Friday, January 8, 2016

ရန်ကုန်မြို့ တိုင်းရင်းသားကျေးရွာရှိ အလုံပိတ်တဲများ ဖျက်သိမ်း ဖွင့်ခဲ့သည့်ဆိုင်များကို အရေးယူမည်


တိုင်းရင်းသား ကျေးရွာအတွင်းရှိ အလုံပိတ်တဲများ အကြောင်း သတင်းကို ဇန်နဝါရီ ၇ ရက် ထုတ် ဒီမိုကရေစီ တူဒေးသတင်းစာ တွင် ဖော်ပြခဲ့ပြီးနောက် အဆိုပါတဲများ ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းနှင့် ယင်းတဲတို့အား ဖွင့်လှစ်ထား သည့် ဆိုင်များကို အရေးယူသွား မည်ဖြစ် ကြောင်း မွေးမြူရေး ၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီး ဌာန မှ သိရသည်။

ယင်းအလုံပိတ်တဲများကို ပုဂ္ဂလိ က စားသောက်ဆိုင်မြေနေရာတွင် ဖွင့်လှစ်ခဲ့ ရာ ရရှိထားသည့် ဆိုင်များ က ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ် ထားခြင်း ဖြစ်ပြီး စားသောက်ဆိုင်များနောက် တွင်ဖွင့်လှစ်ထားကာ အလုံပိတ်တဲ့ အလုံး၅ဝခန့်ရှိကာ ယင်းတဲများနှင့် ပတ်သက်သည့် သတင်းဖော်ပြခဲ့သည့် ဇန်နဝါရီရရက် နံနက်ပိုင်းတွင် သက် ဆိုင်ရာဝန်ကြီးဌာနက စတင်ဖျက် သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က ''ဒီနေ့စတင်ဖျက်ခိုင်းလိုက်ပါပြီ။ ကျွန်တော်တို့ တိုင်းရင်းသားကျေးရွာ ကနေ ပြန်လာတာ တစ်လကျော်ပဲရှိ ပါသေးတယ်။ စည်းကမ်းမလိုက်နာ တဲ့ဆိုင်တွေကိုလည်း အရေးယူသွား မှာ ဖြစ်ပါတယ်''ဟု ပြောသည်။
တိုင်းရင်းသားကျေးရွာအတွင်း ရှိ စားသောက်ဆိုင်များဖွင့်လှစ်ထား သည့်ဧရိယာကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ယခင် စည်ပင်သာယာရေးဦးစီးဌာန) က ၁၉၉၉ခုနှစ်တွင် ဃြှု ၏ ခွင့်ပြုချက် ဖြင့် နှစ်၃၀ ငှားရမ်းထားခြင်းဖြစ် ကြောင်း သိရသည်။
ဦးခန့်ဇော်က ''ကျွန်တော်တို့ အရင်ကလည်း သုံးကြိမ်တိတိ ဆိုင် တွေ ကိုမကာ ဖို့ စာထုတ်ပေးပြီး သတိ ပေးခဲ့ပါတယ်။ အခုဖြစ်စဉ်နဲ့ပတ်သက် ပြီး စည်းကမ်းများနဲ့အညီ အရေးယူ သွားမှာပါ''ဟု ပြောသည်။
အဆိုပါအလုံပိတ်တဲငယ်လေး များသည် တိုင်းရင်းသားကျေးရွာဝင် ပေါက် ညာဘက်ရှိ စားသောက်ဆိုင် တန်း၏ နောက် ဘက်ချောင်ကျကျ နေ ရာတွင်ရှိနေခြင်းဖြစ်ပြီး ယင်းတဲ များကို သာမန်သွားရောက်လည်ပတ် သူများအနေဖြင့် သိရှိရန်ခက် ခဲကြောင်း၊ အဆိုပါနေရာများ တွင် နေထိုင်နေပါ က ငွေကြေးပိုမိုပေးဆောင်ရကြောင်း အဆိုပါနေရာ များသို့ သွားရောက် လည်ပတ်သူများထံမှ သိရသည်။
ပြည်ထောင်စုတိုင်းရင်းသားကျေး ရွာသည် ရန်ကုန်တိုင်းဒေသကြီး၊ သာ ကေတမြို့နယ်၊ သန်လျင်တံတားကြီး အနီးတွင် ပဲခူးမြစ် ကမ်းနံဘေး အပန်းဖြေ အနားယူစရာအပြင် တိုင်းရင်းသား များ၏ ယဉ်ကျေးမှုနှင့် လူမှုဘဝများ ကိုလေ့လာသည့်နေရာ အဖြစ် ၁၉၉၄ ခုနှစ် ဧပြီလတွင် စီမံကိန်းစတင်ခဲ့ပြီး ဧရိယာအကျယ်အဝန်း ၁၁ရဧကရှိ ပြီး ပြည်ထောင်စု တိုင်းရင်းသားကျေး ရွာတွင် တိုင်းရင်းသားများ၏ ရိုးရာ အိမ်များ တည်ဆောက်ခြင်းနှင့် မြေ ယာရှုခင်းလုပ်ငန်းကို ၂၀၀၂ ခုနှစ် ဖေ ဖော်ဝါရီ၌စတင်ခဲ့ပြီး ယင်းနှစ်ဒီဇင် ဘာလတွင် စတင်ဖွင့် လှစ်ခဲ့ခြင်းဖြစ် သည်။
အဆိုပါတိုင်းရင်းသားကျေးရွာ ကို ပြည်ထောင်စုအတွင်းရှိ တိုင်းရင်း သား လူမျိုးစု ၁၃၅မျိုး၏ ပင်မလူမျိုး စုကြီးရှစ်ခုကို ကိုယ်စားပြု သည့် အ ရွယ်တူ တိုင် ရှစ်တိုင်ကို အခြေပြုပြီး ပြည်ထောင်စုသဏ္ဌာန်မုခ်ဦးကို ကျေး ရွာအဝင်အဝတွင် တည်ဆောက်ထား ပြီး လူမျိုး တစ်မျိုးစီအလိုက် ရိုးရာအိမ် နှင့် ဒေသရှိထင်ရှားသော အထိမ်း အမှတ်များနှင့် အမှတ်တရ ပစ္စည်းအ ရောင်းဆိုင်များကို ဖွင့်လှစ်ထားသဖြင့် ရန်ကုန်မြို့၏ အထင်ကရ လည်ပတ် ဖွယ်ရာနေရာတစ်ခုလည်းဖြစ်သည်။ လာရောက်လည်ပတ် သည့် ပြည်သူ များမှာလည်း ဖွင့်လှစ်ထားသည့် ရည်ရွယ်ချက်များနှင့်အညီ စည်းကမ်း လိုက်နာရန်လိုအပ်သည်။

Credit to >>> Mirror Daily

0 comments:

Post a Comment