Monday, June 20, 2016

ရုရှားတောင်ပိုင်းတွင် ရုရှားတပ်ဖွဲ့ဝင်များနှင့် စစ်သွေးကြွများ တိုက်ခိုက် တပ်ဖွဲ့ဝင်လေးဦးနှင့် စစ်သွေးကြွခြောက်ဦး သေဆုံး

မြောက်ကော့ကေးဆပ်ဒေသရှိ ဒါဂျက်စတန်တွင် ရုရှားအထူးတပ်ဖွဲ့ဝင်များနှင့်စစ်သွေးကြွများ၏တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ ရုရှားအထူးတပ်ဖွဲ့မှ တပ်သားလေးဦးနှင့် စစ်သွေးကြွ ခြောက်ဦးတို့သေဆုံးခဲ့ကြောင်း အင်တာဖက်စ်သတင်းဌာနက ဒါဂျက်စတန်ရဲတပ်ဖွဲ့၏သတင်းကို ကောက်နုတ်ဖော်ပြသည်။

ဒါဂျက်စတန်တွင် ဆင်းရဲမွဲတေမှုနှင့် အကျင့်ပျက်ခြစားမှုများက အစ္စလာမ္မစ် အစွန်းရောက်ဝါဒကို အားဖြည့်ပေးနေကြောင်း ရုရှားအစိုးရအား ဝေဖန်သူများက ပြောကြားသည်။ ယင်းဒေသတွင် သေနတ်ဖြင့် ပစ်ခတ်မှုများ၊ ကားဗုံးထောင်ဖောက်ခွဲမှုများ မကြာ ခဏဖြစ်ပွားလျက်ရှိသည်။ ယခုနှစ်ဖေဖော်ဝါရီလအတွင်းက အသေခံကားဗုံးဖောက်ခွဲတိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးခဲ့ပြီး ယင်းဗုံးဖောက်ခွဲမှုကို ၎င်းတို့ ပြုလုပ်ကြောင်း အိုင်အက်စ်အဖွဲ့က ကြေညာခဲ့သည်။
ရုရှားတပ်ဖွဲ့ဝင်ခြောက်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ကုသမှုများခံယူ လျက်ရှိပြီး ယင်းတို့ထဲမှ နှစ်ဦးမှာ ရုရှားအထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ဖြစ်သည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment