Thursday, March 24, 2016

မြောက်ကိုရီးယားဆွေးနွေးပွဲများ ပြုလုပ်ရန် သမ္မတအိုဘားမားကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာမည့်သီတင်းပတ်အတွင်း တွန်းအားပေးမည်


တောင်ရုတ်ပင်လယ်အရေး ထိရှမခံသည့် အခြေအနေတွင် ရောက်ရှိနေသော်လည်း မြောက်ကိုရီးယား နျူးကလီးယားအရေးနှင့် ပက်သက်ပြီး ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အမေရိကန် သမ္မတ ဘားရက်အိုဘားမားကို တရုတ်သမ္မတ ရှီကျင့်ဖျင်က လာမည့်သီတင်းပတ်တွင် တွန်းအားပေးမည်ဖြစ်ကြောင်း အကြီးတန်းသံတမန်တစ်ဦးက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ 


တရုတ်နိုင်ငံ၏ မြောက်ကိုရီးယား၏ အဓိကမဟာမိတ်ဖြစ်သော်လည်း မြောက်ကိုရီးယား၏ နျူးကလီးယား အစီအစဉ်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပြီး ဇန်နဝါရီလအတွင်း ပြုလုပ်ခဲ့သော လေးကြိမ်မြောက် နျူးကလီးယား စမ်းသပ်မှုနှင့် ဆက်တိုက်ပြုလုပ်လာသော ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုများကိုလည်း ဒေါသထွက်ခဲ့သည်။ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုအသစ်များကို တရုတ်နိုင်ငံက လက်မှတ်ရေးထိုး ခဲ့သော်လည်း ပိတ်ဆို့အရေးယူမှုများသည် အဖြေမဟုတ်ကြောင်း ထပ်ခါထပ်ခါ ပြောဆိုခဲ့ပြီး မြောက်ကိုရီးယား လက်နက်အစီအစဉ်အပေါ် အငြင်းပွားမှုများကို ဖြေရှင်းနိုင်မည့် နည်လမ်းမှာ ဆွေးနွေးပွဲများ ပြန်လည်စတင်ရေး သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Credit To >>> Democracy Today

0 comments:

Post a Comment