Sunday, May 22, 2016

ပုဂ္ဂလိကစက်မှုဇုန်များဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းအကောင်အထည်ဖော်ရေး ကော်မတီဖွဲ့စည်း


ပြည်တွင်းစက်မှုဇုန်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေဖို့ ပုဂ္ဂလိကစက်မှုဇုန်များဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းအကောင်အထည်ဖော်ရေး ကော်မတီဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများပိုမိုဝင်ရောက်လာချိန် ပြည်တွင်းစက်မှုဇုန်တွေရဲ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပိုမိုထိထိရောက်ရောက် လုပ် ဆောင်နိုင်ဖို့နဲ့ စက်မှုဇုန်အလိုက်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဌာနဆိုင်ရာတွေကို ပိုမိတိတိကျကျတင်ပြနိုင်ဖို့ ကော်မတီကို ဖွဲ့စည်းရတာဖြစ်တယ်လို့ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်ငန်းရှင်များအသင်းတာဝန်ရှိသူကပြောပါတယ်။
ဒီကော်မတီကို ရန်ကုန်မြို့တွင်းရှိ စက်မှုဇုန် ၂၉ ဇုန်က စီမံခန့်ခွဲရေးကော်မတီနဲ့ လုပ်ငန်းရှင်တွေစုစည်းကာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကလည်း ကော်မတီဖွဲ့စည်းဖို့ တိုက်တွန်းပြောဆိုမှုတွေရှိတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ရဲစက်မှုဇုန်အများစုက ၁၉၉၀ ခုနှစ်ဝန်းကျင်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး လက်ရှိဇုန်အများစု ရဲ့ အခြေခံအဆောက်အအုံပိုင်း ယို့ယွင်းပျက်စီးမှုတွေများနေပြီး ယင်းအခက်အခဲတွေကို ဌာနဆိုင်ရာတွေကို ဇုန်အလိုက်တာဝန် ရှိသူတွေကတင်ပြရာမှာ ထိရောက်မှုအားနည်းခဲ့တာတွေရှိတယ်လို့ သိရပါတယ်။
လက်ရှိဖွဲ့စည်းလိုက်တဲ့ စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဦးဆောင်အဖွဲ့ဝင်တွေကို ဇုန်အလိုက်စီမံခန့်ခွဲရေးကော်မတီလူကြီး တွေက အလှည့်ကျဦးဆောင်သွားမှာဖြစ်ပြီး စက်မှုဇုန်ဖွံ့ဖြိုးရေးလုပ်ငန်းတွေဖြစ်တဲ့ ရေ၊မီး၊လမ်းတံတား၊အခွန်နဲ့ အခြားသောလုပ် ငန်းလုပ်ကိုင်ရာမှာ ကြုံတွေ့နေရတဲ့အခက်အခဲတွေကို အစိုးရလူကြီးတွေထံကို အချိန်တိုတိုနဲ့တင်ပြကာ အကူအညီတောင်းခံနိုင် မှာဖြစ်တယ်လို့ ဇုန်ကော်မတီထံကသိရပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment