Monday, August 19, 2013

Ooredoo ကုမ္ပဏီမှ ၀န်ထမ်းပေါင်း သုံးသောင်းကျော်အထိ အလုပ်ခန့်မည်



ကာတာအခြေစိုက် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီမှ ၀န်ထမ်းများ စတင်ခေါ်ယူနေပြီး ၀န်ထမ်းပေါင်း သုံးသောင်းကျော်အထိ အလုပ်ခန့်ထားမည်ဖြစ်ကြောင်း Ooredoo မြန်မာနိုင်ငံမှ အကြီးတန်းကိုယ်စားလှယ် အရာရှိ Mr. Ross Cormack ၏ ပြောကြားချက်အရ သိရသည်။
"Ooredoo အနေနဲ့ ဒေသခံ ပြည်သူတွေကို ၀န်ထမ်းအဖြစ် ခန့်အပ်သွားဖို့ အပြည့်အ၀ ယုံကြည်မှု ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အတော်ဆုံး ၀န်ထမ်းတွေကို ရွေးချယ်ခန့်အပ်ပြီး အကောင်းဆုံး ၀န်ဆောင်မှု ပေးသွားမှာ ဖြစ်ပါတယ်။
ခန့်အပ်ထားတဲ့ ၀န်ထမ်းတွေကို ကာတာမှာရှိတဲ့ Ooredoo ရုံးချုပ်ကိုပို့ပြီး ဆက်သွယ်ရေး လုပ်ငန်းနဲ့ ပတ်သက်တဲ့ သင်တန်းတွေ ပို့ချပေးသွားမယ်။ နောက်ပြီး ကျွန်တော်တို့အနေနဲ့ ၀န်ထမ်းတွေကို လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုနဲ့ အတတ်ပညာတွေကို သေသေချာချာ လွှဲပြောင်းပေးသွားမှာပါ" ဟု သြဂုတ် ၁၆ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် Ooredoo မြန်မာနိုင်ငံမှ အကြီးတန်း ကိုယ်စားလှယ် အရာရှိ Mr. Ross Cormack က ပြောကြားသည်။
Ooredoo ဆက်သွယ်ရေး ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်လိုသူများ အနေဖြင့် OoredoowebsiteMyanmarcareers@Ooredoo.com သို့ လျှောက်ထားနိုင်သည့်အပြင် www.facebook.com\ooredoomyanmar နှင့် www.linkedin .com/company/ooredoomyanmar စသည့်တို့တွင် အလုပ်လျှောက်ထားနိုင်ကြောင်း သိရသည်။
မြန်မာအလုပ်သမား ၉၉ ရာခိုင်နှုန်းကျော်အထိ Ooredoo ဆက်သွယ်ရေး ကုမ္ပဏီတွင် အလုပ်ခန့်ထား သွားမည်ဖြစ်ကြောင်း သိရသည်။
ဝန်ထမ်းများ၏ လစာကို မြန်မာကျပ်ငွေဖြင့်သာ ပေးအပ် သွားမည် ဖြစ်ကြောင်းလည်း Ooredoo မြန်မာနိုင်ငံမှ အကြီးတန်း ကိုယ်စားလှယ်အရာရှိ Mr. Ross Cormack က အတည်ပြုပြောကြားသည်။

Eleven Media Group








0 comments:

Post a Comment