Monday, January 18, 2016

ကမ္ဘာ့ဘဏ် အကူအညီဖြင့်ဆောင်ရွက်ရန် အိုင်စီတီဆိုင်ရာ ကိစ္စရပ်အများစုပါဝင်

ကမ္ဘာ့ဘဏ် အကူအညီဖြင့် ဆောင်ရွက်ရန် အိုင်စီတီဆိုင်ရာကိစ္စရပ် အများစုပါဝင်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။

“ကမ္ဘာ့ဘဏ်က ၃၁.၅ မီလီယံ ဒေါ်လာ အိုင်စီတီကဏ္ဍ တစ်ခုလုံးအတွက် အကူအညီပေးဖို့ ရှိပြီးသားပါ။ အဲဒီအထဲက ခေါင်းစဉ်တွေ အများကြီးပေါ့။ အခု Law ဆွဲတာရှိတယ်။ ပြီးတော့ ကျွန်တော်တို့ကို Training ပေးထားတာရှိတယ်။ Expert တွေ ငှားပေးထားတာရှိတယ်” ဟုပြောကြားသည်။

အဆိုပါပမာဏအား လက်ရှိအချိန်တွင် အနည်းငယ်သာသုံးစွဲရသေးကြောင်း၊ မြန်မာနိုင်ငံ၏ အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေသော ဆောင် ရွက်ချက်များတွင် သုံးစွဲသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။ လက်ရှိတွင် ဥပဒေရေးဆွဲခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါငွေပမာဏအား အကောင်အထည်ဖော် ဆောင်ရွက်မည့် ခေါင်းစဉ်တစ်ခုချင်းအလိုက် သုံးစွဲရာတွင် ထည့်သွင်းပေးခြင်းပုံစံဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆိုသည်။

“၃၁.၅သန်းက အခုတောင် ကျွန်တော်တို့ အဲလောက်မသုံးရသေးဘူး။ အဲဒါတွေက ကျွန်တော်တို့ လက်ထဲထည့်ထားတာ မဟုတ်ဘူး။ လုပ်မယ့်ခေါင်းစဉ် တစ်ခုချင်းအတွက် တင်ဒါခေါ်တယ်။ အဲ့ဒီတစ်ခုချင်းအပေါ်မှာ ပိုက်ဆံကို သုံးသုံး သွားတာပေါ့” ဟု ဆက်လက်ပြောကြားသည်။

ကမ္ဘာ့ဘဏ်အကူအညီဖြင့် ဆောင်ရွက်မည့် လုပ်ငန်းအချို့အားလည်း ပူးပေါင်းဆောင်ရွက်ရန် လက်ရှိတွင် တင်ဒါခ်ါထားသည်ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် တွေ့ရသည်။

“လုပ်မယ့်ဟာတွေက အများကြီးပဲ။ e Government လည်း ပါသေးတယ်။ ICT Master Plan လည်း ပါတယ်။ ဥပဒေတွေအပိုင်းလည်း ရှိတယ်။ အခု Regulation တွေ ထွက်ပြီးတာ လေးခုလောက်ရှိတယ်။ အဲ့ဒါတွေအားလုံး သူတို့ကူညီနေတာချည်းပဲ။ ကျွန်တော်တို့ Specturm RoadMap ထွက်မယ်။ တောက်လျှောက်တော့ သွားနေတာပဲ။ နောက်ပရောဂျက်တွေဆိုလည်း တချို့ဟာတွေက အကြီးကြီး၊ တချို့ဟာတွေက သေးတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။


Credit To >>>> Internet Journal

0 comments:

Post a Comment