Wednesday, June 15, 2016

လေထု ညစ်ညမ်းမှုကြောင့် ကမ္ဘာ့စီးပွားရေးမှာ အကြီးအကျယ် ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ သုတေသနတစ်ခုက ဆို

ကမ္ဘာ့  စီးပွားရေး ပိုင်းမှာ လေထုညစ်ညမ်းမှု ပြဿာနာကြောင့် ကြီးကြီး
မားမား ကျခံကုန်ကျပေးရနိုင်တယ်ဆိုပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့
ဖွံ့ဖြိုးရေးဆိုင်ရာ အဖွဲ့အစည်း OECD က လုပ်ဆောင်တဲ့သုတေသနတစ်ရပ်က ဖော်ညွှန်းပြသနေတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
လာမယ့် ၂၀၆၀ ပြည့်နှစ် မတိုင်ခင် တစ်နှစ် တစ်နှစ်ကို လေထုညစ်ညမ်း
မှုကြောင့် ကမ္ဘာ့စီးပွားရေးပိုင်းမှာ ဒေါ်လာ ၂ ဒသမ ၆ ထရီလီယံထိ
ကျခံကုန်ကျပေးရစရာ ရှိနိုင်တယ်လို့ OECD အဖွဲ့က လုပ်ဆောင်ခဲ့တဲ့
အထက်ပါ သုတေသနမှာ ဖော်ပြထားပါတယ်။
အလားတူ ၂၀၆၀ မတိုင်ခင် နှစ်စဉ်နှစ်တိုင်း လူပေါင်းခြောက်သန်းနဲ့
ကိုးသန်းအကြား လေထုညစ်ညမ်းမှုကြောင့် အချိန်မတိုင်ခင် သေဆုံးရနိုင်
တယ်လို့ ယင်းလေ့လာချက်အရ သိရပါတယ်။
ယခု လေ့လာချက်အရ လေထုညစ်ညမ်းမှုက ကမ္ဘာ့နိုင်ငံတွေရဲ့ ကျန်း
မာရေးစောင့်ရှောက်မှု၊ လုပ်ငန်းခွင်ထိန်းသိမ်းဆောာင်ရွက်မှုနဲ့ သီးနှံ
စိုက်ပျိုးမှုပိုင်းစတဲ့ ကဏ္ဍတွေအပေါ်မှာ ကုန်ကျစရိတ်တွေ တိုးပွားစေနိုင်
တယ်လို့ ဆိုထားပါတယ်။
" လေထုညစ်ညမ်းမှုကြောင့် လူ့အသက်ပေါင်းများစွာ သေကျေပျက်စီးနေ
ရတာက အလွန်ကိုပဲ ကြောက်စရာကောင်းနေပါပြီ၊ လာမယ့် ဆယ်စုနှစ်
တွေမှာလည်း ဒီထက်ပိုဆိုးလာဖို့ ရှိနေပါတယ်၊ တကယ်လို့များ ခုချိန်မှာ
တက်တက်ကြွကြွနဲ့ အချိန်မီ မတားဆီးနိုင်ဘူး ဆိုရင်တော့ ကမ္ဘာ့စီးပွားရေးဟာ ဒီလေထုညစ်ညမ်းမှုကြောင့်ပဲ အကြီးအကျယ် ထိခိုက်ဆုံးရှုံးရဖို့ ရှိ
နေပါတယ်" ဆိုပြီး OECD ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဒါရိုက်တာ
Simon Upton က ပြောသွားပါတယ်။
တစ်ချိန်တည်းမှာပဲ ဓါတ်အားပေးစက်ရုံတွေကနေ ထုတ်လွှတ်မှုတွေ၊
ယာဉ်တွေကနေ မီးခိုးငွေ့ ထွက်ရှိမှုနဲ့ အကြီးအကျယ် လူနေထူထပ်တဲ့
မြို့တွေ ရှိရာ အိန္ဒိယ၊ တရုတ်၊ ကိုရီးယားနဲ့ ဥဇဘက်ကစ္စတန် နိုင်ငံတွေ
မှာတော့ ပိုမိုထိခိုက်ခံစားရဖို့ရှိနေတယ်လို့ ယခု လေ့လာချက်မှာ
ဖော်ပြထားပါတယ်။
Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment