ဒေါက်တာ ခင်မောင်ညွန့်သည် ၂၀၁၀ ပြည့်နှစ်မှစ၍ အင်ဒိုနီးရှား နိုင်ငံ
ဂျကာတာရှိ အာဆီယံအ တွင်းရေးမှူးရုံး၌ အာဆီယံ - သြစတြေးလျ
ဖွံ့ဖြိုးတိုးတက်မှုပူး ပေါင်းဆောင်ရွက်ရေးအစီအစဉ် အဆင့်(၂)၏
အကြီးတန်းစီးပွား ရေးပညာရှင် ဖြစ်သည်။
ဆစ်ဒနီတက္ကသိုလ်မှ
စီးပွားရေးပါရဂူဘွဲ့ရရှိထားပြီး ကန်းဘရစ်ခ်ျတက္ကသိုလ်မှ
ဘဏ္ဍာရေးဆိုင်ရာမာစတာဘွဲ့ ရရှိထားသည်။ ထိုင်းနိုင်ငံ
ချူလာလောင်ကွန်းတက္ကသိုလ်နှင့် အာဆီယံစီးပွားရေးယူနစ်တို့တွင်
လုပ်ကိုင်ခဲ့သလိုအရှေ့တောင် အာရှနိုင်ငံများတွင် စီးပွားရေးဆိုင်ရာ
အကြံပေးအဖြစ် လုပ်ကိုင်ခဲ့ သည်။
၎င်းသည် ၂၀၀၉ တွင် Ex-change Rate Pass Through Under Firms' Capacity
Com-mitment : Theoretical andEmpirical Analyses အမည်ရှိစာအုပ်ကို
ယူအက်စ်၊ ယူကေနှင့် ဂျာမနီတို့တွင် ထုတ်ဝေခဲ့သည်။ ၂၀၁၆ ဇန်န၀ါရီ၁၁၊ ၁၂ ရက်က
ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ‘စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
ပုံစံအသစ်လိုအပ်နေသော ၂၀၁၅ အလွန် မြန်မာနိုင်ငံသစ်’ အမည်ရှိ
ဖိုရမ်ကိုကျင်းပရာ ဒေါက်တာခင်မောင်ညွန့် ပါဝင်ဆွေးနွေးခဲ့သည်။
ဒေါက်တာခင်မောင်ညွန့်နှင့် တွေ့ဆုံ မေးမြန်းခဲ့သည့်များအနက် အချို့ကို
ကောက်နုတ်ဖော်ပြလိုက်ပါသည်။
အခု AEC (အာဆီယံစီးပွား ရေးအသိုက်အ၀န်း) ကစပြီး အသက်ဝင်လာနေပြီဆိုတော့ ဒီအတွက် မြန်မာကအဆင်သင့်ဖြစ်နေပြီလား။
အဆင်သင့်ဖြစ်တာက တော့ AEC ပြောချက်အရ ၉၀ ရာခိုင်နှုန်းက ဖြစ်နေပြီ။
သို့သော် ကျန်တဲ့အပိုင်းတွေကတော့ မတွေ့သေးဘူး။ အဆင်သင့်ဖြစ်မှု မရှိသေးဘူး။
ဥပမာ National Single Window (NSW) စတဲ့ ဟာတွေက အကောင်အထည်
မဖော်ရသေးတဲ့အတွက်ပေါ့။ တခြားကုန်သွယ်မှုတို့၊ ရင်းနှီးမြှုပ် နှံမှုတို့တော့
အဆင်သင့် ဖြစ်ပြီ ပေါ့။
အာဆီယံအနေနဲ့ ဥရောပ သမဂ္ဂကို စိုက်ပျိုးသီးနှံ ဆန်တင်
သွင်းချင်နေတယ်လို့ သိရပါ တယ်။ ဒါပေမဲ့ လယ်ယာမြေ ပြဿနာ ကင်းရှင်းရမယ်ဆိုတဲ့
အီးယူစံသတ်မှတ်ချက်ရှိနေပြီး မြန်မာမှာ လယ်ယာမြေပြဿနာ ကြီးကြီးမားမား
ရှိနေတော့ အာ ဆီယံနဲ့ အီးယူချိတ်ဆက်ဖို့ရာမှာ မြန်မာက အဟန့်အတား၊
ဝန်ထုပ်ဝန်ပိုးများ ဖြစ်နေသလား။
အာဆီယံက ထုတ်ကုန်ဆို ပြီး အာဆီယံ Brand လုပ်ကြ မယ်။ အဲဒီလိုလုပ်ကြဖို့
အာဆီယံ က စိုက်ပျိုးရေးကလုပ်ရမယ်။ အဲ ဒီလို လုပ်ဖို့ရာမှာ ပုဂ္ဂလိက ကဏ္ဍ က
လုပ်ရမယ်။ ပုဂ္ဂလိက ကဏ္ဍ က မမီသေးဘူး။ အဲဒီအတွက်ပါ။ အာဆီယံတစ်ခုလုံးအနေနဲ့
ကြည့် ရင်တော့ ၀င်နိုင်တဲ့အသင်းက စ၀င်၊ ကုမ္ပဏီက စ၀င်ပေါ့။ အဲဒီ လိုလုပ်ဖို့
ရှိတယ်။ မြန်မာက အဲဒီ လိုလုပ်ပေးနိုင်လို့ရှိရင် အာဆီယံ ထုတ်ကုန်မှာဆိုရင်
ကိုယ်ကအ လိုအလျောက် ပါသွားတာပေါ့။ အာဆီယံ ထုတ်ကုန်အနေနဲ့
မြန်မာထုတ်ကုန်ရယ်လို့ မဟုတ် တော့ဘူး။
အစိုးရသစ်အနေနဲ့ ရင်ဆိုင် ရမယ့် စီးပွားရေးဆိုင်ရာ အဓိက စိန်ခေါ်ချက်က ဘာတွေရှိနေပါ သလဲ။
စီးပွားရေးမှာ လောလော ဆယ် ရှိနေတဲ့ ဥပဒေတွေမှာ ဘယ်လိုမျိုး
ထိထိရောက်ရောက် ဖြစ်အောင် အကောင်အထည် ဖော်မလဲ။ လိုအပ်တဲ့ အင်စတီ
ကျူးရှင်းတွေ ဖွဲ့ရမယ်။ အင်စတီ ကျူးရှင်းမျိုးရှိမှ သူ့ရဲ့ ပေါ်လစီကို
အကောင်အထည်ဖော်နိုင်မှာ။ ကြည့်ရတွေ့ရတာတော့ မြန်မာ ပြည်မှာ အကောင်အထည်ဖော်
နိုင်မယ့် အင်စတီကျူးရှင်းက နည်းပုံရတယ်။ နည်းပုံရတဲ့အပြင် တစ်
ခုနဲ့တစ်ခုကလည်း ညှိနှိုင်းမှုနည်း ပုံရတယ်။ အကောင်အထည် မဖော်ဘူး။
နောက်အစိုးရလုပ်ရ မှာ အဲဒါပဲ။ အဲဒီလို ပြန့်ကျဲနေတဲ့ ဥပဒေမျိုးနဲ့
စီးပွားရေးစီမံကိန်း တွေရှိရင် အဲဒါကို စုစည်းပြီးတော့ ညှိနှိုင်း
အဖြေရှာရင် ဒါဟာထွက် ပေါက်ပါပဲ။
အခုလုပ်သွားတဲ့ ဖိုရမ်မှာဆို ရင် စီးပွားရေးပညာရှင်တွေကြား
ထဲမှာ တချို့က ပြုပြင်ပြောင်းလဲ မှုနဲ့ ပါရာဒိုင်းအသစ်ကို ဆွေးနွေးကြတယ်။
တချို့က အကုန်လျှောက်ပြောင်းစရာမလိုသလို ပါရာဒိုင်း အသစ် မလိုချင်ဘူးလို့
ပြောကြ တယ်။ တချို့ကျတော့ တစ်သက် လုံး စနစ်အမျိုးမျိုး ပြောင်းနေပြီး
နိုင်ငံက ဘာမှလည်း အဖြစ်မရှိ ဘူးဆိုတာမျိုး ပြောကြတယ်။ ဆရာ့အနေနဲ့ကော
ဒီစီးပွားရေး ကဏ္ဍကို ဘယ်လိုလုပ်သင့်တယ် လို့ မြင်ပါသလဲ။
အပြောင်းအလဲဆိုတာက ဈေးကွက်စီးပွားရေးမှာ လိုအပ် တဲ့
လက္ခဏာတွေရှိအောင် ပြောင်းတာပေါ့လေ။ လက်ရှိ ရှိ ပြီးသား ဥပဒေတွေက ဆိုရှယ်
လစ်ဥပဒေတွေဆိုတော့ ဘောင် မ၀င်ကြဘူး။ ဒါကြောင့်မို့ ဒီလိုမျိုး ဥပဒေတွေ
ရှိနေခဲ့လို့ရှိရင် ဈေး ကွက်နဲ့ ဈေးနှုန်းယန္တရားကို ထိခိုက်တယ်။
အဲဒီလိုမျိုး မပြောင်းရသေးဘူးဆိုရင် ပြောင်းရမယ်။ အားလုံးပြောင်းမလား၊
နည်းနည်း ပြောင်းမလားဆိုတာမှာ တချို့ဆို ရင် ပြောင်းပြီးသားဖြစ်နေပြီ။ ဥပမာ
တယ်လီကွန်းဆိုလို့ရှိရင် ပုဂ္ဂလိက ကုမ္ပဏီတွေကို ချပေး နေပြီ။ အဲဒီလို
ပြောင်းပြီးသားဆို ရင် ပြောင်းစရာ မလိုတော့ဘူး။ ပြောင်းဖို့လိုတယ်လို့
ပြောနေတဲ့ ဟာက ဘာလဲဆိုတော့ ဈေးကွက် အဟန့်အတားနဲ့ မကိုက်ညီတဲ့ ဥပဒေတွေ၊
အဖွဲ့အစည်းတွေကို ပြောင်းရမယ်။ ဈေးကွက်စီးပွား ရေးကို အထောက်အကူဖြစ်
အောင်၊ တချို့က အဲဒါကို သဘောမပေါက်လို့ ဖြစ်လိမ့်မယ်။ တချို့က
အရင်ပြောင်းဖူးပြီးပြီ။ ဘာမှ မဖြစ်ဘူးဆိုတာ ရှိတယ်။ သို့သော်
ဟိုတုန်းကပြောင်းတဲ့ဟာတွေက အရေးပေါ်ပြောင်းတာမျိုး၊ ဘာမှ အစီအစဉ်မရှိဘဲနဲ့
ပြောင်းဆိုလို့ ပြောင်းပြတာမျိုးလောက် ဖြစ်လို့ ရှိရင်တော့ မထူးဘူးလေ။ ဟို
တုန်းကရှိတဲ့ ပြောင်းတယ်ဆိုတာ က အဲဒီလိုပြောင်းတာမျိုး ဖြစ်နိုင် ပါတယ်။
ပြောင်းတယ်ဆိုတာက လိုအပ်တဲ့ အတိုင်းအတာတစ်ခု ထိ ပြောင်းတယ်ဆိုလို့ရှိရင်
အောင်မြင်တယ်။ ဟိုတုန်းက ပြောင်းပြီးပြီ။ အခုထပ်ပြောင်းရ မလားဆိုတာမှာ
အရင်ကပြောင်း တာ မပြည့်စုံတဲ့အတွက် အ ကောင်အထည်ဖော်မယ့် အဖွဲ့အ
စည်းမရှိဘူးဆိုလို့ရှိရင် ထပ် ပြောင်းဖို့ လိုတယ်။ ဟိုတုန်းက ပြောင်းတာက
ဘယ်လောက်ထိ ပြောင်းတာလဲ၊ ဘယ်လောက်ထိ ရောက်လဲဆိုတဲ့အပေါ် မူတည် တယ်။
အစိုးရသစ်ဖြစ်လာမယ့် NLD ကလည်း စီးပွားရေးပေါ်လ စီဆွဲထားတယ်။
လက်ရှိ အစိုးရနဲ့ လာမယ့်အစိုးရသစ်ရဲ့ ပေါ်လစီ တွေကြားမှာ အချိန်အဆက်ရှိရဲ့
လား။ လုံးလုံးကွာခြားလာတာ တွေ့မိပါသလား။
ပေါ်လစီအနေနဲ့ကတော့ တချို့အရေးကြီးတဲ့ ပေါ်လစီတွေ က ပြောင်းနိုင်တယ်။
ဥပမာဆိုပါ တော့ ဘဏ်၊ မက်ခရိုအီကိုနော မစ်ပေါ်လစီ၊
စီမံခန့်ခွဲမှုဆိုလို့ရှိရင် NLD က နည်းနည်းအဲဒါတွေကို စိတ်ဝင်စားတယ်။
ဘာလို့လဲဆို တော့ Exchange Rate အပြောင်း အလဲ ဖြစ်နေတော့ နည်းနည်း လည်း
မတည်ငြိမ်ဘူးဆိုတဲ့ သဘောရှိတယ်။ အဲဒါကို တည် ငြိမ်တဲ့ဈေးကွက်ဖြစ်အောင်
သူတို့ အနေနဲ့စပြီး လုပ်လာနိုင်တယ်။ ဘယ်ကစမလဲဆိုတော့ မက်ခရို
အီကိုနောမစ်ပေါ်လစီက စမယ်။ ဟိုတုန်းကလည်း မရှိဘူးလားဆို တော့ ဟိုတုန်းကလည်း
ရှိတယ်။ သို့သော်လည်း ရှိတဲ့ဟာက ဘယ် လိုနည်းနဲ့ ထိရောက်မလဲဆိုတဲ့ ဟာက
မူတည်တယ်။ NLD ပေါ်လစီက တိုက်ရိုက်ကြီးမတူဘူး။ ဘာလို့လဲဆိုတော့ သူတို့က သက်
သက် ဒီဇိုင်းလုပ်ထားတာရှိတယ်။ ဒုတိယတစ်ချက်က ဆောင်ရွက် ပုံမှာလည်း
တူမှာမဟုတ်ဘူး။ လက်ရှိဆောင်ရွက်ပုံက ထိ ရောက်မှု မရှိဘူးလို့ မြင်တယ် လေ။
ထိရောက်တဲ့နည်းလမ်းနဲ့ အုပ်ချုပ်မှုက သူတို့မှာရှိနေတော့
တခြားနိုင်ငံတွေလည်း ရှိနေတော့ အကောင်အထည်ဖော်မှုမှာတော့ တော်တော်ကွာမယ်။
ပေါ်လစီ ချင်းလည်း တူမှာမဟုတ်ဘူး။ သူ တို့က နိုင်ငံရေးရည်ရွယ်ချက်ကို
အဓိကမထားဘဲ စီးပွားရေးရည် ရွယ်ချက်၊ စီးပွားရေးတည်ငြိမ်မှု ကို
ရည်ရွယ်ချက်ထားထားတယ်။
စီးပွားရေးပြုပြင်ပြောင်းလဲ ကြရမှာ မူဝါဒနှစ်မျိုးပေါ့။ အမြန်
ရုတ်ခြည်းတိုးတက်အောင် ရှော့ခ် ရိုက်ကုထုံး Big Band ချဉ်းကပ် နည်းရယ်၊
ဖြည်းဖြည်းချင်း ညှိပြီး အင်စတီကျူးရှင်းဆိုင်ရာ ပြောင်း လဲတဲ့
ချဉ်းကပ်နည်းရယ်ဆိုပြီး နှစ်မျိုးရှိတဲ့နေရာမှာ မြန်မာက
ဘယ်ပုံစံကိုသုံးနေတယ်လို့ ပြော လို့ရမလဲ။
တိုက်ရိုက်ကြီး မတူသော် လည်း Big Bang ပေါ့။ ဘာဖြစ် လို့လဲဆိုတော့
သူကပြောင်းပြီဆို တာကို ပြချင်တဲ့ သဘောရှိတယ်။ ရုတ်တရက် ပြောင်းတာက အ
ကောင်အထည်ဖော်မယ့် ၀န်ထမ်း တွေ ချက်ချင်းလိုက်နိုင်တဲ့ ပုံ မပေါ်ဘူး။
ဒါကြောင့်မို့လို့ အ ကောင်အထည်ဖော်တယ်။ နှေး တယ်၊ မပြီးဘူးဆိုတာမျိုးတွေ
ပေါ်လာတာပေါ့။ နိုင်ငံရေးအား ဖြင့် Show Off ခေါ်တာပေါ့။ ငါတို့
ပြောင်းနေပြီဆိုတာကို ပြ ချင်တဲ့ပုံပေါ်တယ်။ တကယ်တမ်း ပြောင်းတာမျိုး
မဖြစ်တဲ့အတွက် ကြောင့်မို့လို့ လူထုယုံကြည်မှုနည်းသွားမယ်ပုံ ရှိတယ်။ ဒါ
ကြောင့်မို့လို့ ဘာပဲလုပ်လုပ် Framework (မူဘောင်)ချပြီး စနစ်တကျ
ပြောင်းဖို့လိုတယ်။ ဖြစ်လာတာကြာပြီဆိုတော့ ဒါကို ပြောင်းဖို့ခက်တယ်လေ။ အဲဒီ
တော့ စနစ်တကျ မလုပ်ဘဲနဲ့ ပြောင်းလို့မရဘူး။ ၀ါဒဖြန့်ရုံနဲ့
ပြောင်းမယ်ဆိုရုံနဲ့တော့ မရဘူး။
Big Bang ချဉ်းကပ်နည်းကို သုံးရင် နိုင်ငံအတွက်၊ လူထုအတွက်ဘယ်လိုသက်ရောက်မှု ရှိလာမလဲ။
အဲဒါကတော့ ပထမတစ် ချက်တော့ Big Bang ထဲမှာ အစိုး ရစက်ရုံတွေကို
လူထုကိုဘယ်လို ခွဲမလဲဆိုတဲ့အပေါ်မှာ မူတည် တယ်။ ရောင်းချတာခေါ်တာပေါ့
Privatized လုပ်ပေးရမယ်။ အဲဒီ လို မရောင်းခင်မှာ Competition Policy
ဆိုတာရှိရမယ်။ အဲဒီလို ရှိရင်ပြန်ပြီး မှန်မှန်ကန်ကန် အ လုပ်လုပ်မယ့်
လူလက်ထဲကို ရောက်မယ်။ စက်ရုံရောင်းရင် အဲဒီလူက အလုပ်လုပ်မှာ ဖြစ်တဲ့အ တွက်
ပစ္စည်းထွက်မယ်။ ပေါ်လစီ မရှိဘဲရောင်းရင် ပြန်ရောင်းစား မယ့်
လူ့အခွင့်အရေးလိုချင်တဲ့ လူ လက်ထဲရောက်မယ်။ အဲဒါ ကြောင့် Big Bang
ပဲပြောပြော Gradual Adjustment Insti-tutional ပဲ ပြောပြော အရေးကြီးတာက
အဲဒါတွေ ပြောင်းဖို့လိုတာပါပဲ။
မြန်မာနိုင်ငံမှာ ခေတ်အ ဆက်ဆက် အစိုးရရယ်။
စစ်တပ်နဲ့ရင်းနှီးတဲ့သူ ခရိုနီတွေရယ်ပဲ
ခြယ်လှယ်ကြီးပွားချမ်းသာနေကြပြီးအောက်ခြေလူထုက ဆင်းရဲနေကြတယ်။ လာမယ့်
အစိုးရသစ်လက်ထက်မှာ State-Business ဆက်ဆံရေးကို ဘယ်လိုကိုင်တွယ်သင့်ပါသလဲ။
သူတို့ကတော့ Rule of Law ဥပဒေအတိုင်း သွားလိမ့်မယ်။ ပထမတစ်ခုကတော့
Competition Law ဆိုတာနဲ့ သွားလိမ့်မယ်။ အ များနဲ့အတူတူ ပြိုင်လုပ်၊ အများ
နဲ့အတူတူ ရောင်း။ ခရိုနီရယ်၊ ဘာရယ် မဟုတ်တော့ဘဲ အကုန်လုံး။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေဆို ရင် နိုင်ငံခြားသားရော၊ ပြည်တွင်း
ရော အတူတူပဲ။ ဘယ်သူ့ကိုမှ မခွဲ ခြားဘူး။ အဲဒီဥပဒေအတိုင်း သွား မယ်ဆိုရင်
အတူတူ တစ်တန်း တည်းသွားမယ်ပေါ့။
သို့သော်လည်း ခရိုနီနဲ့ပတ်သက်လို့ စံ သတ်မှတ်ချက်က ဘယ်ပေါ်မူ
တည်ပြီးသွားမလဲဆိုတာ မသိဘူး။ ဥပမာ-အခွန်ကောက်မယ်ဆိုလို့ရှိရင် ဘယ်သူ့ကိုမှ
မခွဲခြားဘူးဆိုတဲ့သဘော။ သို့သော်လည်း တစ်ဖက်က အခက်အခဲရှိနိုင်တာတွေ၊
ဥပမာ-အခွန်ကောက်မယ်ဆိုရင်သူ့မှာပစ္စည်း ဘယ်လောက်ရှိလဲဆိုတာ ကြေညာဖို့လိုမယ်။
အဲဒီမှာ ကြေညာနိုင်မယ့်လူရှိမယ်။မကြေညာနိုင် မယ့်လူရှိမယ်။ အဲဒီအပေါ်
အကောင်အထည်ဖော်တဲ့အခါမှာ အခက်အခဲရှိနိုင်တာပေါ့။ သို့သော်လည်း NLD လုပ်မယ့်
ဥပ ဒေအတိုင်း အကောင်အထည် ဖော်ရမယ့် လုပ်ထုံးလုပ်နည်း ပြု ပြင်ပြောင်းလဲမှု
လုပ်ရမယ့်ဟာ လေးတွေ လုပ်သွားနိုင်တယ်။ ခရိုနီနဲ့ပတ်သက်လို့လည်း NLD က
ထုတ်မယ့်ပေါ်လစီတွေနဲ့ ညီညွတ်မှုရှိအောင် ဆက်လုပ်မယ်ဆိုရင်တော့
ခွင့်ပြုသွားလိမ့်မယ်။ နောက်တစ်ဆင့်က အဲဒါပေါ့။ လောလောဆယ် တစ်ဆင့်က တော့
စီးပွားရေးလမ်းမှန် ပွင့်သွား အောင်က စလိမ့်မယ်။
အခွန်ပြဿနာ၊ လယ်ယာ မြေပြဿနာ၊ လယ်ယာသိမ်း ထားသူတွေ ဒါတွေနဲ့ပတ်သက် လို့ NLD က ဘယ်လိုကိုင်တွယ် သင့်ပါသလဲ။
လယ်ယာမြေကတော့ လယ်ယာမြေချထားရေး ဥပဒေ ဆိုတာ သူတို့လုပ်နေကြတယ်လို့
ကြားတယ်။ သူတို့ပိုင်တဲ့ လယ် မြေပေါ် ဘယ်လောက်ကြာပြီး၊ ဘယ်လောက်နဲ့
တန်ဖိုးဖြတ်မယ်။ အဲဒီလိုမျိုးတွေရှိတော့ အဲဒီဟာ တွေ ဘယ်လောက်ခိုင်မာလဲ၊
ဘယ်လောက်အတည်ပြုပြီးသွား ပြီးလဲ ဆိုတာပေါ်မူတည်တယ်။ လယ်ယာမြေချထားရေးက
ဥပဒေအတိုင်းချထားဖို့လိုတော့ အဲဒီဥပဒေက လိုတယ်။ အရင်က မရှိခဲ့ဖူးဘူး။
ဒါကတော့ ဆက်လုပ်သွားရမယ်။ ဒါမှသာ တရားဝင်ကင်း ရှင်းတဲ့ လုပ်ငန်း၊
ဥပမာ-အီးယူကိုပို့မယ်ဆိုရင် ဒီကုမ္ပဏီက မြေကြီးက တရားဝင်ဥပဒေနဲ့ ပိုင်
ထားတာလား။ ဒါမှမဟုတ် မတရားသိမ်းယူထားတာလား။ ဒါမှမဟုတ် ဥပဒေနဲ့ လိမ်ထားတာ
ဆိုရင်လည်း အဲဒီလူက နိုင်ငံခြားကို ပို့လို့မရဘူး။ အီးယူမား ကတ်ကို
ပို့လို့မရဘူး။ အဲဒီတော့ မြန်မာပြည်ကလည်း ဥပဒေက လုပ်ရမယ်။ ဘယ်လိုအတိုင်း
အတာထိ ဖြစ်လာမလဲဆိုတာက ညှိရမယ့်သဘောရှိတယ်။ အ ပေးအယူခေါ်တာပေါ့။
ရှုံးတဲ့သူရှိ မယ်။ နိုင်တဲ့သူရှိမယ်။ အဲဒီအပေါ် မှာ ညှိနှိုင်းရမယ်။ ဘယ်လောက်
လျော်ကြေးပေးမလဲဆိုရင် လျော်ကြေးကနည်းရင်လည်း မဖြစ် ဘူး။ များလည်း
မပေးနိုင်ဘူး။ ဒါကို ဘယ်လိုနည်းနဲ့ ဖြေရှင်းမလဲ ဆိုတာ လိုတာပေါ့။
မြန်မာစီးပွားရေးကဏ္ဍမှာ အရက်၊ ဘီယာကအစ ကျောက်သံပတ္တမြားအထိ
အကုန်လုံးမှာ ဦးပိုင်နဲ့ MECတို့က ကျယ်ကျယ် ပြန့်ပြန့် လက်ဝါးကြီးအုပ်
လုပ်ကိုင်နေတော့ တပ်မတော်နဲ့ ဘယ်လိုအပေးအယူတွေ လုပ်လာရနိုင်မလဲ။
တပ်မတော်က အခုသူတို့ လည်း လက်ခံထားတာက ဖွဲ့စည်းပုံ အခြေခံဥပဒေအရ
ရွေးကောက် တဲ့သူကို လက်ခံရမယ်ဆိုတာ။ အဲ ဒါကတော့ သူတို့ညှိနှိုင်းပြီး
ဖြစ်မှာ ပါ။ သို့သော် ဦးပိုင်ရဲ့ စီးပွားရေး ကို ဘယ်လိုလုပ်မလဲဆိုတော့
စောစောပိုင်းက ဖြစ်သွားတဲ့အရှိန် ကြောင့် ဖြစ်မှာပေါ့။ နောက်ပိုင်း
ကျလို့ရှိရင်တော့ တပ်မတော်က လည်း သူ့ဟာသူ သဘောပေါက် လာမှာပါ။
သူလုပ်ရမယ့်အလုပ် က နိုင်ငံတော်ကို ထိထိရောက် ရောက် ကာကွယ်ဖို့၊
တခြားနိုင်ငံ တွေနဲ့ ရင်ပေါင်တန်းပြီး စစ်ရေး အဆင့်မြှင့်ဖို့၊
အဲဒါတွေလုပ်လာ တဲ့အခါကျရင်တော့ သူတို့စီးပွား ရေးလုပ်နိုင်မှာ မဟုတ်ဘူး။
ဟို တုန်းကတော့ ပိုက်ဆံရှိမှ ဂုဏ်ရှိ တယ်ထင်ခဲ့တာကိုး။
အခုကတော့ရာထူးရှိတဲ့သူ ကိုယ့်ဟာကို ဂုဏ် ယူလာတဲ့အခါ စစ်တပ်ကလည်း သူ့ဟာသူ
ဂုဏ်ယူလာလိမ့်မယ် လို့ ထင်တယ်။ နောက်တစ်ခုက အရင်းရှင်နိုင်ငံတွေမှာ
Specia-lization ခေါ်တာပေါ့။ ကိုယ်လုပ်တဲ့ဟာမှာ ကျွမ်းကျင်ရင်
လူစွမ်းကောင်းဖြစ်တာပေါ့။ တပ်မတော်ကလည်း အဲဒါမျိုးလုပ်လာမယ်လို့ ထင်တယ်။
စီးပွားရေးလုပ်ချင်တဲ့ တပ်မတော်သားတွေရှိရင် အလုပ်ထွက်လုပ်လိုက်။ ဟိုတုန်းက
မရှိတာက လမ်းကြောင်းမရှိလို့၊ ထွက်ပေါက်မရှိလို့။
တပ်မတော်က စီးပွားရေး လုပ်ငန်းတွေမှာ ပါဝင်မှုရှိတာ၊
လယ်ယာကိစ္စတွေမှာ ပတ်သက် နေတာတွေက နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ
ဝင်မလာရဲတဲ့ အဟန့်အတားတစ်ခု ဖြစ်နေသလား။
တခြားနိုင်ငံမှာလည်း ရှိ တယ်။ အင်ဒိုနီးရှားမှာလည်း ဟို တုန်းက
အဲဒီလိုဖြစ်ခဲ့တာဆိုတော့ အခုပြင်ဖို့ လုပ်နေကြတယ်။ တပ်မတော်ကလည်း
သူ့ရည်ရွယ်ချက် က ဖြေရှင်းပေးဖို့ဆိုလို့ရှိရင် သူ လိုအပ်တဲ့ ပမာဏာအတိုင်းအ
တာ၊ သူတို့နေရာ ချထားဖို့လိုအပ် တဲ့နေရာ အကျယ်အ၀န်း ရှိနိုင်တယ်။
အဲဒီအပေါ်မှာ အလွဲ သုံးစားလုပ်တာလည်း ရှိနိုင်တယ်။ မှန် မှန်ကန်ကန်နဲ့ စနစ်က
ပုံစံကျ သွားရင်တော့ ဒီဟာပြေလည် သွားမှာပါ။ တပ်မတော်ကလည်း လုပ်ပြ။
နိုင်ငံရေးဘက်ကလည်း တပ်မတော်ကို ကြိုက်လို့လည်း မဟုတ်၊ မကြိုက်လို့လည်း
မဟုတ်၊ နိုင်ငံတကာဥပဒေအရ လုပ်ရမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု
ဝင်လာအောင်အတွက် လုပ်တဲ့ အခါကျရင် နှစ်ဦးနှစ်ဖက် နား
လည်မှုရှိသွားနိုင်တယ်။
အင်ဒိုနီးရှားနဲ့ မြန်မာက တူညီတာမျိုးရှိတော့ မြန်မာက နမူနာယူသင့်တဲ့ အင်ဒိုနီးရှားနဲ့ ဥပမာကောင်းကို ပြောပါဆိုရင် ဘာများဖြစ်မလဲ။
အင်ဒိုနီးရှားက စီးပွားရေး ဆန်ဆန် သုံးလာနိုင်တဲ့သဘော ရှိတယ်။
ဥပမာဆိုလို့ရှိရင် ဟို တုန်းက နိုင်ငံရေးအရ အထောက် အပံ့ပေးတဲ့
ပေါ်လစီသုံးတယ်။ ဘာလဲဆိုတော့ ဓာတ်ဆီဈေးဆို ရင် ပြည်သူလူထုဈေးတက်မှာ
စိုးလို့ အစိုးရက ထောက်ပံ့ကြေး ပေးထားတယ်။ ဓာတ်ဆီရောင်း
တဲ့ကုမ္ပဏီကြီးတွေကို တစ်နှစ်ကို သန်းဘယ်လောက် ပေးမယ်၊ ဓာတ်
ဆီရောင်းတဲ့ဆိုင်ကြီးတွေ က ဒီဈေးနဲ့ရောင်း။ အဲဒါကိုအခုနောက်ဆုံး အစိုးရကကျ
တော့ အဲဒါတွေဟာ စီးပွားရေးကိုအထောက်အကူ မဖြစ်ဘူးဆိုပြီးပြောင်းတယ်။
ပြောင်းတဲ့ဟာတွေ က ဈေးကွက်စီးပွားရေးဆန်ဆန် လုပ်လာနိုင်တယ်။
မြန်မာနိုင်ငံမှာ လည်း နိုင်ငံရေးကို မကြည့်ဘဲနဲ့ စီးပွားရေးကို
ဈေးကွက်ဆန်ဆန် လုပ်နိုင်ရင် ကောင်းမယ်။
အစိုးရသစ်ကို ဘာများ အကြံဉာဏ်ပေးချင်ပါသလဲ။
သူတို့လည်း အခုလေ့လာ နေတဲ့အတွက် သင်ခန်းစာယူနိုင် မှာပါ။
လွှဲယူတဲ့နေရာမှာ ဒီအ တိုင်းလွှဲယူတာမျိုး မဟုတ်ဘဲနဲ့ ဘာကြောင့်
ဒီလိုဖြစ်သွားတာလဲ ဆိုတာကို လေ့လာရင် အဲဒီအပေါ် မှာ အခွင့်အရေးယူလို့ရမယ်။
ဒုတိယတစ်ခုက ရှိပြီးသား ပေါ်လ စီတွေမှာ လက်ရှိအစိုးရက လုပ် ကြည့်ပြီးသားလား။
လုပ်ကြည့်ပြီး မအောင်မြင်တာလား၊ ဘာ ကြောင့် မအောင်မြင်လဲ၊ မှားနေ လား၊
အကောင်အထည်မဖော် ရသေးဘူးလား။ လုပ်ငန်းစဉ် ဘယ်လိုရှိလဲ၊ ပြုပြင်ပြောင်းလဲမှု
လုပ်၊ မလုပ်ဆိုတာမှာ ပထမလူ ဘယ်လောက် လုပ်၊ မလုပ်အပေါ် မှာ ကြည့်ဖို့လိုတယ်။
နောက်တစ် ပိုင်းကတော့ အာဆီယံနဲ့လည်း ပေါင်းထားတော့ မန်ဘာဖြစ်နေ တယ်။
အရင်ကတော့ လူကို ကြည့်နေရင် မူကိုပြောင်းလို့ မရ ဘူးဖြစ်နေတယ်။ NLD ကကျ
တော့ ပေါ်လစီပဲ ကြည့်မှာဆို တော့ သူလုပ်တာ မအောင်မြင် တာကို
ငါလုပ်ရငအောင်မြင် တယ်ဆိုတာလည်း ဖြစ်နိုင်တယ်။ ပြုပြင်ပြောင်းလဲတာချင်းတူပေ
မယ့် အကောင်အထည်ဖော်တာ ခြင်း မတူဘူးလေ။
Credit to >>> 7 Day Daily
Wednesday, January 13, 2016
‘‘နောက်အစိုးရလုပ်ရမှာကလည်း ပြန့်ကျဲနေတဲ့ ဥပဒေတွေနဲ့ စီးပွားရေးစီမံကိန်းတွေရှိရင် စုစည်းပြီးတော့ ညှိနှိုင်းအဖြေရှာရင် ဒါဟာထွက်ပေါက်ပါပဲ’’
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment