Tuesday, December 17, 2013

ဒေါ်အောင်ဆန်းစုကြည် အသေးစားခွဲစိတ်မှု နှစ်ပတ်အကြာတွင် ပုံမှန်လှုပ်ရှားနိုင်မည်

ဒေါ်အောင်ဆန်းစုကြည်၏ ခြေနှစ်ဘက်စလုံးကို ဒီဇင်ဘာ ၁၆ ရက်က အာရှတော်ဝင်ဆေးရုံတွင် အသေး စားခွဲစိတ်မှု ပြုလုပ်ရာ အောင်မြင်သည့်အတွက် နှစ်ပတ်မှ သုံးပတ်အကြာတွင် ပုံမှန်အတိုင်း ခရီးများ ပြန် ထွက်နိုင်မည်ဟု သူမ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက ပြောသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၁၆ ရက် နံနက် ၆ နာရီတွင် အာရှတော်ဝင်ဆေးရုံသို့ တက်ရောက်ကာ ၇ နာရီတွင် ခွဲစိတ်ခန်းသို့ စ၀င်သည်။ နံနက် ၇း၃၀ နာရီတွင် ခွဲစိတ်မှုစတင်ကာ နံနက် ၉ နာရီတွင် ခွဲစိတ်မှုပြီးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခွဲစိတ်မှု အစအဆုံးတွင် ထုံဆေးကိုသာ အသုံးပြုပြီး ခွဲစိတ်ခဲ့သည်။ ရောဂါအ မည်မှာ Bunion ဖြစ်ကာ ခြေမအစစ်နှင့် ခြေဖ၀ါး ဆက်ထားသောနေရာတွင် ခြေချောင်းအချင်းချင်း အ တွင်းသို့ ယိုင်သွားသည့်အခါ နာသောနေရာကို ခွဲစိတ်ရခြင်းဖြစ်သည်။

“အခုဒါက အသေးစားခွဲစိတ်မှု ဒါပေမယ့် လမ်းလျှောက်ရင်နာတယ်ဆိုတော့ အန်တီက မြန်မြန်ပဲ ခွဲလိုက် ပါဆိုတော့ ဒီနေ့ခွဲတဲ့သဘောပါပဲ။ ခွဲပြီးတဲ့အခါမှာလဲ နာခြင်းကျင်ခြင်း ပြဿနာ ဘာမှမရှိပါဘူး”ဟု ဒီဇင်ဘာ ၁၆ ရက် အာရှတော်ဝင်ဆေးရုံတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာတင်မျိုးဝင်း က ပြောသည်။

ဆေးရုံဆင်းရမည့်အချိန်ကိုမူ အတိအကျ မသိနိုင်သေးဘဲ ခွဲစိတ်ပေးသည့် ဆရာဝန်များ ခွင့်ပြုချက်ရမှသာ ဆင်းရမည် ဖြစ်သည်။ တစ်ပတ်နှင့် ၁၀ ရက်အကြာတွင် ချုပ်ရိုးဖြေမည်ဖြစ်သည့်အတွက် သွားလာ၍ ရနိုင်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ်က အကြီးစားခွဲစိတ်မှု တစ်ကြိမ်လုပ်ခဲ့ပြီး ထိုအချိန်က ဒေါက်တာတင်မျိုးဝင်းနှင့်အတူ သားဖွားမီးယပ်ဆရာဝန်ကြီးတစ်ဦးတို့က အာရှတော်ဝင်ဆေးရုံမှာပင် ခွဲစိတ်မှုပြု လုပ်ခဲ့သည်။

Mizzima - News in Burmese

0 comments:

Post a Comment