Tuesday, February 9, 2016

လက်ရှိ တည်ဆဲဥပဒေများ အမှန်တကယ် အာဏာသက်ရောက်မှုရှိ၊မရှိ ပြန်လည်ဆန်းစစ်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယကသစ်ပြောကြား


လက်ရှိတည်ဆဲဥ ပဒေများသည် အမှန်တကယ် လက်တွေ့ကျကျအာဏာသက် ရောက်မှုရှိ၊မရှိဆိုသည့်အချက်ကို ပြန်လည် ဆန်းစစ်ရမည်ဖြစ် ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကသစ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

‘‘ခတ်စနစ်နဲ့ မကိုက်တဲ့ ဥပ ဒေတွေကို ပြင်ဆင်ပယ်ဖျက်ခြင်း ပြုရမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင် ငံနဲ့ နိုင်ငံသားများ အကျိုးစီးပွား ဖြစ်ထွန်းမယ့် ဥပဒေတွေကို ပြ ဋ္ဌာန်းဖို့လိုပါတယ်။ ထုတ်ပြန်ပြ ဋ္ဌာန်းပြီးဖြစ်တဲ့ ဥပဒေများရဲ့ အာ ဏာသက်ရောက်မှုရှိ၊မရှိဆိုတဲ့အ ချက်ကိုလည်း ပြန်လည်ဆန်းစစ်ရ မှာဖြစ်ပါတယ်’’ဟု ပြည်ထောင်စု လွှတ်တော်နာယကကပြောသည်။

ဖေဖော်ဝါရီ ၈ရက်ကစတင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ပထမ နေ့တွင် လွှတ်တော်နာယကက အ မှာစကားပြောကြားရာ၌ အ ထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့သည်။ တည်ဆဲဥပဒေများ၏ သုံးပုံနှစ်ပုံခန့်မှာ သက်ဝင်မှုအားနည်းလျက်ရှိသဖြင့် ပြင်ဆင်ခြင်း၊ ခေတ်နှင့်လျော်ညီစွာ အသစ်ပြဋ္ဌာန်းခြင်းစသည်များကို လုပ် ဆောင်ရန်လိုကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့က ပြော သည်။

‘‘တကယ်သိသာထင်ရှား တာဆို ဆေးလိပ်ဆေးရွက်ကြီးဥပ ဒေပေါ့။ တည်ဆဲဥပဒေအဖြစ်ရှိ နေတာကြာပြီ။ အဲဒီဥပဒေအရတ ကယ်ထိထိရောက်ရောက် လုပ် ရင် ဆေးလိပ်တွေ၊ ကွမ်းတွေ ရောင်းဝယ်တဲ့ကိစ္စ၊ ကျယ်ကျယ် ပြန့်ပြန့်သုံးစွဲနေတဲ့ကိစ္စတွေကို အ ထိုက်အလျောက်တားဆီးသွားနိုင် လိမ့်မယ်။ အဲဒါတွေကို အသက် ၀င်အောင် လုပ်ဖို့လိုတယ်’’ဟု ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တစ်ဦးကပြောသည်။

‘‘ပြည်ထောင်စုလွှတ်တော် က အတည်ပြုလိုက်တဲ့ဥပဒေတိုင်း ဟာ ပုဂ္ဂလိကအကျိုးစီးပွားအဖွဲ့ အစည်းတစ်ခု၊ အကျိုးစီးပွားထက် နိုင်ငံတော်နဲ့ ပြည်သူများရဲ့ အကျိုးစီးပွားကို ဖော်ဆောင်ပေးတဲ့ ဥပဒေများသာဖြစ်ရပါမယ်။ ပါတီ စွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲမထား ဘဲ အစွန်းတရားကင်းစွာဆောင် ရွက်ရမှာဖြစ်ပါတယ်’’ဟု ပြည် ထောင်စုလွှတ်တော်နာယကက အမှာစကား၌ ထည့်သွင်းပြော ကြားသည်။


Credit To >>>> 7Day News Journal

0 comments:

Post a Comment