Monday, May 16, 2016

သစ်ထုတ်လုပ်မှု လျှော့ချရပ်ဆိုင်းရေးနှင့်ပတ်သက်၍ အစိုးရက လုပ်ငန်းရှင်များထံ သဘောထား တောင်းခံ

 မြန်မာ့သစ်လုပ်ငန်းက အရပ်ဘက်အဖွဲ့အစည်းများနှင့် စီး  ပွားရေးလုပ်ငန်းရှင်များအား ဖိတ် ခေါ်၍ သစ်ထုတ်လုပ်မှုရပ်ဆိုင်း ခြင်း(သို့မဟုတ်)လျှော့ချထုတ်လုပ် ခြင်းမှ တစ်ခုရွေးချယ်ရန် သဘော ထားမှတ်ချက်တောင်းခံခဲ့သည်။

သစ်ထုတ်လုပ်မှု ရပ်ဆိုင်း မည်ဆိုပါက ၀န်ကြီးဌာနက ဆယ် နှစ်ခန့် ရပ်ဆိုင်းရန် ရည်ရွယ်ထား ပြီး ထုတ်လုပ်မှုလျှော့ချပါက တစ် နှစ်လျှင် အများဆုံး ကျွန်းပင် ၁၉,၂၀၀ နှင့် သစ်မာပင် ၅၉၀,၀၀၀ ခန့်ကိုသာ ထုတ်လုပ်နိုင်မည်ဟု မြန်မာ့သစ်ထုတ်လုပ်ငန်းက အရပ်ဘက်အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ပြောကြားသည်။
ကျွန်းသစ်နှင့် သစ်မာစုစု ပေါင်းထုတ်လုပ်မှုသည် လွန်ခဲ့ သည့် ဆယ်စုနှစ်များစွာက တစ်နှစ်လျှင် အပင်ပေါင်း ၁၈ သိန်းခန့် ထုတ်လုပ်ရာမှ ၂၀၁၃-၁၄ မတိုင် မီအထိ ဆယ်သိန်းခန့် လျှော့ချ ထုတ်လုပ်ခဲ့သည်။ ၂၀၁၃-၁၄ မှစ၍ သစ်ထုတ်လုပ်မှုကို ခုနစ် သိန်းကျော် လျှော့ချခဲ့သည်။ယခုအခါ သစ်မာနှင့် ကျွန်းသစ် ထုတ်လုပ်မှုသည် ခြောက်သိန်းခန့် သာ ရှိတော့မည် ဖြစ်သည်။
ကျွန်းသစ်ထုတ်လုပ်မှုသည် ထုတ်လုပ်မှုစတင်လျှော့ချသည့် နှစ်မှစ၍ တစ်နှစ်လျှင် အပင်ပေါင်း တစ်သိန်းခန့် ထုတ်လုပ်ရာမှ တစ်သောင်းခန့်သာ ထုတ်လုပ်နိုင်တော့မည်ဖြစ်ပြီး သစ်မာသည် ခုနစ်သိန်း ခန့်မှ ခြောက်သိန်းခန့် ထုတ်လုပ်မှု ထုတ်လုပ်နိုင်တော့မည် ဖြစ်သည်။
သစ်ထုတ်လုပ်မှု ရပ်ဆိုင်း မည်ဟု   မြန်မာ့သစ်လုပ်ငန်းက မကြာသေးမီက သတင်းထုတ် ပြန်ထားသော်လည်း အများပြည် သူ၏ မှတ်ချက်များလိုအပ်နေသောကြောင့် အရပ်ဘက်အဖွဲ့အ စည်း၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် ဆွေးနွေးရန် မေလ ၁၄ ရက် တွင် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
‘‘ရပ်မယ်၊ မရပ်ဘူးကတော့ ဒီအလုပ်ရုံဆွေးနွေးပွဲက ဆုံးဖြတ် မှာပါ။ ကျွန်တော်တို့ ကိုယ့်သဘော နဲ့ ကိုယ်မရပ်ပါဘူး’’ဟု သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး ၀န်ကြီးဌာန ပြည်ထောင် စုဝန်ကြီး  ဦးအုန်းဝင်းက ပြော သည်။
မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုသည် ကမ္ဘာ့အဆိုးဆုံး ဆယ်နိုင်ငံစာရင်းတွင် အဆင့်(၃)ရှိနေပြီးကျွန်းနှင့် သစ်မာပေါက်ရောက်မှုသည်လည်း ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက သိသိသာသာ လျော့ကျနေသည်။ ၂၀၁၆ မှစ၍ အ ကောင်အထည်ဖော်ရန် ရေးဆွဲ ထားသော သစ်တောအုပ်ချုပ်မှု ဆယ်နှစ်စီမံကိန်းကို သုတေသနပြု လုပ်ပြီးနောက် ယင်းသို့တွေ့ရှိခြင်းဖြစ်သည်။
‘‘ဒီထက်ပိုထုတ်လို့ မရတော့ ဘူး။ တခြားအကြောင်းတွေကြောင့် သစ်တောပြုန်းတီးတာတွေလည်း ရှိနေတော့  ဒီထက်လျှော့ထုတ်ရင် တော့ သစ်တော၊ သစ်ပင်တွေအ တွက် ပိုကောင်းတာပေါ့’’ဟု သစ်တောဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကျော်ကျော် လွင်က ပြောသည်။
သစ်မာပေါက်ရောက်မှု သည် ပြည်နယ်နှင့် တိုင်းဒေသကြီး တို့တွင် ကျဆင်းခဲ့သော်လည်း သစ်ထုတ်လုပ်ရန် အခြေအနေရှိ သေးသည်ဟု ဆိုသည်။ အလားတူ ကျွန်းသစ်ပေါက်ရောက်မှုသည် လည်း ယခုက အပင်တစ်ရာလျှင် ၉၀ ရာခိုင်နှုန်းရှိရာမှ ၄၈ ရာခိုင်နှုန်း  သာကျန်ရှိတော့ကြောင်း ဦးကျော် ကျော်လွင်က ပြောသည်။
ယခုလက်ရှိ မြန်မာ့သစ် တောများ၏ အခြေအနေနှင့်ပတ် သက်၍ သစ်တောဦးစီးဌာနမှ သစ် တောပညာရှင်များနှင့် သုတေသန ပညာရှင်များက အစိုးရသစ်အားအကြံပြုထားဆဲ ဖြစ်သည်။အဆိုပါ အကြံပြုချက်အတိုင်း သစ်ထုတ် လုပ်မှုများရပ်ဆိုင်းရန် ယခုလဆန်းပိုင်း၌ သတင်းများထွက်ပေါ်ခဲ့ သည်။ ‘‘တကယ်ပဲ မထုတ်ရတော့ ဘူး။ ပတ်ဝန်းကျင်အတွက် ထိ ခိုက်နေပြီဆိုရင်တော့ ရာသီဥတု ပြောင်းလဲခြင်းကလည်း ရှိနေ တော့ မထုတ်တော့ဘူးဆိုရင် ရပ် လိုက်လို့ရပါတယ်။ ဒါပေမဲ့ ထုတ် လို့ရသေးတယ်ဆိုရင်တော့ အကန့်အသတ်နဲ့ လုပ်တာမျိုး၊စည်းကြပ်တာမျိုး လုပ်ရင်တော့ ပိုကောင်းပါတယ်’’ဟု သစ်တောလုပ်ငန်းရှင် ဦးဘာဘာချိုက ပြောသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment