Friday, June 3, 2016

AsiaSet နဲ့ KBZ တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ မြန်နှုန်းမြင့် အီလက်ထရောနစ် ဆက်သွယ်မှုစနစ် ရရှိအောင်လုပ်ဆောင်မည်


ဟောင်ကောင်အခြေစိုက် စီးပွားဖြစ် ဆက်သွယ်ရေးဂြိုဟ်တု ၀န်ဆောင်မှု
လုပ်ငန်း ကုမ္ပဏီ Asia Satellite Telecommunications Co ltd နဲ့ KBZ
တို့ အကျိုးတူ ပူးပေါင်းပြီးတော့ နိုင်ငံမှာ မြန်နှုန်းမြင့် ဆက်သွယ်မှု စနစ်ကို
ထူထောင်မည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။ " မြန်မာနိုင်ငံကဒေသတွင်းမှာ တိုးတက်မှုတွေရှိနေတဲ့ အဓိက ဈေးကွက်တွေထဲက တစ်ခုပါ၊
ရေရှည်မှာ နိုင်ငံရဲ့ စီးပွားရေး တိုးတက်ဖို့အတွက်က အဆင့်မြင့်ပြီး အရည်
အသွေးကောင်းတဲ့ ဆက်သွယ်ရေးအခြေခံအဆောက်အအုံတွေ လိုအပ်ပါ
တယ်၊ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အခြေခံအဆောက်အအုံပိုင်း တိုးချဲ့
တဲ့နေရာမှာ ကျွန်တော်တို့ ပါဝင်ခွင့်ရလို့ အထူးပဲ ၀မ်းသာမိပါတယ်၊ နိုင်ငံတွင်း
က ဦးဆောင်စီးပွားရေးလုပ်ငန်းအုပ်စု တစ်ခုဖြစ်တဲ့ KBZ နဲ့ အောင်မြင်စွာ
ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်ထားပါတယ်" ဆိုပြီး AsiaSat ရဲ့
အရောင်းပိုင်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဌာနက ဒုဥက္ကဌ Philip Balaam က ပြောသွားပါတယ်။
"AsiaSat ရဲ့ အရည်အသွေးမြင့် ရေဒါ နည်းပညာ ရဲ့ စွမ်းအားနဲ့ဆယ်သွယ်ရေး
ဂြိုဟ်တု နည်းစနစ်တွေက မြန်မာနိုင်ငံမှာ ရှိတဲ့ ကျွန်တော်တို့ရဲ့ ဖောက်
သည်တွေအတွက် မျိုးဆက်သစ် ဒေတာအချက်အလက် ဆက်သွယ်ရေး
ဝန်ဆောင်မှု တွေကို ဖြန့်ကျက်ပေးနိုင်ပါလိမ့်မယ်၊ ဒီလိုမျိုး အီလက်ထရောနစ် ဆက်သွယ်ရေး ၀န်ဆောင်မှုတွေက နိုင်ငံရဲ့ စီးပွားရေး အရှိန်အဟုန်နဲ့
တိုးတက်ပြီး လူမှု ဆိုင်ရာ ဖွံ့ဖြိုးမှုတွေအတွက် အဓိက ထောက်ကူနိုင်မှာပါ၊
ကျွန်တော်တိုရဲ့ ဂြိုဟ်တု ဆယ်သွယ်ရေး နည်းစနစ်ပိုင်းဆိုင်ရာ အကျိုးတူ
ပူးပေါင်းတဲ့သူနေရာမှာ AsiaSat ရှိနေတဲ့အတွက် ရန်ကုန်မှာ ကျွန်တော်တို့ရဲ့
ပထမဆုံး ဂြိုဟ်တုဆက်သွယ်ရေးစနစ် VSAT ၀န်ဆောင်မှုကို ထူထောင်ပြီး
တာနဲ့ ၀န်ဆောင်မှု ကမ်းလှမ်းချက်တွေကို တိုးမြင့်ပေးသွားနိုင်တော့မယ်"
ဆိုပြီးတော့လည်း KBZ Gateway Co.LTd ရဲ့ စီအီးအို Stephane Lamoureux ကပြောပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း မြန်နှုန်းမြင့် ဒေတာကွန်ရက်တွေ ဖြန့်ကျက်နိုင်ဖို့အတွက် AsiaSat 4 နဲ့ AsiaSat 7 ဂြိုဟ်တုတွေကနေ KBZ က C-band နဲ့ Ku-band တို့ကို အသုံးပြုသွားမှာဖြစ်ပါတယ်။AsiaSat ရဲ့ စွမ်းအားမြင့် နည်းစနစ်တွေနဲ့
ဖြန့်ကျက်နိုင်မှုတွေနဲ့အတူ KBZ အနေနဲ့ နိုင်ငံမှာရှိတဲ့အစိုးရ၊ လုပ်ငန်းတွေနဲ့
လူသုံးကုန် လုပ်ငန်းကဏ္ဍတွေက ယင်းရဲ့ ဖောက်သည်တွေကို အရည်
အသွေးမြင့်ပြီး တန်ဖိုးအသက်သာဆုံးသော ဆက်သွယ်ရေး ၀န်ဆောင်မှုတွေကို ဖြန့်ဝေပေးနိုင်မှာဖြစ်ပါတယ်။
၂၀၁၆ နှောင်းပိုင်း ဒါမှမဟုတ် ၂၀၁၇ အစောပိုင်းမှာ စတင်မယ့် AsiaSat 9 နဲ့အတူ KBZ နဲ့ ယင်းရဲ့ ဖောက်သည်တွေဟာ နောက်ထပ် ပိုမိုအားကောင်းပြီး
စွမ်းအားမြင့် ဖြန့်ကျက်မှု စနစ်တွေကို ရရှိနိုင်ဦးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ
အတွက် AsiaSat 9 ရဲ့ Ku-band က ထူးခြားလွန်းသော downlink စွမ်းအားကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပြီးတော့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ VSAT Broadband နဲ့ DTH ၀န်ဆောင်မှုတွေအတွက် သေးငယ်ပြီး အဖိုးနှုန်းသက်သာတဲ့ အန်တန်နာတိုင်တွေကို တပ်ဆင်နိုင်မှာဖြစ်ပါတယ်။
AsiaSat Satellite Telecommunications Company Limited (AsiaSat) ဟာဆိုရင် အာရှဒေသမှာ ဦးဆောင် ဂြိုဟ်တုဆက်သွယ်ရေး အော်ပရေ
တာဖြစ်ပြီးတော့ ယင်းရဲ့ ဂြိုဟ်တုခြောက်ခုနဲ့ ကမ္ဘာ့လူဦးရေ သုံးပုံ ပုံ နှစ်ပုံ
ကျော်ကို ၀န်ဆောင်မှုတွေ ပေးနေပါတယ်။ အလားတူ တီဗီ နဲ့ ရေဒီယို
ချန်နယ်ပေါင်း ၇၀၀ ကျော်ကိုလည်း အာရှ-ပစိဖိတ်ဒေသ အိမ်ထောင်စုပေါင်း
သန်းပေါင်း ၈၃၀ ကျော်ဆီကို ရောက်အောင် ယင်းရဲ့ ဂြိုဟ်တုဝန်ဆောင်မှု
စနစ်တွေကနေတဆင့် ဖြန့်ကျက်ပေးထားလျက်ရှိပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment