Tuesday, May 10, 2016

မြန်မာ-အိန္ဒိယနယ်စပ်တွင် နှစ်နိုင်ငံပြည်သူအချို့ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံ လုံခြုံရေးများချထား

မြန်မာ - အိန္ဒိယနယ်စပ်တွင် နှစ်နိုင်ငံ ပြည်သူအချို့ မေ ၉ ရက် ညနေ ၅ နာရီကျော်က ပဋိပက္ခဖြစ်ပွားခဲ့ပြီး ညပိုင်း၌ နယ်စပ်စည်းရိုးတွင် နှစ်နိုင်ငံလုံခြုံရေးများ ချထားကြောင်း သတင်းရရှိသည်။

"အိန္ဒိယနိုင်ငံက လူမှုအဖွဲ့အစည်းတွေ ကနေပြီး နယ်စပ်ကနေ အ၀င်အထွက် မလုပ်ဖို့ မနေ့ကတည်းက ကြိုတင်ကြေညာ ထားတာရှိတယ်။ ကျွန်တော်တို့ တမူးလူငယ်ကွန်ရက်ကလည်း အိန္ဒိယနိုင်ငံဘက်ကို အ၀င်အထွက် မလုပ်ဖို့အတွက် ကြေညာပေးထားပါတယ်။ နယ်စပ်ပိတ်မယ်ဆိုပြီး ကြေညာထားတာကိုလည်း နှစ်နိုင်ငံ ပြည်သူတွေသိတယ်။အိန္ဒိယနိုင်ငံမှာက လူမှုအဖွဲ့အစည်းတွေက လုပ်ပိုင်ခွင့် အာဏာရှိတယ်။ အဖွဲ့အစည်းတစ်ခုက နယ်စပ်ကို ပိတ်မယ်ဆိုရင် အစိုးရအဖွဲ့က လူတွေက ဘာမှမလုပ်နိုင်ဘူး။ ပိတ်ပေးရတာပဲ။ အဲဒီလိုပိတ်ရင် လူမှုအဖွဲ့အစည်းက လူတွေကလာပြီး စောင့်ပေးကြတယ်။ နယ်စပ်ပိတ်တယ်ဆိုရင် အိန္ဒိယနိုင်ငံဘက် ဘယ်သူမှ အ၀င်မခံဘူး။  အဲဒီလိုအချိန်မှာ မြန်မာနိုင်ငံဘက်က လူတစ်စုက အိန္ဒိယနိုင်ငံ အတွင်းကို ၀င်ဖို့ကြိုးစားတာ။ အဲဒီမှာ စောင့်ကြပ်နေတဲ့ အိန္ဒိယနိုင်ငံ အတွင်းက လူတွေနဲ့ အချင်းများတော့တာပဲ။ ဖြစ်တာကတော့ ညနေ ၅ နာရီ ၁၅ မိနစ်လောက်ကဖြစ်တာ။ အဲဒီလိုဖြစ်ပြီးတော့ အိန္ဒိယနိုင်ငံအဖွဲ့က လုံခြုံရေးတွေက ထိန်းလိုက်တယ်။ မြန်မာနိုင်ငံ ဘက်ကလည်း လုံခြုံရေးတွေ ရောက်လာပြီး ထိန်းတယ်။ နှစ်နိုင်ငံနယ်စပ်ကို လုံခြုံရေးတွေက စောင့်ရှောက်နေပါတယ်။ မြန်မာနိုင်ငံဘက်ကလည်း ခယက၊ မယကတွေ လာကြည့်တယ်။ ပြဿနာကိုတော့ မေ ၁၀ ရက်မှ ဖြေရှင်းကြမယ်လို့ သိရပါတယ်" ဟု တမူးလူငယ်ကွန်ရက်မှ ကိုရင်ကိုဦးက ပြောကြားသည်။ 
မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ် အမှတ် (၂) ကို မေ ၉ ရက် နံနက်ပိုင်းက ပိတ်ထားခဲ့ရာ နယ်စပ်နန်းဖာလုံဈေး အရောင်းအ၀ယ် ရပ်ဆိုင်းခဲ့ရသည်ဟု သိရသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment