Tuesday, February 9, 2016

မအောင်မြင်မချင်း အရှုံးခံ ပြေးဆွဲမည်ဟု ရန်ကုန် ဘတ်စ်ကား အများပိုင် ကုမ္ပဏီဥက္ကဋ္ဌပြော


ဘီအာရ်တီ¼လိုက် ဘတ်စ်ကားတစ်စီးကို ထောက်ကြန့်လမ်းဆုံမှတ်တိုင်တွင် ခရီးသည်များ စိတ်ဝင်တစား စောင့်ဆိုင်းနေသည်ကို ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ်။ အောင်ခန့်/ မြန်မာတိုင်း(မ်)
ရန်ကုန်မြို့ရဲ့ ခရီးသည်အတက်အဆင်းများတဲ့ နေရာတွေမှာပဲ ဘတ်စ်ကားမှတ်တိုင်
သတ်မှတ်ထားပြီး မြို့တွင်းနဲ့ မြို့ပြင်ကို တောက်လျှောက်ပြေးဆွဲပေးမယ့် ဘီအာရ်
တီ - လိုက် အမြန်ယာဉ်လိုင်းကို ၂ဝ၁၆ ခုနှစ်၊ဖေဖော်ဝါရီ ၇ ရက်မှာ စတင် ပြေးဆွဲခဲ့ပါတယ်။

''အဆင့် ၁၊ အဆင့် ၂ သတ်မှတ်ပြီး လမ်းကြောင်း ငါးကြောင်း ပြေးဆွဲဖို့ စီစဉ်ထားတယ်။
အခုကတော့ အများဆုံးစီးနင်းကြတဲ့ ထောက်ကြံ့မြို့ကနေ ရန်ကုန်မြို့လယ်အထိ
ပြေးဆွဲတဲ့ အဆင့် ၁၊ လမ်းကြောင်း (၁)ကိုပဲ စတင်ခဲ့ပါတယ်'လို့ ဘီအာရ်တီÝလိုက် အမြန်
ယာဉ်လိုင်းကို အကောင်အထည်ဖော်ခဲ့တဲ့ ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီက
ဥက္ကဋ္ဌဒေါက်တာမောင်အောင်က ပြောပါတယ်။

နိုင်ငံတော်က ကျပ် ၁ဝ ဘီလျံမတည်ပေးထားတဲ့ ဘီအာရ်တီ - လိုက် အမြန်ယာဉ်လိုင်း
မှာ လက်ရှိအချိန်ထိ ပုဂ္ဂလိက ကုမ္ပဏီငါးခုက ရှယ်ယာ ကျပ်သန်း ၅ဝဝ ထည့်ဝင်ထားပါ
တယ်။

''ဆရာတို့ စီမံကိန်းအရ နှစ်နှစ်ကတော့ မမြတ်သေးဘူး။ ပထမ တစ်နှစ်ကတော့
စီးတဲ့သူနည်းဦးမယ်။ မအောင်မြင်မချင်း အရှုံးခံဆွဲသွားမယ်''လို့ ဒေါက်တာ မောင်အောင်က
ဆိုပါတယ်။ဒီယာဉ်လိုင်း မတိုင်မီ အမျိုးသမီးသီးသန့်ယာဉ်လိုင်း ထွက်ပေါ်ခဲ့ဖူးပေမယ့်
အကြောင်းအမျိုးမျိုးကြောင့် တစ်နှစ်ကျော်မှာတင် ပိတ်သိမ်းသွားခဲ့ပါတယ်လို့ သူက
ဆိုပါတယ်။

''အရှုံးခံလုပ်တယ်ဆိုတာ အဓိကကတော့ ကားတွေကျပ်တာကို ချောင်လည် သွားအောင်ပါ။
နိုင်ငံခြားမှာ ဘီအာရ်တီစနစ်က အောင်မြင်တယ်။ အခုကတော့ ကျွန်တော်တို့က အပြည့်အဝ
ဘီအာရ်တီတော့ မဟုတ်သေးဘူး။ စိန်ခေါ်မှုတွေရှိနေ သေးတယ်။ ဒါကြောင့် ဘီအာရ်တီ - လိုက်
လို့ တပ်ထားတာ''လို့ ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ အထွေအထွေ မန်နေဂျာ
ဦးကျော်စိုးလင်းက ဆိုပါတယ်။

ခရီးသည်တစ်ဦးကို ကျပ် ၃ဝဝ ဆိုတာက အတက်အဆင်း ခရီးသည်တွေအတွက်
များတယ်လို့ဆိုနိုင်ပေမယ့် ၂၂ မိုင်လောက်ရှိတဲ့ဂိတ်စ ဂိတ်ဆုံးဆိုရင် သက်သာတယ်လို့
ဆိုနိုင်ပါတယ်။ အစအဆုံးဆိုရင် တစ်နာရီခွဲလောက် ကြာပါတယ်။

''ဘီအာတီစနစ်က ကြိုဆိုရမယ့် စနစ်တခုပါပဲ။ လက်ရှိအချိန်မှာ အောင်မြင်မယ်လို့တော့
မမြင်ဘူး။ ကျပ် ၃ဝဝ စနစ်ဆိုတော့ ရေရှည်ခံနိုင်ရင်တော့ အောင်မြင်မှာပါ။ အဓိကတော့
ယာဉ်ကြောကျပ်တည်းမှုကို မဖြေရှင်းနိုင်သရွေ့တော့ ဘီအာရ်တီ စနစ်လည်း မအောင်မြင်
နိုင်ဘူး။ အများပိုင်စနစ်လည်း မအောင်မြင်နိုင်ဘူး။ ဒီတော့ ယာဉ်လိုင်း ပိုတိုးလာ
တာပဲ ရှိမှာပဲ''လို့ ၄၈ ယာဉ်လိုင်းက ယာဉ်ပိုင်ရှင် ဦးဖိုးကျော်က ပြောပါတယ်။

ဘီအာရ်တီ - လိုက်ရဲ့ မှတ်တိုင်တွေက အခြားလိုင်းက ကားမှတ်တိုင်တွေနဲ့ ကိုက် ၂ဝဝ ကျော်
လောက်ကွာနေတဲ့အတွက် နောက်လိုင်းကားပြောင်းမယ့်သူတွေအတွက် အဆင်မပြေဘူးဆိုတဲ့
ခရီးသည်တွေလည်းရှိပါတယ်။

''သူ့ကားဂိတ်ကို သီးသန့် ကားစီးပြီးသွားရမလိုပါပဲ။ တကယ်လို့ တခြားလိုင်းကားကိုစီးချင်တယ်
ဆိုလည်း အဆင်မပြေဘူး။ သူ့ကားအလာကိုပဲ သီးခြားထိုင်စောင့်ရမယ့် သဘောဖြစ်နေ
တယ်''လို့ ဆယ်မိုင်ကုန်း ကားမှတ်တိုင်တွင် ဘတ်စ်ကားစီးနေကျ မသီတာဦးက ပြောပါတယ်။

အခြားကားဂိတ်တွေနဲ့ နီးကပ်နေရင်လည်း ခရီးသည်လုသလိုဖြစ်မှာ စိုးရိမ်လို့ သီးခြား စီစဉ်ထား
ရတာဖြစ်တယ်လို့ ဒေါက်တာမောင်အောင်က ဆိုပါတယ်။ ဘီအာရ်တီ - လိုက် ယာဉ်လိုင်းက
ဂိတ်မှူး ဦးအောင်ကြည်ကတော့ ကားတွေက တစ်နေကုန် ၁၈ စီးထွက်မှာဖြစ်ပြီး ၁ဝ မိနစ်ကို
တစ်စီးထွက်မှာလို့ပြောပါတယ်။

''ဒီလုပ်ငန်းဟာ နှစ်ရှည်စီမံကိန်းလုပ်မယ့် လုပ်ငန်းသဘောသဘာဝပေါ့၊ ပထမ ခြောက်လ၊
တစ်နှစ်အတွင်းမှာတော့ အကျိုးအမြတ်မရနိုင်ပါဘူး။ အဲဒီတော့ လုပ်ငန်းရှင် တော်တော်
များများကတော့ ရင်းနှီးမြှုပ်နှံဖို့ကို တော်တော်စဉ်းစားပါလိမ့်မယ်။ ဒီစနစ် အောင်မြင်လာဖို့
အဓိကကျတာက ခရီးသွားပြည်သူတွေပူးပေါင်းပါဝင်သင့်တယ်။ ပါဝင်ရင် အဆင်ပြေလာ
ပါလိမ့်မယ်''လို့ ၄၅ အဲကွန်းယာဉ်လိုင်းနှင့် ၄၈ ရွှေပြည်သာ ယာဉ်လိုင်းပိုင်ရှင် ဦးတရုတ်လေးက
ဆိုပါတယ်။

''ဒီထက် မှတ်တိုင်လေးတွေ များများထားပေးရင်တော့ လိုက်ချင်တဲ့ခရီးသည်တွေလည်း
လိုက်လို့ရတာပေါ့။ ဒီစနစ်က ကောင်းပါတယ်။ နောက်ပိုင်း လူတွေသိသွားရင်လည်း စီးကြမှာပါ။
ဒီနေ့ဆို လာပြီးတော့ကို စမ်းစီးတာ၊ နောက်ဆို သမီးလည်း ရှစ်မိုင်နားမှာ ရုံးတက်တော့
အဆင်ပြေနိုင်တယ်''လို့ စတင်ပြေးဆွဲတဲ့နေ့မှာ စီးနင်းလာတဲ့ ထောက်ကြံ့လမ်းဆုံမှာနေထိုင်တဲ့
ဒေါ်သန်းသန်းမြင့်က ပြောပါတယ်။ ဘီအာရ်တီယာဉ်လိုင်းရဲ့ ပြေးဆွဲမှုလမ်းကြောင်းက
ရှည်တာမို့ ယာဉ်ကြောပိတ်ဆို့မှုနဲ့ ကြုံရဖွယ်ရှိနေပြီး သတ်မှတ်ထားတဲ့ ခေါက်ရေပြည့်ဖို့ကတော့
သိပ်မသေချာပါဘူး။

''အဓိကတော့ စည်းကမ်းပါပဲ။ ယာဉ်မောင်းတွေ စည်းကမ်းမရှိရင်တော့ လမ်းကပိတ်မှာပဲ။
အရင်နေ့ အစမ်းမောင်းတဲ့အချိန်ကတင် လေးနာရီလောက်ကြာမယ်ဆိုတော့ သုံးကြောင်း
အထိကတော့ သေချာတယ်။ ဒါတကယ်ဖြစ်သွားရင်တော့ နိုင်ငံတော် ပြောင်းလဲသွားသလို
လိုင်းကားစနစ်လည်း အဆင့်အတန်းမြင့်မြင့် ဖြစ်သွားမယ်လေ။ဦးလေးတို့ကတော့ ကိုယ်က
စတင်ခဲ့တာဆိုတော့ ဂုဏ်လည်းယူတယ်''လို့ ဘီအာရ်တီ - လိုက် ယာဉ်မောင်း ဦးကျော်စွာဝင်း
က ပြောပါတယ်။

ယာဉ်မောင်းတိုင်းကို ဘဏ်စာအုပ်လုပ် ပေးထားပြီး ယာဉ်မောင်းတစ်ဦးရဲ့ လစာထဲက
တစ်သောင်းခွဲနဲ့ ကုမ္ပဏီက တစ်သောင်းခွဲ စုစုပေါင်း သုံးသောင်းကို ဘဏ်စာအုပ်ထဲ လစဉ်
ထည့်မှာ ဖြစ်ပါတယ်။ ယာဉ် မတော်တဆမှုဖြစ်ရင် ဘဏ်စာအုပ်ထဲကနေ အလျော်အစားလုပ်မှာ
ဖြစ်ပြီး အသေးစား ပြင်ဆင် စရိတ်ကိုတော့ ကုမ္ပဏီကပဲ တာဝန်ယူမှာဖြစ်ပါတယ်။

Credit To >>>> မြန်မာ့တိုင်းမ်

0 comments:

Post a Comment