Friday, January 8, 2016

တာမွေ Y ပုံသဏ္ဍန် ခုံးကျော်တံတား (၄)လမ်းသွားအပိုင်း သင်္ကြန်မတိုင်ခင် ဖွင့်လှစ်မည်


တာမွေလမ်းဆုံ Y ခုံးကျော်တံတားတည်ဆောက်ရေး၏ အပိုင်း (၁)ဖြစ်သည့် (၄)လမ်းသွားအပိုင်းအား ၂၀၁၆ ခုနှစ် သင်္ကြန်မတိုင်ခင် ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆိုပါ ခုံးကျော်တံတား စီမံကိန်းအင်ဂျင်နီယာ ဦးစိန်ဝင်းကNewsWatch ဂျာနယ်သို့ ပြောသည်။

တာမွေလမ်းဆုံ Y ခုံးကျော်တံတားတည်ဆောက်ရေးကို အပိုင်း (၁)အဖြစ် ၂၈၇၅ ပေအရှည်ရှိ သော ဗညားဒလလမ်းမှ ဦးချစ်မောင်လမ်းအတိုင်း ၂လမ်းမောင်း (၄)လမ်းသွား နှင့် အပိုင်း (၂) အဖြစ် (၁၉၇၁ )ပေအရှည်ရှိသော Y ပုံသဏ္ဍန်းလမ်းဆုံမှ အရှေ့မြင်းပြိုင်ကွင်းလမ်းသို့ ၁ လမ်းမောင်း (၂)လမ်းသွားအဖြစ် စုစုပေါင်း ၄၈၄၆ ပေအဖြစ်တည်ဆောက်နေခြင်းဖြစ်ကြောင်း၎င်းကပြောသည်။
“ လေးလမ်းသွား အပိုင်းက ၅၀ ရာခိုင်နှုန်းပြီးနေပြီ။
က်ာလံတိုင် (၁၇)နဲ့ ကန့်လန့်ဖြတ် ယက္မ ၉ ခုပြီးနေပြီ။သံမဏီသံဘောင် ၆ခန်းစာအတွက်လည်းရောက်နေပါပြီ။ဇန်န၀ါရီ ဒုတိယအပတ်မှာ တပ်ဆင်မှာပါ။သင်္ကြန်မတိုင်ခင် ဖွင့်နိုင်ပါပြီ။အဲဒီအတွက် ဒီမတ်လ ၃၁ ရက်နေ့ကို အပြီး ကြိုးစားပြီးတည်ဆောက်နေပါတယ်။
အပိုင်း ၁ ပြီးတာနဲ့ လမ်းအသုံးပြုလို့ရသွားပြီ။ချဉ်းကပ်လမ်း၊ ချဉ်းကပ်တံတားတို့ကလည်း ၃၀ ရာခိုင်နှုန်းပြီးစီးနေပါပြီ။အပိုင်း ၂ ကလည်း Bored Pile လုပ်ငန်းပြီးနေပြီ။ ကျန်တဲ့ အပိုင်း ၂ ကတော့ ဇွန်လလောက်မှ ပြီးမှာပါ။” ဟု ဦးစိန်ဝင်းကပြောသည်။
ယင်းခုံကျော်တံတား အပိုင်း (၁)ဆောက်ရွက်ပြီးစီးပါက တံတားပေါ်တွင် ယာဉ်သွားလမ်းဖွင့်လှစ်ပေးပြီး ကျန်ရှိသည့် အပိုင်း (၂)ဆက်လက်ဆောင်ရွက်မည်ဟုသိရသည်။ အဆိုပါစီမံကိန်းအား တင်ဒါအဆိုပြုစဉ်အခါက တံတားအပိုင်း ( ၁ )တည်ဆောက်မှုကာလအား (၁၀) လ နှင့် အပိုင်း (၂) တည်ဆောက်မှုကာလအား (၆) လ စုစုပေါင်း ၁၆ လဖြင့် အပြီးတည်ဆောက်ရန် လျာထားတင်ပြခဲ့ကြောင်း ၄င်းကပြောသည်။
ယင်းခုံးကျော်တံတား တိုင်းတာရေးအား ၁၀.၈.၂၀၁၅မှစတင်ခဲ့ပြီး မြေစမ်းသပ်ခြင်းလုပ်ငန်း၊မြေအောက်ရေပိုက်လိုင်းများ၊ မြေ အောက်လျှပ်စစ်ဓါတ်အားလိုင်းများနှင့် ဆက်သွယ်ရေးကြိုးများတည်နေရာ ရှာဖွေသတ်မှတ်ခြင်းလုပ်ငန်းများကို ၁၁.၈.၂၀၁၅ နေ့တွင်စတင်ခဲ့ကြောင်းနှင့် တည်ဆောက်ရေးလုပ်ငန်းအား ၁၀.၁၀.၂၀၁၅ခုနှစ်စတင်ခဲ့ကြောင်း ဦးစိန်ဝင်းကပြောသည်။
လက်ရှိတည်ဆောက်နေသော တာမွေ Y ပုံသဏ္ဍန် ခုံးကျော်တံတားအားShwe Taung Development Co.,Ltd မှ တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ပြီး တည်ဆောက်ရေးအတွက် ၂၂.၅ ဘီလျံ အကုန်အ ကျခံတည် ဆောက်နေခြင်း ဖြစ်ကြောင်း သိရ ဖြစ်သည်။
ထိုပြင် ကုက္ကိုင်းလမ်းဆုံတွင် Capital Development Co.,Ltd မှတာဝန်ယူကာ ကျပ်ငွေ ၁၃.၉၇ဘီလျှံသုံးစွဲကာ တည်ဆောက်နေသော ခုံးကျော်တံတားအား ၂၀၁၆ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့)တွင်ဖွင့်လှစ်နိုင်မည်ဟူ၍ လည်းကောင်း၊ ၈မိုင် လမ်းဆုံတွင် Crown Advanced Construction Co.,Ltd မှ တာဝန်ယူကာ ငွေကျပ် ၁၅.၈ဘီလျှံအကုန် အကျခံတည် ဆောက်နေသော ခုံးကျော်တံတားအား ၂၀၁၆ မတ်လ ၃၁ ရက်နေ အပြီး တည်ဆောက်မည်ဟူ၍လည်းကောင်းရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၌ ဒီဇင် ဘာ ၉ ရက်နေ့က ပြုလုပ်သော ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်ပြီးစီးခဲ့သော ခုံး ကျော်တံတားများနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းကုမ္ပဏီမှ တာဝန်ရှိသူများကပြောဆိုထားသည်။

Credit to >>> Mirror Daily

0 comments:

Post a Comment