Monday, March 21, 2016

သမိုင်းဝင် ခရီးစဉ်အဖြစ် ကျူးဘားသို့ သမ္မတအိုဘားမား ရောက်ရှိ


စစ်အေးခေတ်ကာလကတည်းက အဆက်အသွယ်ဖြတ်ခဲ့သော ကွန်မြူနစ်နိုင်ငံဖြစ်သော ကျူးဘားသို့ သမိုင်းဝင် အခွင့်အရေးများ ပေးအပ်ရန် ၈၈ နှစ်အတွင်း ပထမဆုံး အမေရိကန်သမ္မတ အဖြစ် အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် တနင်္ဂနွေနေ့တွင် ရောက်ရှိလာခဲ့သည်။
ဟာဗားနား သို့ ရောက်ရှိချိန်တွင် အမေရိကန်သမ္မတက ကျူးဘားနိုင်ငံသားများကို “အဆင်ပြေရဲ့လား ကျူးဘား” ဟု ဒေသခံ ဘာသာစကားဖြင့် ပြောဆိုခဲ့သည်။ ပူနွေးသော နေ့လယ်အချိန်အခါတွင် ရွာသွန်းသော မိုးကိုကာကွယ်ရန် ထီးဆောင်းပြီး သမ္မတ အိုဘားမားနှင့်အတူ ဇနီး မီရှယ်အိုဘားမား၊ သမီးများ ဖြစ်ကြသော ဆာရှာနှင့် မာလီတာတို့သည် Air Force One လေယာဉ်ပေါ်မှ ဆင်းသက်လာခဲ့ကြသည်။ သမ္မတ အိုဘားမားသည် ၁၉၅၉ ခုနှစ်တွင် အမေရိကန်ကထောက်ခံသော ဖူဂျန်စီအို ဘက်တီတာ အစိုးရကို ဖီဒယ် ကက်စရိုက ဖြုတ်ချပြီးနောက် ပိုင်း ကျူးဘားနိုင်ငံသို့ လာရောက်လည်ပတ်သည့် ပထမဆုံး အမေရိကန်ခေါင်းဆောင်ဖြစ်လာခဲ့သည်။ 
Credit To >>> Democracy Today

0 comments:

Post a Comment