Monday, May 2, 2016

စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်များကို ပြည်တွင်းပြည်ပ မခွဲခြားဘဲ တစ်ပြေးညီ ခံစားခွင့်ပြုမည်

စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်များကို ပြည်တွင်းပြည်ပ မခွဲခြားဘဲ တစ်ပြေးညီခံစားခွင့်ပြုမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စက်မှုလုပ်ငန်းမူဝါဒအရ သိရသည်။
စက်မှုလုပ်ငန်းမူဝါဒတွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ တည်ဆဲကုန်သွယ်လုပ်ငန်းခွန်၊ ၀င်ငွေခွန် ဥပဒေနှင့် ပြည်ထောင်စု အခွန်အကောက် ဥပဒေများအရ အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်များကို ပြည်တွင်း ပြည်ပ မခွဲခြားဘဲ တစ်ပြေးညီ ခံစားခွင့်ပြုစေမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ၊ ဥပဒေများ ရေးဆွဲပြဋ္ဌာန်းပေးခြင်းဖြင့် စီးပွားရေးဝန်းကျင်ကောင်း တစ်ခုဖြစ်ပေါ်လာစေပြီး နှောင့်နှေးကြန့်ကြာမှု၊ နစ်နာမှုများ လျော့ပါးစေရန် သင့်လျော်သော အခွန်အကောက်နှင့် လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အထွေထွေကုန်ကျစရိတ်များ လျော့ကျစေရန် ဒေသအသီးသီးတွင် One Stop Service Center များ ဖွင့်လှစ်ပေးခြင်း၊ စက်မှုလုပ်ငန်းများ၏ ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုလုပ်ငန်းများတွင် အခွန်အခများ ထိုက်သင့်သလို လျှော့ချကောက်ခံစေရန်နှင့် ထပ်ဆင့် အခွန်စည်းကြပ်မှုများ မရှိစေရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ လုပ်ထုံးလုပ်နည်း နှင့် စည်းမျဉ်းစည်းကမ်းများကို တစ်ပြေးညီကျင့်သုံးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ မူဝါဒအရ စက်မှုလုပ်ငန်းအမျိုးအစားအလိုက် သင့်လျော်သည့် အချိန်သတ်မှတ်ချက် ကာလအတွင်း အခွန်အခ ကင်းလွတ်ခွင့်၊ သက်သာခွင့်စသည့် အကျိုးခံစားခွင့်များရရှိရေး ပံ့ပိုးကူညီပေးခြင်း၊ စက်မှုလုပ်ငန်းများနှင့် ဆက်စပ်နေသည့် စံချိန်စံညွှန်း၊ မူပိုင်ခွင့်၊ ကုန်သွယ်ရေးနှင့် သက်ဆိုင်သည့် လိုအပ်သည့် ဥပဒေများပေါ် ထွန်းလာရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ Inspection Certificate များ လျင်မြန်စွာထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊ မူဝါဒပါ ချမှတ်ထားသော စက်မှုလုပ်ငန်းများအတွက် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက် သာခွင့်များကို လျှောက်ထားလာပါက တည်ဆဲဥပဒေများအရ ခွင့်ပြုချက်ရရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ကုမ္ပဏီမှတ်ပုံတင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု အတည်ပြုချက်ရယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ပြောင်းလဲလာသော ခေတ်စနစ်နှင့် လျော်ညီစွာ ပြောင်းလဲဆောင်ရွက်ပေးခြင်းများကို  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စက်မှုလုပ်ငန်းမူဝါဒတွင် ဖော်ပြထားသည်။
Credit To >>> Eleven Media Group 

0 comments:

Post a Comment