ပစိဖိတ် သမုဒ္ဒရာ အနောက်ပိုင်း ရေပြင်တွင် အမေရိကန် လေယာဉ်တင် သင်္ဘောတစ်စီးကို တရုတ် သင်္ဘော တစ်စီးက ခြေရာခံ လိုက်ပါခဲ့ကြောင်း သိရသည်။
တောင်တရုတ်ပင်လယ် ပတ်ဝန်းကျင် တဝိုက်တွင် လုံခြုံရေး ကင်းလှည့်တာဝန် ယူထားသည့် USS John C. Stennis လေယာဉ်တင် သင်္ဘောကြီးသည် အခြံအရံ တိုက်ရေယာဉ်များနှင့်အတူ ခုတ်မောင်းနေစဉ် တရုတ်ရေယာဉ် တစ်စီးက ချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က USS John C. Stennis အနီးတွင် အမေရိကန် ရေတပ်နှင့် ပူးပေါင်း စစ်ရေးလေ့ကျင့်နေသည့် ဂျပန်နှင့် အိန္ဒိယ စစ်သင်္ဘောများလည်း ရှိနေကြောင်း Reutersက ဖော်ပြခဲ့သည်။
တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်နှင့် တရုတ်ရေတပ်များ ကမ္ဘာ့အရှေ့ခြမ်းတွင် ပြိုင်ဆိုင်မှု အားကောင်းနေချိန်တွင် တရုတ်ရေယာဉ်တစ်စီးက အမေရိကန်၏ အထင်ကရ
လေယာဉ်တင် သင်္ဘောကြီး အနီးထိ ကပ်၍ ခုတ်မောင်းခဲ့ခြင်း ဖြစ်သည်။ USS John C. Stennisသည် တရုတ်က ၎င်းတို့ပိုင်နက်အဖြစ် ကြေညာ သိမ်းယူထားရာ သန္တာကျောက်တန်းများ အနီးထိ ချဉ်းကပ်ပြီး
နိုင်ငံတကာ ရေပိုင်နက်အဖြစ် သဘောထား သွားလာခဲ့ဖူးရာ ယင်းသည် ရန်စမှု တစ်ခုအဖြစ် တရုတ်ဘက်က စွပ်စွဲခဲ့သည်။
လေယာဉ်တင် သင်္ဘောကြီး အနီးထိ ကပ်၍ ခုတ်မောင်းခဲ့ခြင်း ဖြစ်သည်။ USS John C. Stennisသည် တရုတ်က ၎င်းတို့ပိုင်နက်အဖြစ် ကြေညာ သိမ်းယူထားရာ သန္တာကျောက်တန်းများ အနီးထိ ချဉ်းကပ်ပြီး
နိုင်ငံတကာ ရေပိုင်နက်အဖြစ် သဘောထား သွားလာခဲ့ဖူးရာ ယင်းသည် ရန်စမှု တစ်ခုအဖြစ် တရုတ်ဘက်က စွပ်စွဲခဲ့သည်။
တရုတ်သည် တောင်တရုတ်ပင်လယ် တစ်ခုလုံးကို ၎င်းတို့ပိုင်နက်ဟု ကြေညာထားသော်လည်း အမေရိကန်ကမူ လွတ်လပ်စွာ ရွက်လွှင့်သွားလာနိုင်သည့် နိုင်ငံတကာ ရေပိုင်နက်အဖြစ်သာ သဘောထား သတ်မှတ်ထားသည်။ ပင်တဂွန် စစ်ဌာနချုပ် တာဝန်ရှိသူများက ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တရုတ်ရေယာဉ်နှင့် လေယာဉ်များက အမေရိကန် ရေတပ်ကို နှောင့်ယှက်သည့် လုပ်ရပ်များ ပိုမိုတိုးပွားလာမှုကို စိုးရိမ်ကြောင်း ပြောကြားထားသည်။
ဂျပန်အစိုးရကလည်း တရုတ်၏ ဒွန်ဒါအို အမျိုးအစား ထောက်လှမ်းရေး သင်္ဘောတစ်စီး ဂျပန်ကမ်းလွန် ရေပြင်တွင် ပေါ်ပေါ်ထင်ထင် သွားလာနေခဲ့ခြင်းနှင့် ပတ်သက်၍ တရုတ်၏ စစ်ရေးလှုပ်ရှားမှုများကို သတိကြီးစွာ
စောင့်ကြည့်နေကြောင်း ပြောကြားထားသည်။
စောင့်ကြည့်နေကြောင်း ပြောကြားထားသည်။
Credit To>>> 7 Day Daily
0 comments:
Post a Comment