Saturday, June 4, 2016

ခုနောက်ပိုင်းမှာ ကမ္ဘာ့လှည့် ခရီးသည်သန်းပေါင်းများစွာ သွားရောက် မလည်ပတ်ရဲတော့တဲ့ နိုင်ငံတွေဟာ ဘယ်နိုင်ငံတွေ ဖြစ်နေမလဲ?

အရင်တုန်းကဆိုရင် အီဂျစ်ရဲ့ ပိရမစ်တွေ ရှိရာ နေရာတွေ၊ တူနီရှား
ကမ်းရိုးတန်း စတဲ့ နေရာမျိုးတွေဟာကမ္ဘာလှည့်ခရီးသွားတွေအကြိုက်
နေရာတွေဖြစ်ပါတယ်။အခုတော့ သွားရောက်လည်ပတ်ဖို့ အရေး
ကြောက်လာကြပါပြီ။ အကြောင်းကတော့ တစ်စထက်တစ်စ တိုးပွား
လာနေတဲ့ အကြမ်းဖက်မှု ဖြစ်စဉ်တွေကြောင့်ပါ။
အောက်ဖော်ပြပါ နိုင်ငံတွေကတော့ ခရီးသွားတွေ တော်တော်များများ
မလည်ပတ်ချင်ကြတဲ့နေရာတွေ ဖြစ်ပါတယ်။
အီဂျစ်
အီဂျစ်နိုင်ငံအတွက် အရေးပါတဲ့ ခရီးသွားလုပ်ငန်းရဲ့ အလားအလာတွေ
ကတော့ ယခုချိန်မှာဆိုရင်တော့ မှေးမှန်ကွယ်ပျောက်နေရပြီဖြစ်ပါတယ်။
အကြိမ်ပေါင်းမနည်းလှတဲ့ လေယာဉ် မတော်တဆမှုတွေ နဲ့ ၂၀၁၁
အာရတ်နွေဦးနောက်ပိုင်း နှစ်ကာလကြာ နိုင်ငံရေးအုံကြွမှု အခြေအ
နေတွေကြောင့် ခုလိုမျိုး ခရီးသွားတွေ လာရောက်လည်ပတ်ဖို့ မရဲဘဲ
ဖြစ်နေခဲ့ရပါပြီ။
လွန်ခဲ့တဲ့ ၂၀၁၀ တုန်းကတော့ ယင်းနိုင်ငံမှာ လာရောက်တဲ့ ခရီးသွားဦးရေ
ဟာ ၁၄ သန်းအထိ အမြင့်ဆုံး ရှိခဲ့ပြီးကာမှ ယမန်နှစ်ကတော့ ၉ သန်းလောက်အထိကို ကျဆင်းထားခဲ့ရပါပြီ။ ကုလသမဂ္ဂရဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်း
အဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်တွေအရ သိရတာဖြစ်ပါတယ်။
ယခု ၂၀၁၆ မှာလည်း အီဂျစ်ကို လာရောက်လည်ပတ်တဲ့ ခရီးသွားဦးရေဟာ
ဆက်လက်ကျဆင်းနေဦးမယ်လို့ မျှော်မှန်းရပါတယ်။ ယခုနှစ် ရဲ့ ပထမသုံး
လပတ်မှာကတည်းက နိုင်ငံကို လာရောက်တဲ့ နိုင်ငံတကာ ခရီးသွားဦးရေပိုင်း
မှာ ယခင်နှစ် အလားတူ ကာလနဲ့ နှိုင်းယှဉ်ရင် ၄၆ ရာခိုင်နှုန်းထိ ကျဆင်းထား
ခဲ့တယ်လို့ ဈေးကွက်သုတေသန လုပ်ငန်းကုမ္ပဏီ Euromonitor International က ပြောပါတယ်။
တူနီးရှား
လစ်ဗျားနဲ့ အာဖရိက မြောက်ပိုင်းက အယ်လ်ဂျီယားနိုင်ငံတွေအလယ်မှာ
ရှိနေတဲ့ ဒီ နိုင်ငံသေးလေးမှာလည်း ယခုနှစ် ပထမသုံးလပတ်မှာ နိုင်ငံတကာ
ခရီးသွားဧည့်သည် လာရောက်မှု ၂၀ ရာခိုင်နှုန်း နီးပါး ကျဆင်းထားခဲ့တာပါ။
ကမ္ဘာ့လှည့်ခရီးသွားတွေကိုမှ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ ထိတ်လန့်ဖွယ်ရာ
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေ ဖြစ်ထားခဲ့လို့ ယခုလို ခရီးသွားတွေ
ကြောက်လန့်နေခဲ့တာဖြစ်ပါတယ်။
ယင်းနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်နှစ်ခုစလုံးကို လုပ်ဆောင်ခဲ့တာလို့လည်း အိုင်အက်စ် အကြမ်းဖက်အုပ်စုက ထုတ်ပြောထားပါတယ်။
၂၀၁၅ မတ်လမှာ ဖြစ်ပွားခဲ့တဲ့ ပထမအကြမ်းဖက်မှာ မြို့တော်ရဲ့ ဗဟိုချက်မှာ
တည်ရှိတဲ့ ကျော်ကြားတဲ့ ပြတိုက်တစ်ခုမှာ ခရီးသွားတွေကို သေနတ်
သမားတွေကို ပစ်ခတ်သွားခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ဇွန်လမှာ ဖြစ်ပွားခဲ့တဲ့ 
နောက်ထပ် အကြမ်းဖက်မှုမှာတော့ သေနတ်သမားတွေဟာ ကမ်းခြေမှာ
နေပူစာလှုံနေတဲ့ ခရီးသွားတွေကို တရစပ် ပစ်ခတ်ခဲ့တာကြောင့် ဗြိတိန်နိုင်ငံသားအများစုအပါအ၀င် လူပေါင်း ၃၈ ဦး သေဆုံးခဲ့ရပါတယ်။
ခုလိုမျိုး ယင်းနိုင်ငံမှာ ခရီးသွားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ အကြမ်း
ဖက်မှုတွေဖြစ်ထားတာကြောင့် နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ပြန်ကောင်းဖို့ဆိုရင်
အနည်းဆုံး အချိန်နှစ်နှစ်လောက် ယူရလိမ့်မယ်လို့ ကမ္ဘာ့ ခရီးသွားလုပ်ငန်း
ကောင်စီက ပြောပါတယ်။
တူရကီ
တူရကီဟာဆိုရင် ကမ္ဘာပေါ်မှာ ခရီးသွားတွေ သွားရောက်လည်ပတ်မှု
အများဆုံး နိုင်ငံတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ မနှစ်တုန်းကဆိုရင် ခရီးသွား
သန်း ၄၀ ကျော် လာရောက်ခဲ့တယ်လို့လည်း ကုလသမဂ္ဂ ခရီးသွားလုပ်ငန်း
အဖွဲ့ကြီးရဲ့ အချက်အလက်တွေက ဖော်ပြနေပါတယ်။
ဒါပေမယ့်လည်း ယခုနှစ်မှာတော့ ယင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမှာ ပြဿနာတွေနဲ့
ရင်ဆိုင်နေရပြီပဲဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေ၊ ရုရှ နဲ့ နိုင်ငံရေး တင်းမာမှု
တွေကြောင့် ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်လာနိုင်ဖို့ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ရုရှ စစ်လေယာဉ်တစ်စီးကို တူရကီက ပစ်ချ
လိုက်ပြီးကတည်းက ရုရှဘက်က တူရကီနိုင်ငံဆီကို ခရီးသွားတွေကို
မလွှတ်တော့တဲ့အထိ ဖြစ်လာခဲ့ရပါတယ်။ တူရကီရဲ့ ခရီးသွားလုပ်ငန်းမှာ
ဆိုရင် ရုရှဟာ ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်ခဲ့ရာကနေ ခုဆိုရင်တော့
နိုင်ငံရေးတင်းမာမှုတွေကြောင့် ရုရှဘက်က ခရီးသွားတွေ စေလွှတ်ဖို့ကို
တားမြစ်မှုတွေ ပြုလုပ်နေခဲ့ပါပြီ။
ရုရှ သမ္မတ ဗလာဒီမာ ပူတင်ကလည်း ရုရှ နိုင်ငံသားတွေ တူရကီကို
သွားမလည်ဖို့ တိုက်တွန်းခဲ့သလို ရုရှ ခရီးသွားလုပ်ငန်း အေဂျင်စီကလည်း
အေးဂျင့်တွေကို တူရကီသွားမယ့် ခရီးစဉ်တွေ မရောင်းဖို့ ညွှန်ကြားထားခဲ့ပါ
တယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment