Monday, January 18, 2016

အစိုးရသစ်က ငြိမ်းချမ်းရေးကို အပြည့်အဝဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း ချင်းအမျိုးသားတပ်ဦးပြော


အစိုးရသစ်က ငြိမ်းချမ်းရေးကို အပြည့်အဝဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း ချင်းအမျိုးသားတပ်ဦး အဓိပတိကောင်စီဝင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။
ပထမအကြိမ်ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆ ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက် အထိ ၅ ရက်ကြာ နေပြည်တော်တွင် ပြုလုပ်ခဲ့သည်။

ညီလာခံအပြီးတွင် ပြည် ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်း ရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါက်တာဆာခေါင်းက ‘‘NLD အစိုးရအနေနဲ့ သူတို့အာဏာရ လာလို့ တိုင်းပြည်ဖွံ့ဖြိုးဖို့ ဆောင် ရွက်တဲ့အခါမှာ ငြိမ်းချမ်းရေးဖြစ် စဉ်ကို အပြည့်အဝဆောင်ရွက် မယ်ဆိုတဲ့ရည်ရွယ်ချက် အပြည့် အဝရှိပါတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ သူတို့အနေနဲ့ တိုင်း ပြည်ရဲ့လိုအပ်ချက်အရ ဒီငြိမ်း ချမ်းရေးကို ဆက်ပြီးတော့ ဆောင်ရွက်မယ်လို့ ကျွန်တော်တို့အနေနဲ့ မျှော်လင့်ယုံကြည်ပါတယ်’’ဟု ပြောသည်။


ထို့အပြင် ဒီချုပ်ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်နှင့် ဒီဇင်ဘာ တွင် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်များ လက်တွေ့ဆက်လက် ဆောင်ရွက်ရန် ကိစ္စရပ်များဆွေး နွေးခဲ့ကြကြောင်း ၎င်းကဆိုသည်။

‘‘ဘယ်သူပဲ အစိုးရတက်လာ တက်လာ တက်လာတဲ့အစိုးရက ကျွန်တော်တို့ငြိမ်းချမ်းရေးဖြစ်စဉ် ကို ဆက်လက်ပြီးတော့ ဆောင် ရွက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲမတိုင်ခင်မှာ ကျွန် တော်တို့လက်မှတ်ထိုးခဲ့တာပဲဖြစ် ပါတယ်။ နောက်တစ်ခု လက်မှတ်ထိုးထားတဲ့အဖွဲ့နဲ့ လက်မှတ်မထိုး သေးတဲ့အဖွဲ့တွေကြားမှာ ပူး ပေါင်းဆောင်ရွက်နိုင်မယ်။ သူတို့ အနေနဲ့ အမြန်ဆုံးလက်မှတ်လာ ထိုးရေးကိစ္စတွေကိုလည်း လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရမှာ တာ ဝန်ရှိနေတဲ့ ပုဂ္ဂိုလ်တွေကိုလည်း မေတ္တာရပ်ခံသလို NLD အနေနဲ့ ဆောင်ရွက်ပေးဖို့ကိုလည်း ကူညီ ပံ့ပိုးရင်းနဲ့ မေတ္တာရပ်ခံချင်ပါ တယ်။ အဲ့ဒီအတွက်ကြောင့် လာ မယ့်ညီလာခံမှာဆိုရင် လက်မှတ် မထိုးသေးတဲ့အဖွဲ့တွေ အားလုံး ပါလာနိုင်လိမ့်မယ်လို့ ကျွန်တော် တို့အများကြီးမျှော်လင့်ပါတယ်’’ ဟု ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းက ပြောသည်။

ချင်းအမျိုးသားတပ်ဦးသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့သည့်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ရှစ် ဖွဲ့တွင် ပါဝင်သည်။

Credit to >>> 7Day News Journal

0 comments:

Post a Comment