Monday, December 28, 2015

ရေနံဈေးနှုန်းတွေ ၂၀၂၀ပြည့်နှစ်မှာ တစ်စည်ကို ဒေါ်လာ ၇၀ထိ ပြန်ဖြစ်လာမယ်လို့ OPEC က မျှော်လင့်


ရေနံဈေးနှုန်းတွေ ၂၀၂၀ပြည့်နှစ်မှာ တစ်စည်ကို ဒေါ်လာ ၇၀ထိ
ပြန်ဖြစ်လာမယ်လို့ OPEC က မျှော်လင့်ကြောင်း ထုတ်ပြန်ထားပါတယ်။

ရေနံထုတ်လုပ်တဲ့နိုင်ငံတွေ စုဖွဲ့ထားတဲ့ ဒီအဖွဲ့က ရေနံဈေးနှုန်းတွေ
နောက်နှစ်မှာ ပြန်လည်မြင့်တက်လာနိုင်ပြီး၊ ရေနံရှာဖွေတဲ့ ကုန်ကျ
စရိတ်တွေမြင့်တက်လာလို့ ရေနံဈေးနှုန်းလည်းမြင့်တက်လာနိုင်လို့
ဆိုပါတယ်။

ရေနံဈေးနှုန်းတွေက ၂၀၁၄ခုနှစ်က နွေရာသီက တစ်စည်ကိုဒေါ်လာ
၁၁၀ကျော်ခဲ့ရာမှကျဆင်းခဲ့ပြီး၊ အခုတစ်စည်ကို ၃၇ဒေါ်လာထိ ကျဆင်း
သွားပါတယ်။အိုပက်အဖွဲ့ရဲ့ ရေနံထုတ်လုပ်မှုကလဲ ၂၀၂၀ပြည့်နှစ်မှာ
ဈေးကွက်ဝေစုကျဆင်းသွားဖွယ်ရှိပြီး၊ ပြိုင်ဘက်ရေနံထုတ်လုပ်တဲ့နိုင်ငံ
တွေကထင်ထားတာထက် ပိုမိုထုတ်လုပ်နိုင်လို့ ဖြစ်ပါတယ်။ အိုပက်အဖွဲ့က
လောလောဆယ်ကမ္ဘာ့ရေနံထုတ်လုပ်မှုရဲ့ ၃၀ရာခိုင်နှုန်းကျော်ရှိပြီး၊ ၁၉၇၀
ပြည့်နှစ်မှာဆို၅၀ရာခိုင်နှုန်းထိ ရှိခဲ့ပါတယ်။

အမေရိကန်မှာ ရေနံထုတ်လုပ်မှုတိုးမြှင့်လာခြင်းကလဲရေနံဈေးနှုန်းကျဆင်း
ရတဲ့အကြောင်းရင်းတစ်ခုဖြစ်ပြီး၊ ၁၁နှစ်အတွင်းရေနံဈေးနှုန်းတွေ အနိမ့်ဆုံး
ဖြစ်ခဲ့ရပါတယ်။လာမယ့်နှစ်ကစပြီး၊ ရေနံထုတ်လုပ်မှုတွေ အမေရိကန်မှာ
လျော့ကျသွားမယ်လို့

အိုပက်အဖွဲ့က မျှော်လင့်နေပါတယ်။ ရေနံထုတ်လုပ်သူတွေက
ရေနံဈေးနှုန်းတွေကျဆင်းနေတာလို့ ထုတ်လုပ်မှုစရိတ်ကာမိဖို့
မနည်းလုပ်ဆောင်နေရပါတယ်။

Credit To >>> SFJ News

0 comments:

Post a Comment