၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်အတွက် မန္တလေးတိုင်းဒေသ ကြီး လျှပ်စစ်၊ စွမ်းအင်နှင့်ဆောက် လုပ်ရေးဝန်ကြီးဌာန လက် အောက်ရှိ ဌာန ၁၇ ခုအတွက် တည်ဆောက်ရေးလုပ်ငန်းများ တွင် သုံးစွဲရန် ကျပ်သန်း ၅၄,၄၀၀ ကျော်ရရှိခဲ့ပြီး ယင်းငွေကြေးများ ဖြင့်တည်ဆောက်မည့် လုပ်ငန်း များကို တင်ဒါစနစ်ဖြင့် စနစ်တ ကျ စိစစ်ခွင့်ပြုခဲ့ရာ ကျပ်သန်း လေးထောင်ခန့် ပိုလျှံငွေရရှိခဲ့ သည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာ နည်အောင်က ပြောသည်။
‘‘အဓိကကတော့ တင်ဒါ တွေကို ပွင့်လင်းမြင်သာမှု ရှိ အောင်လုပ်တာနဲ့ အဂတိလိုက် စားမှုကင်းအောင် လုပ်ဆောင်ခဲ့ တာကြောင့်ဖြစ်ပါတယ်။ တည် ဆောက်ရေးလုပ်ငန်းတွေအတွက် ဘတ်ဂျက်ခွင့်ပြုငွေက တစ်နှစ် လောက် ကြိုတင်ခန့်မှန်းလျာထား တာဖြစ်တဲ့အတွက် စနစ်တကျစိ စစ်လိုက်တဲ့အခါမှာ ခန့်မှန်းသ လောက် မကုန်ဘဲနဲ့ ပိုလျှံတာတွေ ရှိလာတာဖြစ်ပါတယ်’’ဟု ဦးဇာ နည်အောင်က ပြောသည်။
ယခင်အစိုးရအဆက်ဆက် တွင် အစိုးရဘဏ္ဍာငွေဖြင့် လုပ် ဆောင်သည့် တည်ဆောက်ရေး လုပ်ငန်းများအား တင်ဒါပေးရာ ခွင့်ပြုဘဏ္ဍာ ရန်ပုံငွေအတိုင်း ချ ထားပေး၍ နိုင်ငံ့ဘဏ္ဍာများ အ လေအလွင့်ရှိခဲ့သည်ဟု ဆိုသည်။ ၎င်းတို့ ဦးဆောင်သည့် အစိုးရ လက်ထက်တွင်မူ တိုင်းပြည်၏ တည်ဆောက်ရေးလုပ်ငန်းများအ တွက် နိုင်ငံတော်၏ ဘဏ္ဍာငွေ များသုံးစွဲရာတွင် အလေအလွင့်မ ရှိစေရန် ဂရုစိုက်ချွေတာစိစစ်သုံး စွဲနေပြီး သတ်မှတ်သည့် စံချိန်စံ ညွှန်းမီရန်လည်း အလေးထား ဆောင်ရွက်နေသည်ဟု ၎င်းကဆိုသည်။‘‘ယခင်ကတော့ တင်ဒါလုပ် ငန်းတွေကို ခွင့်ပြုရန်ပုံငွေ ဘယ် လောက်ရသလဲဆိုတာ အရင်စုံ စမ်းပြီးမှ ကုမ္ပဏီတွေက တင်ဒါ ပြိုင်ကြတာဖြစ်တယ်။ အခုတော့ အဲဒီလိုမလုပ်တော့ဘူး’’ဟု ဦးဇာ နည်အောင်က ပြောသည်။
မန္တလေးတိုင်းအစိုးရအဖွဲ့ သစ် တာဝန်ယူပြီးနောက် တင်ဒါ လုပ်ငန်းများစိစစ်ရေးကော်မတီ ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီက တိုင်းဒေသကြီးအတွင်း လုပ် ဆောင်မည့် ကျပ်သိန်း တစ်ရာအ ထက် တည်ဆောက်ရေးလုပ်ငန်း များအားလုံး၏ တင်ဒါများကို ကိုင်တွယ်စိစစ်ကြောင်း မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ တာ ၀န်ရှိသူများက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအ တွင်း အစိုးရရန်ပုံငွေဖြင့် ဆောင် ရွက်သည့်ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများအား ယခင်ကကဲ့သို့ နီး စပ်သည့်ကုမ္ပဏီများကို လုပ်ကိုင် ခွင့်ပေးအပ်ခြင်းမျိုးမဟုတ်တော့ ဘဲ တင်ဒါစနစ်ဖြင့် ပွင့်လင်းမြင် သာစွာ ရွေးချယ်လုပ်ကိုင်ခွင့်ပြုနေ သည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က ပြော ကြားထားသည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment