Tuesday, April 26, 2016

ပင်လယ်ကွေ့ နိုင်ငံတွေရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေ အပေါ်မှာ ကျေနပ်အားရမိကြောင်းIMF ပြောကြား

ကမ္ဘာ့ရေနံဈေးကျဆင်းမှုကြောင့် ပို့ကုန်လုပ်ငန်းရဲ့ ၀င်ငွေရရှိမှုပိုင်း
ထိခိုက်ဆုံးရှုံးခဲ့ရတဲ့အချိန်မှာ ဆော်ဒီအာရေဗျအပါအ၀င် အခြား အာရတ်
ပင်လယ်ကွေ့ ရေနံတင်ပို့သူနိုင်ငံတွေရဲ့ ဘဏ္ဍာရေးပိုင်း
ပြန်လည် တည့်မတ်ဖို့ ကြိုးပမ်းချက်တွေအပေါ်မှာ အားရကျေနပ်မိတယ်ဆိုပြီး နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ရေနံအပေါ်မှာပဲ အဓိက မှီခိုအားထားနေရတဲ့ အဆိုပါ အာရတ်နိုင်ငံတွေရဲ့
လက်ရှိအချိန်ကာလ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအမံတွေနဲ့ ပတ်သက်လို့ အားရမိတယ်လို့ IMF က ဆိုပါတယ်။
" အကျပ်အတည်းကျရောက်နေတဲ့အချိန် ဘဏ္ဍာရေး လိုငွေပြမှုတွေကို
နိုင်ငံတွေတော်တော်များများ ဖြေရှင်းထားနိုင်တာကို ကျွန်တော်တို့
တွေ့မြင်ထားရပါတယ်၊ ဒါက ကျွန်တော်တို့ကိုလည်း အားဖြစ်စေပါတယ်၊
ဒီလိုအခြေအနေမျိုးမှာ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းက ကျွန်တော်တို့ကို
ကျေနပ်အားရစေပါတယ် " လို့ IMF ရဲ့ အရှေ့အလယ်ပိုင်းနဲ့ ဗဟိုအာရှ
ဒေသဆိုင်ရာ ဌာနအကြီးအကဲ မာဆုဒ် အာမတ်က အင်တာဗျူးတစ်ခုမှာ
ပြောသွားခဲ့ပါတယ်။
အလားတူ ဧပြီ ၂၅ ရက်မှာ ဆော်ဒီအာရေဗျနိုင်ငံကလည်း ရေနံ ဈေး
ကျဆင်းမှုခေတ်ကာလမှာ ယင်းရဲ့ စီးပွားရေး ရှင်သန်ရပ်တည်နိုင်မယ့်
အစီအစဉ်တစ်ခုကို ထုတ်ဖော်ကြေညာဖို့လည်း ရှိနေတဲ့အချိန်မှာ အာမတ်
က ယခုလို ကြိုတင်ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ဆော်ဒီအနေနဲ့
စီးပွားရေး ပြုပြင်ပြောင်းလဲရေးအဖြစ် အသုံးစရိတ်လျှော့ချတာတွေ၊ အခွန်
နှုန်းထား တိုးမြင့်တာနဲ့ ပုဂ္ဂိလက စီးပွားရေးကဏ္ဍကို တိုးမြင့်အားပေးမယ့် မူဝါဒတွေကို ထုတ်ဖော်သွားဖို့ ရှိနေပါတယ်။
ယင်းမတိုင်မီ ပြီးခဲ့တဲ့ ခြောက်လလောက်တုန်းကတော့ အရှေ့အလယ်ပိုင်း
ဒေသက ရေနံတင်ပို့သူနိုင်ငံတွေရဲ့ အသုံးစရိတ်ပိုင်း ပြုပြင်ပြောင်းလဲမှု
အစီအစဉ်တွေက လုံလောက်ပြည့်စုံခြင်းမရှိတာကြောင့် ယင်းနိုင်ငံတွေရဲ့
အရန်ဘဏ္ဍာငွေကြေးတွေ ကုန်ခန်းသွားမယ့်အဖြစ်နဲ့ ရင်ဆိုင်လာရနိုင်
တယ်ဆိုပြီး IMF က သတိပေးထားခဲ့ဖူးပါတယ်။
" ဘဏ္ဍာရေးလိုငွေ ကြီးကြီးမားမား ရှိလာနိုင်လို့ ကူဝိတ်၊ ကာတာနဲ့
ယူအေအီးတို့ကလွဲလို့ ကျန် အာရတ်နိုင်ငံတွေအနေနဲ့ ဒီမူဝါဒတွေအတိုင်း
သာ ဆက်သွားရင် အနည်းဆုံးနောက်ငါးနှစ်အတွင်းမှာ ထိခိုက်ဆုံးရှုံးမှု
တွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်" ဆိုပြီး ယင်းအချိန်တုန်းက IMF က သတိပေးထားခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ IMF ရဲ့ ဧပြီ ၂၅ ရက်နေ့ထုတ်ပြန်ချက်ထဲမှာ
ယင်းသတိပေးချက် ထပ်ပါမလာတော့တာကို တွေ့ရပါတယ်။ သို့ပေမယ့်
လည်း နိုင်ငံတစ်ချို့အနေနဲ့လည်း အသုံးစရိတ် လိုငွေပြမှုကို ဖြေရှင်းဖို့၊
အရန်ငွေကြေးတွေ ပြန်လည်ထားရှိဖို့နဲ့ နောက်မျိုးဆက်သစ်တွေအတွက် လုံလောက်တဲ့ ငွေကြေးစုဆောင်းမှုတွေ လုပ်ဖို့ လိုအပ်နေတုန်းပဲ ဆိုပြီးြေ
ပာကြားထားခဲ့ပါတယ်။
Credit To >>>  SFJ Strategy First Journal 

0 comments:

Post a Comment