Tuesday, March 22, 2016

ပါတီဥက္ကဋ္ဌရာထူးအပြင် အစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာများကိုပါ ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူမည် ဟုဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိပါတီ၏
ဥက္ကဋ္ဌ ရာထူးအပြင် အစိုးရအဖွဲ့ကို ထိန်းကျောင်းရန် ဝန်ကြီးရာထူးနေရာကိုပါ တွဲဖက်တာဝန်ယူသွားမည်ဖြစ်ကြောင်းယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ
ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။


ဝန်ကြီးဌာန ၂၁ ခုကို ကိုင်တွယ်မည့် ပြည်ထောင်စုဝန်ကြီး ၁၈ ဦးကိုမတ် လ ၂၂ 
ရက်နေ့ တွင် ကြေညာမည်ဖြစ်ပြီး ယင်းစာရင်းတွင် တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားသော ဝန်ကြီး ၃ ဦးပါဝင်ကြောင်း ၎င်းက 
ဆိုသည်။

“ကျွန်တော် အဲဒီစာရင်းကို လွှတ်တော်ရုံးကို ပို့ထားပါပြီ။ အားလုံးပေါင်းတပ်မတော်က စာရင်းအပါအဝင် ၁၈ ဦးပါ” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယင်းကဲ့သို့ ဝန်ကြီးရာထူးကိုပါ ပူးတွဲ တာဝန်ယူခြင်း
ကြောင့် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရ ပြောဆိုလာပါက ဦးသိန်းစိန်အစိုးရ တာဝန်
ယူခဲ့သည့် အချိန်က ဖြေရှင်းထားသော ဖြေရှင်းချက်ဖြင့် ပြန်လည် ရှင်းလင်း
မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ ရှေ့လူတောင်သွားပြီးပြီ။ ကိုယ်က နောက်က လိုက်ရုံပဲပေါ့” ဟု ၎င်းက ဆိုသည်။

မတ်လ ၂၀ ရက်နေ့က ပြုလုပ်သော NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး အပြီးတွင် ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက် တာဇော်မြင့်မောင်က 

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက ဘယ်နိုင်ငံပဲဖြစ်ဖြစ် ပါတီရဲ့ ဥက္ကဋ္ဌက ထိပ်မှာအမြဲရှိနေတယ်၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ပဲ ဦးဆောင်တယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့မယ့်အစိုးရကိုလည်း ဒေါ်အောင်ဆန်းစုကြည်ပဲ ဦးဆောင်မှာပေါ့ဗျ”ဟုဖြေကြားခဲ့သည် ။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တို့ကိုပါ တာဝန်ယူမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဒေါက်တာ ဇော်မြင့်မောင် အတည်မပြုခဲ့ပေ။

ထိုအပြင် ဝန်ကြီးစာရင်းတွင် အမျိုးသမီးဝန်ကြီးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်အချို့ ပါဝင်မည်ဖြစ်သော်လည်း လက်ရှိအချိန်တွင် ထုတ်ပြော၍ မရနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

သတင်းထွက်ပေါ်နေသော ပြည်ထာင်စုဝန်ကြီးများ၏ အမည်စာရင်း 
--------------------------------------------------------------

၁. ဒေါ်အောင်ဆန်းစုကြည် ………… နိုင်ငံခြားရေး ၊သမ္မတရုံး ၊ ပညာရေး၊ လျှပ်စစ်နှင့် စွမ်းအင်

၂.ဒေါက်တာအောင်သူ ……………....စိုက်ပျိုးမွေးမြူရေး၊ဆည်မြောင်း

၃.ဦးသန့်စင်အောင် ………………….ပို့ဆောင်ဆက်သွယ်ရေ

၎.သူရ ဦးအောင်ကို ………………….သာသနာရေးနှင့် ယဉ်ကျေးမှု

၅.ဦးအုန်းဝင်း………………………….သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး

၆. ဒေါက်တာ ဖေမြင့်…………………..ပြန်ကြားရေ

၇. ဦးသိန်းဆွေ………………………...အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေး

၈.ဦးဝင်းခိုင် …………………………...ဆောက်လုပ်ရေး

၉ .နိုင်သက်လွင် ……………………....တိုင်းရင်းသားရေးရာ 

၁၀.ဒေါက်တာ မြင့်ထွေး …... ………....ကျန်းမာရေး 

၁၁.ဒေါက်တာ သန်းမြင့်…………. …….စီးပွား/ကူးသန်း

၁၂.ဒေါက်တာဝင်းမြတ်အေး…… ……....လူမှုဝန်ထမ်း၊ 

၁၃. ဦးခင်မောင်ချို……………………......စက်မှု

၁၄. ဦးကျော်ဝင်း………………………....ဘဏ္ဏာရေး 

၁၅. ဦးအုန်းမောင် ………………………..ဟိုတယ်ခရီး
၁၆. ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း…………...ကာကွယ်ရေး 

၁၇.ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ………...ပြည်ထဲရေး

၁၈. ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် …………နယ်စပ်ရေးရာ

မှတ်ချက်။ ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၊အခြေခံ ဥပဒေ ခုံရုံး ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ၊ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေး အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ခန်အပ်မည့်သူများနှင့် ၊ရှေ့နေချုပ် ၊ စာရင်းစစ်ချုပ်တို့၏ အမည်များကို သိရှိရပါက ဆက်လက်ဖော်ပြပေးပါမည်။

0 comments:

Post a Comment