Tuesday, March 22, 2016

မောင်းမကန်ပင်လယ်ကမ်းခြေသို့ခရီးသွားလည်ပတ်မှုများပြားလာ ပင်လယ်စာရောင်းချသူများ လုပ်ငန်းအဆင်ပြေ


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၏ အထင်ကရ နေရာတစ်ခုဖြစ်သည့် မောင်းမကန်ကမ်းခြေမှာ ပြည်တွင်း ပြည်ပခရီးသွားများ လာရောက်လည်ပတ်မှုများပြားလာသည်နှင့်အမျှ ကမ်းခြေတွင် ပင်လယ်စာရောင်းချနေသော စားသောက်ဆိုင်များ အရောင်းအဝယ်ဖြစ်ကြကာလုပ်ငန်းများ အဆင်ပြေနေကြကြောင်း သိရသည်။


ခရီးသွားဧည့်သည်များမှာ မောင်းမကန်ကမ်းခြေမှ တစ်ဆင့်စက်လှေငယ်များဖြင့် ကျွန်းများကို သွားရောက်လေ့လာကြသည့်အပြင် အပျော်တမ်းငါးမျှား၍ ရရှိလာသော ငါးများကို ကမ်းခြေရှိ ဈေးတွင် ပြန်ရောင်းချပြီး သစ်သီးဝလံများကို ပြန်လည်ဝယ်ယူကြကြောင်းသိရသည်။

လာရောက်လည်ပတ်ကြသည့် ဧည့်သည်များမှာ နှစ်ယောက်တွဲ သုံးယောက်တွဲဖြင့် ပြင်သစ်နှင့် ဂျာမနီနိုင်ငံသားများ ပိုမိုများပြားကြောင်း မောင်းမကန်ကမ်းခြေရှိ အက်စို ပင်လယ်စာရောင်းချနေသူ ဦးအောင်ထွန်းက ပြောသည်။

အဆိုပါ မောင်းမကန်ကမ်းခြေသို့ လာရောက်လည်ပတ်သည့် ပြည်တွင်း ပြည်ပခရီးသွားအများစုမှာ ဥရောပနိုင်ငံသားများ ပိုမိုများပြားလာလျက်ရှိပြီး ပွင့်လင်းရာသီ အားလပ်ရက်တွင် ပြည်တွင်း ပြည်ပမှခရီးသွားများ ပိုမိုလာရောက်လည်ပတ်ကြကြောင်း သိရသည်။ 
Credit To >>> The Mirror Daily

0 comments:

Post a Comment