Monday, June 13, 2016

(၅၃)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတင်းမီဒီယာများတက်ရောက်နိုင်

(၅၃)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဇွန် ၂၄ ရက်မှ ဇူလိုင် ၆ ရက်အထိ ကျင်းပမည်ဖြစ်ရာ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများအနေဖြင့် ဇွန် ၂၄၊ ၂၅၊ ၂၆ ရက်တို့တွင် အဆိုပါပြပွဲသို့ ဝင်ရောက်သတင်းရယူနိုင်မည်ဖြစ်ပြီး ကျန်ရက်များတွင်မူ ပြပွဲဆိုင်ရာအချက်အလက်များနှင့် ပတ်သက်၍ ညနေ ၄ နာရီခွဲတွင် မဏိရတနာကျောက်စိမ်းခန်းမအပြင်ဘက်ရှိ နဝရတ် ကိုးသွယ်ဂိတ်၌ သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
သို့ဖြစ်၍ သတင်းတက်ရောက်ရယူလိုသည့် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများအနေဖြင့် ဝင်ခွင့်ကတ်ပြုလုပ်နိုင်ရေးအတွက် ဇွန် ၂ဝ ရက် နောက်ဆုံးထား၍ သတ်မှတ်ပုံစံဖြည့်စွက်ကာ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း ပြန်ကြားရေးဝန်ကြီးဌာန နေပြည်တော်သို့ ပေးပို့ရန်နှင့် သတ်မှတ် ပုံစံများအား မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ၊ မြန်မာနိုင်ငံ နိုင်ငံခြားသတင်း ထောက်များအသင်းတို့တွင် ရယူနိုင်ကြောင်းနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဖုန်း ဝ၆၇-၄၁၂၁၂၅၊ ဝ၆၇-၄၁၂၁၂၆ တို့သို့လည်းကောင်း၊ (၅၃)ကြိမ်မြောက် ကျောက်မျက် ရတနာပြပွဲ စီမံရေးရာကော်မတီ ဖုန်း ဝ၆၇-၄၁၄၄၉၇၊ ဝ၆၇-၄၁၄၄၉၈ တို့သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment