Wednesday, June 29, 2016

ထိုင်းကာကွယ်ရေးဝန်ကြီး မြန်မာနိုင်ငံသို့လာမည်

Thai-DefenceMinister
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝတ်ဝေါင် ဆုဝန်သည် မြန်မာနိုင်ငံ သို့ နှစ်ရက် ကြာ လာရောက်မည်ဖြစ်ကြောင်း The Nation သတင်းအရ သိရ သည်။
ပရာဝတ်သည် မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ ဖိတ် ကြားချက်အရ လာရောက်ခြင်းဖြစ်ပြီး ဇွန် ၂၉ ရက်တွင် မြန်မာနိုင်ငံ သို့ ရောက် ရှိမည်ဖြစ် သည်။
ပရာဝတ်သည် မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး လုံခြုံရေး နှင့် နှစ်နိုင်ငံ တပ်မတော်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး တို့အတွက် ဆွေးနွေး သွားမည်ဖြစ်ကြောင်းသိရသည်။
ခရီးစဉ်အတွင်း ပရာဝတ်သည် သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏
အတိုင် ပင် ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့ နှင့် လည်း တွေ့ ဆုံ သွားမည်ဖြစ် ကြောင်း သိရသည်။

‪Credit To >>> ‎Democracy Today‬

0 comments:

Post a Comment