Tuesday, March 22, 2016

သန်းခေါင်ယံ အာဏာသိမ်းပွဲတွင် ဖယ်ရှားခံရသူအချို့ NLD အစိုးရ အဖွဲ့၌ပါဝင်မည်


ပည်တွင်း ပြည်ပ သတင်းမီဒီယာများတွင် ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သန်းခေါင်ယံ အာဏာသိမ်းပွဲတွင် ဖယ်ရှားခံခဲ့ရသော သူရဦးရွှေမန်းအပါအဝင် ထိပ်တန်းခေါင်းဆောင်များအနက် အချို့မှာ NLD အစိုးရအဖွဲ့တွင် ပါဝင်လာမည်ဖြစ်ကြောင်း NLD ထိပ်တန်းခေါင်းဆောင် များနှင့် နီးစပ်သူများက ပြောကြားသည်။

ပါတီဥက္ကဋ္ဌ ပူးတွဲတာဝန်မှ ဖယ်ရှားခံရသူ သူရဦးရွှေမန်းကို ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ သူရဦးအောင်ကို ကို သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်းကောင်း၊ ပါတီ အထွေထွေ အတွင်းရေးမှုး ဦးမောင်မောင်သိမ်းကိုလည်း ပြည်ထောင် စုအဆင့် ဝန်ကြီးတစ်နေရာ ပေးအပ်မည်ဟု The Voice သတင်းရင်းမြစ် များထံမှ သိရသည်။
မတ်လ ၂၀ ရက်နေ့က ပြုလုပ်သော NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင် ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက် တာဇော်မြင့်မောင်က NLD အနေနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကို ရှေ့ရှုထားသောကြောင့် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်ရာတွင် ကြံ့ခိုင်ရေးပါတီဝင်များ ပါဝင်လာနိုင်ကြောင်း မီဒီယာများကို ပြောကြားခဲ့ သည်။
ကြံ့ခိုင်ရေးပါတီ ဌာနချုပ်တွင် ၂၀၁၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့ညက ဖြစ်ပွားခဲ့သော သန်းခေါင်ယံ အာဏာသိမ်းပွဲကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးကောင်းမွန်သည့် သူရ ဦးရွှေမန်း၊ သူရဦးအောင်ကိုနှင့် ဦးမောင်မောင်သိမ်းတို့မှာ ပါတီရာထူးများမှ ဖယ်ရှားခံခဲ့ရသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment