Tuesday, May 31, 2016

မြန်မာ့စီးပွားရေးခိုင်မာအားကောင်းနေဆဲဖြစ်ကြောင်းကမ္ဘာ့ဘဏ်ထုတ်ပြန်



မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းအနည်းငယ်နည်းသော်လည်း(၂၀၁၅/၂၀၁၆)ခုနှစ်မှာဆက်လက်ခိုင်မာအားကောင်းနေဆဲဖြစ်ကြောင်းမေ(၃၁)ရက်က နေပြည်တော်ရှိ Hilton Hotel မှာကျင်းပတဲ့ Myanmar Economic Monitor အခမ်းအနားမှာကမ္ဘာ့ဘဏ်ရဲ့ထုတ်ပြန်ကြေညာချက်အရသိရပါတယ်။ မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာမနှစ်ကလျော့ကျသွားပေမယ့်မြန်မာနိုင်ငံသားတွေအတွက်အပြောင်းအလဲနဲ့ဖွံ့ဖြိုးရေးအတွက်အင်အားကောင်းတဲ့မောင်းနှင်အားတစ်ခုအနေနဲ့တည်ရှိနေပါသေးတယ်။အစိုးရအနေနဲ့အခုဆောင်ရွက်နေတဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့မက်ခရိုစီးပွားရေးတည်ငြိမ်မှုကိုထိန်းသိမ်းနိုင် ဖို့ဆက်လက်အာရုံစိုက်မယ်ဆိုရင်ဖွံ့ဖြိုးတိုးတက်ဖို့အလားအလာကောင်းပါတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့မြန်မာ နိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Abdoulaye Seck ကပြောပါတယ်။ အဲဒီအခမ်းအနားကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနဲ့တာဝန်ရှိသူတွေ၊ ကမ္ဘာ့ဘဏ်က Practice Manager Mr. Mathew Verghis နဲ့ တာဝန်ရှိသူတွေတက်ရောက်ကြတယ်လို့သိရပါတယ်။ သတင်း အပြည့်အစုံကို ပြည်တွင်းသတင်းတွေမှာဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီသတင်းကို Central News Bureau က ပေးပို့တာဖြစ်ပါတယ်။


Credit To >>> Central News Bureau

0 comments:

Post a Comment