Tuesday, May 10, 2016

အကြောင်းမကြားသည့် သက်တမ်းလွန် ပြည်တွင်းကုမ္ပဏီ နှစ်ထောင်ကျော်နှင့် နိုင်ငံခြားကုမ္ပဏီ ၁၅ ခုဖျက်သိမ်း

လုပ်ငန်းလုပ်ကိုင်နေ ကြောင်း ဌာနသို့ အကြောင်းမ ကြားသည့် သက်တမ်းလွန်ပြည် တွင်းကုမ္ပဏီ ၂,၆၀၀ ကျော်နှင့် နိုင်ငံခြားကုမ္ပဏီ ၁၅ ကို ဖျက်သိမ်း လိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန မှ သတင်းရရှိသည်။

အစိုးရသစ် လက်ထက်အ တွင်း ဒုတိယမြောက် ဖျက်သိမ်းခံရမည့် ကုမ္ပဏီများ စာရင်းဖြစ်ပြီး ပြီးခဲ့သည့် ဧပြီ ၇ ရက်တွင် ပထမ အကြိမ် ပြည်တွင်းကုမ္ပဏီ ၁,၀၀၀ ကျော်နှင့် နိုင်ငံခြားကုမ္ပဏီ ၂၆၀ ကို ဖျက်သိမ်းခဲ့ကြောင်း အဆိုပါဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ယခုဖျက်သိမ်းသည့် ပြည် တွင်း ကုမ္ပဏီများတွင် ကျောက် မျက်ကုမ္ပဏီ အများစု ပါဝင်ပြီး ဆောက်လုပ်ရေးကုမ္ပဏီနှင့် ကုန် သွယ်ရေးကုမ္ပဏီများလည်း ပါဝင်ကြောင်း သိရသည်။
‘‘နောက်ထပ် ထပ်ထုတ်ဖို့ ကုမ္ပဏီတွေကျန်သေးတယ်။ အခု ပယ်ဖျက်လိုက်ပြီဆိုတော့ ဒီကုမ္ပဏီတွေဖျက်သိမ်းဖို့ ဆက်လုပ်ရလိမ့် မယ်’’ ဟု အဆိုပါဌာနမှ အရာရှိ တစ်ဦးက ပြောသည်။
အချို့ကုမ္ပဏီများသည် မ ဆက်သွယ်သော်လည်း သက် တမ်းရှိသောကြောင့် အသေးစိတ်ပြန်လည်စစ်ဆေးနေရကြောင်း ၎င်းက ဆက်လက်ပြောသည်။ ယခုဖျက်သိမ်းရမည့် ကုမ္ပဏီများတွင် ၂၀၀၂ မှ ၂၀၀၆ အတွင်း မှတ်ပုံတင်ရထားသည့် ကုမ္ပဏီများ ဖြစ်သည်။
အမှန်တကယ်လုပ်ငန်းလုပ် ဆောင်ခြင်းမရှိဘဲ ရည်ရွယ်ချက် ဖြင့် တည်ထောင်ထားသော ကုမ္ပဏီများကို ရှင်းလင်းရန် ရည်ရွယ်၍ ကုမ္ပဏီများ လုပ်ငန်းလည် ပတ်ခြင်း ရှိ၊ မရှိ အထက်ပါဌာနသို့ ဆက်သွယ်အကြောင်းကြား ရန် ၂၀၁၅ စက်တင်ဘာအတွင်း ထုတ်ပြန် ကြေညာခဲ့သည်။ သို့ သော် ကုမ္ပဏီက ဆက်သွယ်ခြင်း မရှိသောကြောင့် ပြည်တွင်းကုမ္ပဏီ ၂၀,၀၀၀ ကျော်နှင့် နိုင်ငံခြားကုမ္ပဏီ ၂,၀၀၀ ကျော်ကို ဒီဇင်ဘာ၁၄ ရက် နောက်ဆုံးထားဆက် သွယ်ရန်နှင့် မဆက်သွယ်ပါက ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ် ဖျက်ရန် ကြေညာခဲ့သည်။ ဒီဇင် ဘာ ၁၄ ရက်နောက်ဆုံးရက်အထိ ပြည်တွင်းကုမ္ပဏီ ၂,၅၀၀ ကျော် နှင့် နိုင်ငံခြားကုမ္ပဏီ ၆၀၀ ကျော် သာ ဆက်သွယ်ခဲ့သည်။
လက်ရှိ ပြည်တွင်းကုမ္ပဏီ ၄၃,၀၀၀ နှင့် နိုင်ငံခြား ကုမ္ပဏီ ၄,၀၀၀ ကျော်လည်ပတ်လျက်ရှိ သည်။ ဖျက်သိမ်းခံရသည့် ကုမ္ပဏီများ ပြန်လည်လျှောက်ထားလိုပါ က အမှန်တကယ်လုပ်ငန်းလည် ပတ်နေကြောင်း အထောက်အ ထားခိုင်မာမှသာ မှတ်ပုံတင်ပြန် လည်လျှောက်ထားခွင့်ရှိသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ဦးအောင်နိုင်ဦးက ပြောသည်။
Credit To >>> 7Day Daily

0 comments:

Post a Comment