Monday, March 21, 2016

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်များ မြောက်ကိုရီးယားလိုက်နာရန် ဘန်ကီမွန်းတိုက်တွန်း


ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို လေးစားလိုက်နာ ရန်နှင့် တင်းမာမှုဖြစ်ပေါ်ရန် လှုံ့ဆော်ရာရောက်သော လှုပ်ရှားမှုများ ရပ်တန့်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်တွန်းလိုက်ကြောင်း ဒေသ ဆိုင်ရာသတင်းဌာနများက သတင်းထုတ်ပြန်သည်။


မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုအပါအဝင် စစ်ရေး လှုပ်ရှားမှုများကြောင့် တင်းမာမှုများဖြစ်ပေါ်နေရခြင်းနှင့်ပတ်သက်၍ ပြောကြား ရာတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က အထက်ပါအတိုင်း ဖော်ပြသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်များ အပါအဝင် နိုင်ငံတကာက လိုက်နာရမည့် တာဝန်ဝတ္တရားများကို လေးစားလိုက်နာရန် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်က တိုက်တွန်းကြောင်း စတီဖင်ဒူဂျာရစ်က ပြောကြားသည်။ 

Credit To >>> The Mirror Daily

0 comments:

Post a Comment