Friday, January 8, 2016

KIA ရင်း (၂၆) မှ ဒေသခံတောင်သူများအပေါ် ထက်ဝက်ခန့်ဈေးနှိမ်၍ ဆန်အိတ်များ ၀ယ်ယူသွား ကြောင်း သိရှိရ


KIA တပ်မဟာ(၂) လက်အောက်ခံ ရင်း (၂၆) လှုပ်ရှားနယ်မြေဖြစ်သော အင်းတော်ကြီးဒေသ အတွင်း မိုင်းထောင်မှုများ၊ ဆက်ကြေးကောက်မှုများ၊ မတရားအနိုင်ကျင့် မတရားခြိမ်းခြောက်မှုများ ခေါင်းပုံဖြတ်မှုများ များပြားလာကြောင်း အင်းတော်ကြီးဒေသခံများထံမှ သိရှိရပါသည်။

အဆိုပါ KIA ရင်း (၂၆) မှ ရင်းမှူးအဆင့်ရှိသူမှ တပ်ခွဲမှူးအဆင့်ရှိသူ နှစ်ဦးအား ၎င်းတို့၏ တပ်ရင်းအတွက် ဒေသထွက်ဆန်များစုဆောင်းထားရန် တာဝန်ပေးသောကြောင့် ၎င်းတပ်ခွဲမှူးများမှ အင်းတော်ကြီးဒေသတစ်ဝိုက်ရှိ ဆန်အိတ်များကို ရွာသူ/ရွာသားများထံ တန်ရာတန်ကြေး ပေးမ၀ယ်ပဲ ၎င်းတို့ပေးသည့် ဈေးအတိုင်းရောင်းရန် ခြိမ်းခြောက်ပြောဆိုကာ ကျေးရွာလူကြီးများမှတဆင့် ပြောခိုင်း ထားသည်ဟု ကြားသိရပါသည်။
အင်းတော်ကြီး ဒေသခံပြည်သူများ၏ ပြောကြားချက်များအရ “ကျွန်တော်တို့မှာ ဒီနှစ် စပါးကလည်း သိပ်မထွက်ဘူး ဒါ့ကြောင့် အရင်နှစ်တွေကလို ဆန်မရောင်းနိုင်ဘူး ကျွန်တော်တို့ စားဖို့ လောက်ပဲ လှောင်ထားတာရှိတာ အဲဒါကို သူတို့က ဆန်တစ်အိတ်ကို ၁၅၀၀၀ ပဲပေးတယ် အပြင်မှာ ပေါက်ဈေးက ၂၅၀၀၀ ရှိတယ် မရောင်းရင် ပြဿနာရှာခံရအုံးမယ်” ဟု ဆိုသည်။
KIA ကချင်သောင်းကျန်းသူများသည် မိုင်းထောင်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူသစ် ဆွဲခြင်းများကို တစ်စထက်တစ်စ ပိုမိုဆိုးရွား သောင်းကျန်းလာပြီး ရှမ်း၊ ဗမာနှင့် ရခိုင်လူမျိုးများအပြင် ၎င်းတို့၏ လူမျိုးများကိုပါမချန် နှိပ်စက် ဒုက္ခပေးလာကြောင်း တွေ့မြင်နေရပါသည်။

Credit to >>> Mirror Daily

0 comments:

Post a Comment