
ဟိုင်နီကန်သည် ၂၀၂၀ ခုနှစ်တွင် မြန်မာဘီယာဈေးကွက်တွင် ဦးဆောင်သူဖြစ်လာစေရန် ရည်ရွယ်ထားကြောင်း အာရှပစိဖိတ်ဒေသ အကြီးမားဆုံး ဘီယာဈေးကွက်တွင် ပြည်တွင်းနှင့် နိုင်ငံခြားဖြစ် ဘီယာများကို ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ထားသည်။
“ကျွန်တော်တို့က ဈေးကွက်ကို နောက်ဆုံးမှရောက်လာသူပါ။ လက်ရှိမှာ ကျွန်တော်တို့ နံပါတ် ၅ အဆင့်မှာပဲ ရှိတယ်။ နှစ်စဉ်အဆင့်တခုစီတိုးသွားဖို့ စီစဉ်ထားတယ်။ နောင်နှစ်ဆိုရင် ဈေးကွက်မှာ နံပါတ် ၄ ပြီးတော့ နံပါတ် ၃၊ နံပါတ်၂၊ နောက်ဆုံးဈေးကွက်မှာနံပါတ်၁ ဖြစ်လာရမယ်”ဟု ဟိုင်နီကန် ထုတ်လုပ်ဖြန့်ဖြူးသည့် APB Alliance Brewery မှ မန်နေဂျင်းဒါရိုက်တာ လက်စ်တာတန်က ပြောသည်။
ဒတ်ခ်ျနိုင်ငံထုတ် ဟိုင်နီကန်ဘီယာရောင်းချမှုကို လွန်ခဲ့သော ခြောက်လက စတင်ခဲ့သည်။ လက်ရှိတွင် မြန်မာဘီယာ၊ ဒဂုန်ဘီယာ၊ မန္တလေးဘီယာ၊ ကားလ်စ်ဘာ့ဂ်၊ တူးဘော့ဘီယာတို့နှင့် ပြိုင်ဆိုင်နေရသည်။
၂၀၁၅ ခုနှစ် ကားစ်ဘာ့ဂ်ဘီယာစတင်မထုတ်လုပ်မီက မြန်မာဈေးကွက်တွင် ပြည်တွင်းဖြစ်ဘီယာများ ကြီးစိုးနေသည်။
မြို့ပြဖွဲ့စည်းမှု၊ လူဦရေတိုးပွားလာမှု၊ စီးပွားရေးတိုးချဲ့လာမှုနှင့် လူလတ်တန်းစားတိုးပွားလာမှုတို့ကြောင့် မြန်မာဘီယာဈေးကွက် ကြီးထွားလာကြောင်း မစ္စတာတန်ကပြောသည်။
မြန်မာနိုင်ငံ ဟိုင်နီကန်အတတွက် အရေးပါသောဈးကွက်တခု ဖြစ်ကြာင်း ၎င်းကပြောသည်။ ရန်ကုန် ဟန်နီကန်ဘီယာစက်ရုံကို ဒ်ါလာသန်း ၆၀ ရင်းနှီးမြှုပ်နှံ၍ တည်ဆောက်ခဲ့သည်။ ၎င်းစက်ရုံမှ Heineken, Regal Seven, Tiger, ABC Extra Stout စသော ကုန်အမှတ်တံဆိပ်များ ထုတ်လုပ်နေသည်။
Credit To >>> The Mirror Daily
0 comments:
Post a Comment