Monday, March 21, 2016

သင်္ကြန်ကာလတွင် ရန်ကုန်မြို့နယ်အချို့၌ ရေပေးဝေသည့်အချိန်လျှော့မည်

ယခုနှစ်သင်္ကြန်ကာလ တွင် ရန်ကုန်မြို့ရှိ မြို့နယ်အချို့၌ ရေပေးဝေသည့်အချိန်ကိုလျှော့ချပေးဝေမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့်သန့်ရှင်းမှုဌာနမှ သတင်းရရှိသည်။


သင်္ကြန်ရက်များအတွင်း ရန် ကုန်မြို့တွင်းမြို့နယ်များသို့ ပုံမှန် ရေပေးဝေနေကျ အချိန်ထက် လျှော့ချကာ ရေပေးဝေမည် ဖြစ်ပြီး အခြားမြို့နယ်များသို့လည်း ယခင်နှစ်များထက် တစ်နာရီလျှော့ချ၍ ရေပေးဝေမည်ဟု အင်ဂျင်နီယာ(ရေနှင့်သန့်ရှင်းမှု)ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြို့တွင်း မြို့နယ်များဖြစ် သော ကျောက်တံတား၊ ပန်းဘဲ တန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်း၊ ဒဂုံမြို့နယ်များကို နံနက် ၈ နာရီမှ ၁၁ နာရီတစ်ပိုင်း၊ ညနေ ၃ နာရီမှ ၆ နာရီထိတစ်ပိုင်း ပုံမှန် ရေပေးဝေနေကျ အချိန်ထက် လျှော့ချ၍ ပေးဝေမည်ဖြစ်ပြီး အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း မြို့နယ်များကို နံနက် ၈ နာရီမှ ၁၀ နာရီထိသာ ပေးဝေမည် ဖြစ် ကြောင်း အင်ဂျင်နီယာ (ရေနှင့် သန့်ရှင်းမှု)ဌာန ဒုတိယဌာနမှူး ဦးသိန်းမင်းက ပြောသည်။
သင်္ကြန်ကာလတွင် ထိုကဲ့သို့ မြို့နယ်များကို ရေပေးဝေမှုအချိန် များနှင့် ရေပက်ချိန် လျှော့ချခြင်းတို့မှာ အယ်လ်နီညို ရာသီဥတုအတွက် ပြင်ဆင်ခြင်းဖြစ်ပြီး သင်္ကြန်အပြီး၌ ရေပြန်လည်သိုလှောင်ရေးကိစ္စများကို လျင်မြန်စွာ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကျန်မြို့နယ်များကိုမူ ပုံမှန် ရေပေးဝေနေကျ အချိန်ထက် တစ်နာရီလျှော့ချ၍ ပေးဝေမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ‘‘ဒီမြို့နယ်တွေက နှစ်စဉ်ရေပေး ဝေမှုအချိန်ပြောင်းလဲနေကျ မြို့ နယ်တွေပါ။ ဒါပေမဲ့ အရင်နှစ်တွေထက် နာရီအနည်းငယ်လျှော့ချ ပေးဝေသွားနိုင်ခြေရှိပါတယ်’’ဟု ၎င်းက ဆိုသည်။
ယခုနှစ် သင်္ကြန်ကာလ ရေ ကစားချိန်များကို နံနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီ၊ ညနေ ၃ နာရီမှ ၆ နာရီထိ သတ်မှတ်ထားပြီး ယခင်နှစ်များထက် တစ်ရက်လျှင် နှစ်နာရီစီ လျှော့ချထားသည်။
ရေကစားနိုင်ရန် ရေလှောင် ကန်များရှိ ရေပမာဏကို  ယခင်နှစ်များထက် ပိုမိုသိုလှောင်ထားပြီး လှော်ကား၊ ဂျိုးဖြူနှင့် ဖူးကြီး ရေလှောင်ကန်ကြီးများတွင် ၂၀၁၅ ထက် ရေလှောင်ကန်ရေပမာဏ ၅ လက်မခန့်ပိုမို၍ သိုလှောင်ထားကြောင်း အင်ဂျင်နီယာ (ရေနှင့် သန့်ရှင်းမှု) ဌာနမှူး ဦးမြင့်ဦးက ပြောသည်။
ယခုနှစ် ရန်ကုန်သင်္ကြန်တွင် မဏ္ဍပ်များထက်ဝက်ခန့်နည်းပါး ခြင်းနှင့် မဏ္ဍပ်ဈေးနှုန်းများမြင့် တက်နေခြင်းကြောင့် သင်္ကြန်ကာ လပျော်ပါးသူများအနေဖြင့် စိုးရိမ် ပူပန်မှုများရှိနေသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment