Thursday, March 31, 2016

(၂၀၁၅)တွင် ရုရှားလက်နက်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၁၄.၅)ဘီလီယံအထိ ရှိခဲ့


ပီးခဲ့တဲ့(၂၀၁၅)ခုနှစ်က ရုရှားနိုင်ငံရဲ့လက်နက်တင်ပို့မှုတန်ဖိုးဟာ 
အမေရိကန်ဒေါ်လာ(၁၄.၅)ဘီလီယံအထိရှိခဲ့ကာ၊ခန့်မှန်းထားတာထက် 
ပိုမိုများပြားခဲ့တယ်လို့ သမ္မတဗလာဒီမာပူတင်က မတ်လ(၂၉)ရက်နေ့
မှာပြောပါတယ်။

စစ်ဘက်ဆိုင်ရာနည်းပညာပူးပေါင်းဆောင်ရွက်ရေး၊
ရုရှားလက်နက်တင်ပို့မှုဆိုင်ရာကော်မရှင်စည်းဝေးပွဲအတွင်း သမ္မတပူတင်
ကပြောခဲ့တာဖြစ်ပါတယ်။ပြည်ပကနေရုရှားထံစစ်လက်နက်မှာယူတဲ့ အမှာစာရင်းကတော့အမေရိကန်ဒေါ်လာ(၅၆)ဘီလီယံရှိတယ်လို့ ပူတင်
ကဆိုပါတယ်။လက်နက်မှာယူမှုဟာပုံမှန်တိုးတက်နေပြီး၊ကန်ဒေါ်လာ (၂၆)ဘီလီယံတန်ဖိုးရှိတဲ့သဘောတူစာချုပ်တွေမှာလက်မှတ်ရေးထိုးခဲ့
ပြီးဖြစ်တယ်လို့သိရပါတယ်။(၂၀၁၃)ခုနှစ်ကရခဲ့တဲ့အများဆုံးထက်ပိုမို
ကျော်လွန်ခဲ့ကာ၊လက်နက်နဲ့စစ်ဘက်ဆိုင်ရာပစ္စည်းတင်ပို့မှုတန်ဖိုးဟာ
(၁၉၉၂)ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်ဒေါ်လာ(၅၆)ဘီလီယံ
အထိရှိခဲ့တယ်လို့သိရပါတယ်။ရုရှားကာကွယ်ရေးဝန်ကြီးဌာနဟာ
ဆီးရီးယားနိုင်ငံ Palmyra(ပါလ်မိုင်းယား)မြို့ IS လက်မှလွတ်မြောက်
ရေးပြီး၊မိုင်းများရှင်းလင်းရေးလုပ်ဆောင်ချက်များစတင်လုပ်ဆောင်ပြင်
ဆင်ခဲ့တယ်လို့ သမ္မတပူတင်ကပြောကြားခဲ့ကြောင်း ရိုက်တာသတင်း
မှာ ဖော်ပြထားပါတယ်။
Credit To >>> Central News Bureau

0 comments:

Post a Comment