယ လုပ်ဆောင်ရမည့် နေရာတွင်ရှိနေသော် လည်း လက်ရှိလွှတ်တော်သက်တမ်းတွင် ပြင်ဆင်ရေးအတွက် ကြိုးစားလုပ်ဆောင်သွား မည်ဖြစ်ကြောင်း ၎င်းကထပ်လောင်းဆိုသည်။
လက်ရှိလွှတ်တော်တွင် ဥက္ကဋ္ဌတာဝန် ယူ၍ လုပ်ဆောင်နေရသည့်အတွက် ကျေနပ် ပျော်ရွှင်ပြီး အခက်အခဲမရှိအောင် ဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အနေဖြင့်လည်း လွှတ်တော်ကို လွှမ်းမိုးထား ခြင်းမရှိကြောင်း ၎င်းကရှင်းပြသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment