Monday, March 28, 2016

မလေးရှားစီးပွားရေးသမားထံ စစ်ရေးလျှို့ဝှက်ချက်ပေါက်ကြားမှုဖြင့် အမေရိကန်ရေတပ်အရာရှိတစ်ဦး ထောင်ဒဏ်ချမှတ် ခံရ

ကာကွယ်ရေးလုပ်ငန်းများ ကန်ထရိုက်ရယူလုပ်ကိုင်သည့် မလေးရှားစီးပွားရေးသမားတစ်ဦးထံ စစ်ရေးလျှို့ဝှက်ချက်များ ပေါက်ကြားမှုဖြင့် အမေရိကန်ရေတပ်အရာရှိတစ်ဦး ထောင်ဒဏ် ၄ နှစ်နီးပါးချမှတ်ခံလိုက်ရသည်။

ဒန်နီယယ်လ်ဒူးဆက်ခ်ဟုအမည်ရသော ယင်းအရာရှိသည် စစ်ရေးလျှို့ဝှက်ချက်များကို အဆင့်မြင့်ဟိုတယ်ခန်းများတွင် တည်းခိုခွင့်၊ အပျော်မယ်များဖြင့် ပျော်ပါးခွင့်တို့ဖြင့် အပေးအယူလုပ်လဲလှယ်ခဲ့သဖြင့် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။
ကပ္ပတိန်ဟောင်းတစ်ဦးဖြစ်သော ဒူးဆက်ခ်သည် ထောင်ဒဏ် ၄၆ လအပြင် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၇၀၀၀၀ နှင့် အမေရိကန်ရေတပ်သို့ လျော်ကြေး အမေရိကန်ဒေါ်လာ ၃၀၀၀၀ ပေးရန်လည်းပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။
အမေရိကန်စစ်တပ်သမိုင်းတစ်လျှောက်လာဘ်စားမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသည့် အရာရှိများအနက် ဒူးဆက်ခ်သည် ရာထူးအမြင့်ဆုံးသူလည်း ဖြစ်လာခဲ့သည်။
လက်ရှိအချိန်တွင် အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်သည့် ဒူးဆက်ခ်ပါဝင်နေသည့် ယင်းလာဘ်ပေးလာဘ်ယူမှုတွင် အခြားရေတပ်အရာရှိများလည်း ပါဝင်နေသေးပြီး အမေရိကန်ဒေါ်လာသန်းဆယ်နှင့်ချီသောလာဘ်ပေးမှုလည်း ဖြစ်သည်။
အမေရိကန်ရေတပ်အရာများကို လာဘ်ထိုးခဲ့သည့် စီးပွားရေးသမားမှာ လီယိုနက်ဒ်ဖရန်စစ် ဆိုသူဖြစ်ပြီး စင်္ကာပူအခြေစိုက် ဆိပ်ကမ်းငှားရမ်းသည့်ကုမ္ပဏီတစ်ခုဖြစ်သော Glenn Defence Marine Asia (GDMA) ၏ပိုင်ရှင်ဖြစ်သည်။
လီယိုနက်ဖရန်စစ်သည် ၎င်းကုမ္ပဏီပိုင် ဆိပ်ကမ်းတွင် အမေရိကန်ရေတပ်စစ်သင်္ဘောများဆိုက်ကပ်စေရန်အတွက် ဒူးဆက်ခ်နှင့် အခြားရေတပ်အရာရှိများကို ဟိုတယ်ခန်း၊ အရက် တို့အပြင်အခြားလက်ဆောင်များပေးကာ လာဘ်ထိုးခဲ့ခြင်း ဖြစ်သည်။
လီယိုနက်ဖရန်စစ်၏ GDMA ကုမ္ပဏီသည် ယခုလာဘ်ပေးမှုအပြင် အမေရိကန်ရေတပ်ထံမှ ၂၅ နှစ်တာ ကန်ထရိုက်ရယူ လုပ်ကိုင်ခဲ့စဉ်အတွင်းတွင် အခြားသော မသမာမှုများစွာကိုလည်း ကျူးလွန်ခဲ့သေးကြောင်း စစ်ဆေးတွေ့ရှိထား ရသေးသည်။
၎င်း၏ပြစ်မှုများနှင့်ပတ်သတ်ပြီး အမေရိကန်တရားရုံးတင် ၎င်းကိုရုံးတင်စစ်ဆေးလျှက်ရှိကာ ၎င်းအနေဖြင့် ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်နှင့် များပြားလှသောငွေဒဏ်များ ကျခံရဖွယ်လည်းရှိနေသည်။
လူဝကြီးလီယိုနက်ဟု နာမည်ပြောင်တွင်သော ယင်း မလေးရှားဘီလျံနာသူဌေးကို စစ်ဆေးရာမှာတဆင့် ယခုကဲ့သို့ ဒူးဆက်ခ်ကို ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အခြားသောရေတပ်အရာရှိများကိုလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ် လျှက်ရှိသည်။
Crdit To >>> Mizzima Burmese

0 comments:

Post a Comment