Friday, May 6, 2016

မေးခွန်းပေါက်ကြားမှုဖြင့် ကျောင်းအုပ်လေးဦး ဝန်ထမ်းအဖြစ်မှထုတ်ပယ်၍ ရဲစခန်းတွင်

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြုလုပ်ခဲ့သောစတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့တွင် စာမေးပွဲ မေးခွန်းမှား ယွင်းမှုနှင့် မေးခွန်းပေါက်ကြား မှု ဖြစ်စဉ်တို့ကြောင့် ပညာရေးဝန်ကြီးဌာနမှ ကျောင်းအုပ်လေးဦးအား ဝန်ထမ်း အဖြစ်မှ ထုတ်ပယ်ကာ ရဲစခန်းတွင်လည်း အမှုဖွင့်ထားပြီ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြော ကြားသည်။

ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မန္တလေး တိုင်းဒေသကြီး အောင်မြေသာစံမဲ ဆန္ဒနယ်မှ ဒေါက်တာလှမိုးက စာမေးပွဲ တွင် မေးခွန်းပေါက်ကြားခဲ့မှု ကိစ္စနှင့်ပက်သက်ပြီး မေးမြန်းမှုကို ပညာရေး ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကအထက်ပါအတိုင်း ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။
“မေးခွန်းပေါက်ကြားမှုက မကွေးတိုင်းဒေသကြီးက ချောက်မြို့နယ်မှာ ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။ စာစစ်ကြီးကြပ်ရေးမှူး တာဝန်ယူရတဲ့ ကျောင်းအုပ်(၃)ဦးနဲ့ အခြားကျောင်းအုပ်တစ်ဦးတို့က မသမာတဲ့ နည်းလမ်းများ သုံးပြီးတော့ မေး ခွန်းထုပ်ကို လက်ရာမပျက် ဖောက်ယူခြင်းကြောင့် အရေးယူခဲ့တာပါ" ဟု ၎င်းကပြောသည်။
ယင်းကိစ္စကို အခြေခံ ပညာဦးစီးဌာန(ရုံးချုပ်) ၊ နေပြည်တော်မှ ဒုတိယညွန် ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော ရှေးဦးစုံစမ်း စစ်ဆေးရေးအဖွဲ့ဖြင့် စုံစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။
အရေးယူ အပြစ်ပေးခဲ့သောကျောင်းအုပ်လေးဦးမှာ ချောက်မြို့နယ်ရှိ အဌမတန်းကြီးကြပ်ရေးမှူး ထိန်စမ်း စာ စစ်ဌာနမှ အလက(ခွဲ) ကျောင်းအုပ် ဦးအောင်စိုးလင်း၊ စတုတ္ထတန်းကြီးကြပ်ရေးမှူး သလုံးသွေးစာစစ်ဌာန အလက(ခွဲ) ကျောင်းအုပ်တစ်ဦးဖြစ်သူ ဦးမြတ်စိုး၊ စတုတ္ထ တန်းကြီးကြပ်ရေးမှူး ထိန်ကန်စာစစ်ဌာန အလက(ခွဲ) ကျောင်းအုပ်ဒေါ်လှလှရွှေနှင့် စာစစ်တာဝန်မရှိ (ကျောင်းသားများကို စာဖြေကျောင်းသို့ ပို့ပေးသူ) အမက ကျောင်းအုပ် ချောင်းပိုက်ကျေးရွာမှ ဦးထက်မြတ်ကျော်တို့ ဖြစ်ကြောင်း ပညာရေးဝန်ကြီးက ပြောကြားသည်။

Credit To >>> The Voice Weely

0 comments:

Post a Comment