Monday, March 21, 2016

အခွန်အများဆုံးထမ်းသည့် စာရင်းတွင် ကမ္ဘောဇဘဏ်နှင့် Denko ထရေးဒင်း ဦးဆောင်

၂၀၁၅-၁၆ ဘဏ္ဍာနှစ် အတွက် အခွန်အများဆုံး ပေးဆောင်သည့် လုပ်ငန်းများမှာ ကမ္ဘောဇဘဏ် လီမိတက်နှင့် Denko Trading ကုမ္ပဏီတို့ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက မတ်လ ၁၈ ရက်၌ထုတ်ပြန်ကြေညာသည်။


ပြည်တွင်းအခွန်များဦးစီးဌာ နက ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ် ငန်းခွန်တွင် အခွန်အများဆုံးထမ်း ဆောင်သည့် လုပ်ငန်းရှင်ဦးရေ တစ်ထောင်စီကို နှစ်စဉ်ကြေညာ ရာ၌ ကမ္ဘောဇဘဏ်က ၀င်ငွေ ခွန်အများဆုံး ထမ်းဆောင်ထား ပြီး Denko ကုမ္ပဏီက ကုန်သွယ် လုပ်ငန်းခွန်အများဆုံးထမ်းဆောင် ထားသည်ဟုဆိုသည်။ ၂၀၁၅- ၁၆ အတွင်း အခွန်အမျိုးအစား နှစ်ခုတွင် အများဆုံးထမ်းဆောင် ခဲ့သည့် လုပ်ငန်းရှင်တစ်ထောင်စီ အနက် ငါးဆယ်စီကို ယခုနှစ် ဘဏ္ဍာနှစ်မကုန်မီ ထုတ်ပြန်ခြင်း ဖြစ်ပြီး ကျန်လုပ်ငန်းရှင် ကိုးရာ့ ငါးဆယ်ဦးကို မတ်လ ၃၁ ရက်၌ ထုတ်ပြန်ကြေညာမည်ဟုဆိုထား သည်။
အဆိုပါလုပ်ငန်းနှစ်ခုသည် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် အခွန်အမျိုးအစား နှစ်ခုစလုံးတွင် ကျပ်သန်း နှစ်သောင်းအထက် အခွန်ဆောင်ထားကြောင်း အဆိုပါဌာနက ထုတ်ပြန်သည့်စာရင်းများ၌ ဖော်ပြထားသည်။
ဝင်ငွေခွန်အများဆုံး ထမ်း ဆောင်ထားသည့် ကမ္ဘောဇဘဏ် လုပ်ငန်းမှာ ပြည်တွင်းလုပ်ငန်းရှင် များအနက် လေးနှစ်ဆက်တိုက် အခွန်အများဆုံး ထမ်းဆောင် ခြင်းဖြစ်သည်။
ကမ္ဘောဇဘဏ်သည်၂၀၁၄- ၁၅ ဘဏ္ဍာနှစ်တွင်လည်း ကျပ် သန်းပေါင်း တစ်ဆယ့်ခုနစ်ဘီလီယံ ကျော်ဖြင့် အခွန်အများဆုံး ထမ်း ဆောင်ခဲ့သည်။
တပ်မတော်ပိုင်မြန်မာ့စီးပွား ရေး ဦးပိုင်လီမိတက်က ၀င်ငွေခွန် ကျပ်သန်း ငါးထောင်နှင့် ကျပ်သန်းတစ်သောင်းကြား အခွန်ဆောင် ထားပြီး ပဉ္စမနေရာတွင် ရှိနေ သည်။ ထို့အပြင် ကုန်သွယ်လုပ် ငန်းခွန်ကို ကျပ်သန်း ငါးထောင် အောက် ဆောင်ထားကာ နံပါတ် ၁၁ နေရာတွင် ရှိသည်။ ရွှေ တောင်ကုမ္ပဏီ၊ MAB ဘဏ်၊ AGD ဘဏ်၊ ပထမပုဂ္ဂလိကဘဏ် နှင့် စီးတီးမတ်တို့က ကျပ်သန်း သုံးထောင်နှင့် နှစ်ထောင်ကြား ၀င်ငွေခွန်ဆောင်ထားကာ ထိပ်တန်းအခွန်ဆောင်စာရင်း၌ ပါဝင်သည်ဟုဆိုထားသည်။
တစ်နိုင်ငံလုံးအတိုင်းအတာ  ဖြင့် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ခွန်နှင့် ၀င်ငွေခွန်အများ ဆုံး ထိပ်တန်းအခွန်ထမ်းခဲ့သည့် တစ်ရာဦးစီ၊၂၀၁၂-၁၃ တွင်ငါးရာ ဦးစီ၊ ၂၀၁၃-၁၄ တွင် ထိပ်တန်း အခွန်ထမ်း တစ်ထောင်စီအထိ ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် အဓိက အ ခွန်ငွေရရှိသည့် လုပ်ငန်းများမှာ ကုမ္ပဏီများဆိုင်ရာ အခွန်ဖြစ်ပြီး အခွန်ရငွေအားလုံး၏ ၄၆ရာခိုင် နှုန်းအထိရှိသည်။ ဒုတိယအများ ဆုံးမှာ နေပြည်တော်ဌာနဆိုင်ရာ များက ပေးဆောင်သော အခွန် ၂၅ ရာခိုင်နှုန်းရှိကာ ရန်ကုန်တိုင်း ဒေသကြီးမှ အခွန် ၂၀ ရာခိုင်နှုန်း နှင့် ကျန်တိုင်းနှင့်ပြည်နယ်များမှ အခွန် ၁၀ ရာခိုင်နှုန်းခန့် ရရှိသည် ဟုဆိုသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment