Monday, March 21, 2016

မြောက်ကိုရီးယားခေါင်းဆောင်စစ်ရေးလေ့ကျင့်မှုတွေကိုစစ်ဆေး


မြောက်ကိုရီးယားခေါင်းဆောင်(Kim Jong Un)ကင်မ်ဂျုံအန်းကစစ်ရေး
လေ့ကျင့်မှုတွေကိုစစ်ဆေးကြည့်ရှုနေတဲ့စတေလ်ဓာတ်ပုံတွေကို နိုင်ငံပိုင်
မီဒီယာKRTကမတ်လ(၂၀)ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။
ဓာတ်ပုံတွေအရခေါင်းဆောင်ကင်မ်ကကိုရီးယားစစ်တပ်(KPA)ရဲ့ကမ်းတက်လေ့ကျင့်
မှုနဲ့တန်ပြန်ချေမှုန်းရေးစစ်ဆင်မှုတွေကိုစစ်ဆေးကြည့်ရှုနေတာတွေ့
ရပါတယ်။ဒါ့အပြင်ကမ်းစပ်ကိုဆိုက်ကပ်လာတဲ့ကမ်းတက်ယာဉ်တွေ၊
ဒုံးကျည်ပစ်ခတ်တာတွေနဲ့ပစ်မှတ်ကိုထိမှန်ပေါက်ကွဲတာတွေကိုသူက
ကြည့်ရှုခဲ့ပါတယ်။ KRT ရဲ့ပြောကြားချက်အရဒီလေ့ကျင့်မှုတွေမှာ KPA ရေတပ်ရဲ့လက်ဖြောင့်တပ်သားတွေနဲ့တိုက်ရေယာဉ်တွေပူးပေါင်း
ပါဝင်သလို KPA လေတပ်၊လေကြောင်းထိုးစစ်တပ်ဖွဲ့နဲ့ KPAရဲ့အမြောက်
တပ်တွေလည်းပါဝင်တယ်လို့သိရပါတယ်။လေ့ကျင့်မှုပြုလုပ်တဲ့အချိန်နဲ့နေရာ
ကိုတော့ KRT သတင်းဌာနကအတိအကျထုတ်ပြန်ခြင်းမရှိခဲ့ကြောင်း ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။
Credit To >>> Central News Bureau

0 comments:

Post a Comment