Wednesday, April 27, 2016

ဒေါက်တာမျိုးအောင် ဥက္ကဋ္ဌအဖြစ်ပါဝင်သည့် နေပြည်တောင်ကောင်စီဖွဲ့စည်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၈၅၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၁)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၂၁ နှင့် နေပြည်တော်ကောင်စီ ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (က)တို့ပါ ပြဋ္ဌာန်းချက်များအရ “နေပြည်တော်ကောင်စီ” ကို ဖွဲ့စည်းလိုက်ကြောင်း ဧပြီ ၂၆ ရက် ရက်စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်သည်။

ယင်းကောင်စီကို ဥက္ကဋ္ဌအဖြစ် ဒေါက်တာမျိုးအောင်၊ ကောင်စီဝင်များအဖြစ် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးအောင်မြင်ထွန်း၊ ဦးတင်ထွန်း၊ ဦးတင်ထွဋ်၊ ဦးအေးမောင်စိန်ဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
နေပြည်တော်ကောင်စီဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ဂ) ပါ ပြဋ္ဌာန်းချက်အရ နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အကြီးအမှူးသည် ရာထူးအလျောက် နေပြည်တော် ကောင်စီ၏ အတွင်းရေးမှူးဖြစ်ကြောင်းလည်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment