Tuesday, June 28, 2016

အီရန်က စပိန် ကို တစ်နေ့ ရေနံစည်ပေါင်း ၁ သန်းထိ တိုးမြင့်ရောင်းချ

အနောက်အုပ်စုရဲ့ အရေးယူပိတ်ဆို့မှုတွေ ပယ်ဖျက်ခံထားရပြီးတဲ့
နောက်ပိုင်း ရေနံထုတ် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အီရန်အနေနဲ့ ယင်းရဲ့
ရေနံထုတ်လုပ်တင်ပို့မှုတွေကို တိုးမြင့်နိုင်ဖို့ ကြိုးပမ်းလာနေရာမှာတော့
ယခုအခါ စပိန်နိုင်ငံကို ရေနံတင်ပို့မှု နှစ်ဆ တိုးမြင့်သွားဖို့ စီစဉ်နေတယ်
လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အီရန် တာဝန်ရှိသူတွေနဲ့ စပိန်စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Repsol S.A
ကုမ္ပဏီတို့ဟာ အထက်ပါအတိုင်း ရေနံကို ယခင်ထက်နှစ်ဆတိုးမြင့်
ဝယ်ယူရောင်းချမယ့် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့
တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ လာမယ့် ဇူလိုင်လက
နေစပြီးတော့ Repsol ကုမ္ပဏီကို အီရန်ဆီကနေ ရေနံစည် ၁ သန်း
ဝယ်ယူခွင့်ပြုလိုက်ပြီဖြစ်တယ်လို့လည်းသိရပါတယ်။
လက်ရှိအချိန်မှာဆိုရင်လည်း အီရန် နိုင်ငံရဲ့ ရေနံတင်ပို့မှုဟာ ယခင်
အရေးယူပိတ်ဆို့မှု ကာလမတိုင်ခင်က ရောက်ရှိထားခဲ့တဲ့ အမြင့်ဆုံး
နှုန်းထားအဆင့်ဖြစ်တဲ့ တစ်နေ့ကို စည်ပေါင်း ၂ ဒသမ ၅ သန်း အထိ
မှီဖို့ နီးစပ်လာနေပြီလို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ်လာတဲ့ ဈေးကွက်အချက်အလက်တွေအရ
ဧပြီလတုန်းက အီရန် ရဲ့ ရေနံတင်ပို့မှုက လေးနှစ်တာအတွင်း အမြင့်ဆုံး
နှုန်းကို ရောက်ရှိသွားခဲ့ပြီးတော့ အရေးယူပိတ်ဆို့မှုတွေကြောင့် ဆုံးရှုံး
ထားခဲ့ရတဲ့ ဈေးကွက်ဝေစုတွေကို ပြန်ရနေပြီလို့လည်း ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ အီရန် နိုင်ငံအနေနဲ့ အဓိကအားဖြင့် ဥရောပဒေသက
ရေနံကုမ္မဏီတွေကို ယင်းရဲ့ ရေနံတွေ တင်ပို့ရောင်းချနိုင်ဖို့ သဘော
တူညီချက်တွေ လက်မှတ်ရေးထိုးထားနိုင်ခဲ့တယ်ဆိုပြီးတော့လည်း
အီရန်အမျိုးသား ရေနံကုမ္ပဏီ NIOC ကလည်း ထုတ်ဖော်ပြောကြား
ထားခဲ့ပါတယ်။
Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment