Tuesday, January 19, 2016

သမ္မတဦးသိန်းစိန်နဲ့ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့ ဘာတွေကို အဓိက ဆွေးနွေးခဲ့သလဲ


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဇန်န၀ါရီလ ၁၈ ရက်နေ့ နေပြည်တော်တွင် လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် -
- ရွေးကောက်ပွဲလွန်ကာလ တည်ငြိမ်အေးချမ်းရေးနှင့် အစိုးရအဖွဲ့ လုပ်ငန်းတာဝန်များ စနစ်တကျ လွှဲပြောင်းပေးရေး ဆောင်ရွက်နေမှုများ၊
- ထာဝရငြိမ်းချမ်းရေး အတွက် ကြိုးပမ်းဆောင်ရွက်နေမှု နှင့်
- နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်နိုင်ရန်အတွက် ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ဆွေးနွေးမှုတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာအန်တိုနီ ဘလင်ကန်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လက်ထက်တွင် ဆောင်ရွက်ခဲ့သည့် -
- နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးဆောင်ရွက်မှု၊
- ထာဝရ ငြိမ်းချမ်းရေး ရရှိရန် အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်မှုနှင့်
- လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်မှုများ အပေါ် အမေရိကန်ပြည်ထောင်စုက အသိအမှတ်ပြု ချီးကျူးကြောင်း ပြောကြားခဲ့ပြီး
အနာဂတ်ကာလတွင်လည်း မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Credit To >>> Irrawaddy News 

0 comments:

Post a Comment