Monday, June 20, 2016

သိမ်းဆည်းမြေအတွက် မြေလျော်ကြေးပေးအပ်

ရခိုင်ပြည်နယ် စစ်တွေမြို့ မိဇံရပ်ကွက် ကမ်းနားလမ်းနှင့်ကျေးပင်ကြီးရပ်ကွက်
ရှိ မြေများအား မြို့သန့်ရှင်းသာယာလှပ ရေးနှင့် စည်ပင်ဈေးသစ် ဆောက်လုပ်
ရန်အတွက် သိမ်းဆည်းမြေများကို အိမ်နှင့်မြေ ဧရိယာဆုံးရှုံးသူ ၁၉ ဦးထံသို့ မြေလျော်ကြေးပေးအပ်ပွဲကို မင်းသူရိယ ခန်းမ၌ ဇွန် ၁၇ ရက် နံနက် ၈ နာရီကပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားရှင်းလင်းရာတွင် သိမ်းဆည်းမြေများအနက် ဒေါ်သာနုမေ အပါအဝင် ငါးဦးတင်ပြထားသော စစ်တွေမြို့ မိဇံ
ရပ်ကွက် ကမ်းနားလမ်းတွင်ရှိသော အကွက်အမှတ်(၃၆)အား ၁၉၉၂ ခုနှစ်
တွင် မြို့ရွာသန့်ရှင်းသာယာလှပရေးအတွက် ဒေသအာဏာပိုင်များက သိမ်း
ဆည်းခဲ့သော မြေနေရာအားလည်း ကောင်း၊ ဦးသာအေးအပါအဝင် ၁၄ ဦး
တင်ပြထားသော စစ်တွေမြို့ ကျေး ပင်ကြီးရပ်ကွက် အကွက်အမှတ်
(၃၆) နှင့် အကွက် အမှတ်(၃၈)တို့အား ၁၉၉၆ ခုနှစ်တွင် ခေတ်မီနှစ်ထပ်ဈေး
သစ်ဆောက်လုပ်ရန်အတွက် သိမ်းဆည်းထားမှုများနှင့် ပတ်သက်၍ နစ်နာ
သူများအား လျော်ကြေးငွေများ ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား
ခဲ့သည်။
လျော်ကြေးငွေများ ပေးအပ်ရာတွင်လည်း လက်ရှိကာလပေါက်ဈေး မြေတန်
ဖိုးတွက်ချက်မှုနှင့်အတူ ဒေါ်သာနုမေအပါအဝင်ငါးဦး၏ မြေဧရိယာ သုည
ဒသမ ၄၈၂ ဧကအတွက်ငွေကျပ် ၂၉၃ ဒသမ ၉၄ သန်း၊ ဦးသာအေးအပါအဝင် ၁၄ ဦး၏အိမ်နှင့် မြေဧရိယာ သုည ဒသမ ၃၂၃ ဧကအတွက် ငွေကျပ် ၇ဝ၈ ဒသမ ၇၁ သန်းစုစုပေါင်းငွေကျပ် ၁ဝဝ၂ ဒသမ ၆၅ သန်းကို ၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာရေးနှစ်ပြည်နယ်အစိုးရအဖွဲ့ မူလခွင့်ပြုရန်ပုံ ငွေတွင်ထည့်သွင်းရေးဆွဲခဲ့ပြီး ပေးအပ်ခဲ့ ခြင်းဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။
ဆက်လက်၍ မြို့သန့်ရှင်းသာယာလှပရေးနှင့် စည်ပင်ဈေးသစ်ဆောက်
လုပ်ရန်အတွက် မြေနေရာသိမ်းဆည်းခဲ့မှုများတွင် အိမ်နှင့်မြေဧရိယာ ဆုံးရှုံးသူ
များ နစ်နာမှုမရှိစေရေးအတွက် မြေလျော်ကြေး လက်ခံရယူရန်သဘောတူ
သူ စစ်တွေမြို့ မိဇံရပ်ကွက်နေ ဒေါ်သာနုမေအပါအဝင်ငါးဦးနှင့် ကျေးပင်ကြီးရပ်ကွက်နေ ဦးသာအေးအပါအဝင် ၁၄ ဦး စုစုပေါင်း ၁၉ ဦးအား မြေလျော်ကြေး ပေးအပ်ခဲ့သည်။
ယင်းနောက် စည်ပင်သာယာရေးဝန်ကြီးက ပြည်နယ်အစိုးရအနေနဲ့ ပြည်သူကိုဗဟိုပြုပြီး ပြည်သူများ၏ လိုအပ်ချက်၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက် လျက်ရှိပြီး ပြည်သူများ၏ နစ်နာမှုများ ကိုလည်း ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တတ်နိုင်သောဘက်မှ အစွမ်းကုန်ကူညီ ဖြည့်ဆည်းဆောင်ရွက်ရန်ရှိကြောင်းနှင့်ပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။
ယင်းနောက် စစ်တွေခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်က မြေလျော်ကြေးပေးအပ်ခြင်းကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လျော်ကြေးငွေပေးအပ် ခြင်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က အသီးသီးပေးအပ်ခဲ့သည်။
ယင်းနောက် မြေယာလျော်ကြေး လက်ခံရယူသူများကိုယ်စား ကိုယ်စား လှယ်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment