Monday, May 16, 2016

ကမ္ဘာအေး ဘုရားလမ်း စာတိုက်မှတ်တိုင်အနီးတွင် ရုပ်ရှင်ဆန်ဆန် ယာဉ်တိမ်းမှောက်မှု တစ်ခု ဖြစ်ပွား

ကမ္ဘာအေး ဘုရားလမ်း စာတိုက်မှတ်တိုင် အနီး တွင် ရုပ်ရှင်ဆန်ဆန် ယာဉ်တိမ်းမှောက်မှု တစ်ခု ယနေ့ည ၉ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်းသိရ သည်။

ဖြစ်စဉ်မှာ ကမ္ဘာအေး ဘုရားလမ်း အတိုင်း န၀ဒေးဘက်မှ ကမ္ဘာအေး ဘုရားလမ်းအတိုင်းမောင်းနှ်င်လာသည့် ယာဉ်တစ်စီး သည် လမ်းလယ်ကျွန်းကို တိုက်မိကာ ရှေ့ဘီးကျွတ်ထွက်၍ လှိမ့်ထွက်သွားကြောင်းသိရသည်။
အဆိုပါ တိမ်းမှောက်ခဲ့သည့်ကားသည် တိုက် မိသည့်နေရာမှ လွင့်စင် သွားပြီးနောက် သာသနာရေးဝန်ကြီး ဌာန ခြံစည်း ရိုးရှေ့အထိ ရောက်ရှိ ခဲ့ကြောင်းသိရသည်။ ယာဉ်ပေါ်တွင် အမျိုးသား ၂ ဦး လိုက်ပါလာပြီး ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း နှင့် အသက်အန္တာရယ် စိုးရိမ်စရာမရှိကြောင်းသိရသည်။
အဆိုပါ ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိလိုက်သူ တစ်ဦးက " ရုပ်ရှင်ထဲက အတိုင်းပဲ ကား က ကမ္ဘာအေးဘုရားလမ်း အတိုင်း မောင်း လာတဲ့ ကား န၀ဒေးဘက်ကမောင်းလာတာ ဆလွန်းကား ပါ ၊ လမ်းလယ်ကျွန်းကို တိုက်မိပြီး ရှေ့ဘီးကျွတ်ထွက်ပြီး သုံးပတ်လောက် လှိမ့် ထွက်သွားတယ် ၊ တိုက်တဲ့ နေရာနဲ့ ပေတစ်ရာလောက် အကွာကို လွင့်သွားပါတယ် ၊ နောက် သာသနာရေး ၀န်ကြီး ဌာန ခြံစည်းရိုးရှေ့ကို ရောက်သွားတယ် "
ယင်းက ဆက်လက်၍ "လူကို ကယ်ဖို့ မလုပ်ဘဲ ဖုန်းတွေနဲ့ ပဲ ဓာတ်ပုံ ရိုက်နေကြတယ် " ဟု ပြောသည်။
အဆိုပါနေရာသို့ သက်ဆိုင်ရာ တာဝန်ရှိ ရဲတပ်ဖွဲ့များရောက်ရှိလာပြီး လမ်းရှင်း လင်းရေး နှင့် စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
Credit To >>> Democracy Today

0 comments:

Post a Comment