Tuesday, June 28, 2016

"ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုထူထောင်ရန်သာ အစိုးရ ရည်ရွယ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား "


အစိုးရ၏ ရည်ရွယ်ချက်မှာ စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန်ဖြစ်ပြီး ယင်းရည်ရွယ်ချက်နောက်ကွယ်တွင် ကွယ်ဝှက်ထားသည့် ကိစ္စရပ်လုံးဝမရှိကြောင်း နိင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အာင်ဆန်းစုကြည်နှင့် အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ရေးထိုးထားသည့် တိုင်းရင်းသားခေါင်းဆောင်များ ပထမဆုံးအကြိမ် တွေ့ဆုံပွဲအစည်းအဝေးကို ယနေ့(ဇွန်လ ၂၈ ရက်)နံနက်၁၀နာရီတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် ပြုလုပ်ခဲ့ရာ အထက်ပါအတိုင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment